ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အဖွဲ့ဝင် ၁၀ဦးဖြင့် ဖွဲ့စည်း
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အဖွဲ့ဝင် ၁၀ ဦးဖြင့် မတ် ၃၀ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယ သမ္မတ(၁)၊ အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သသမား၊ လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ညှိုနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)တို့ပါဝင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အတွင်းရေးမှူးများအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များသည် မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားနေသည့် CoVID-19 ရောဂါပိုးကူးစက်နေသူများနှင့်အနီးကပ်ထိတွေ့သူများအားလုံးကို ရောဂါလက္ခဏာပြသသည်အထိ စောင့်ဆိုင်းခြင်း မပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံးစစ်ဆေးနိုင်ရေး၊ Quarantine လုပ်နိုင်ရေး
ဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ စနစ်တကျ Quarantine လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် covID-19 ရောဂါပိုးကူးစက်သူများ တွေ့ရှိရပါက ယင်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍စနစ်တကျ Quarantine လုပ်နိုင်ရေး ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။
ဒေသတစ်ခုတွင်လည်းကောင်း၊ ဒေသတစ်ခုထက်ပို၍လည်းကောင်း ကူးစက်ပြန့်ပွားမှုဖြစ်ပွားလာခဲ့ပါက ယင်းဒေသရှိ ပြည်သူများကို “ coVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ” ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍(၁) Community Quarantine ပြုလုပ်ရန် လိုအပ်လာပါက တင်းတင်းကျပ်ကျပ်ထိန်းချုပ်ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ၊ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုစသည့် လုပ်ငန်းစဉ် များကို ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊(၂) ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မားလာသည့် ဒေသများ၊ မြင့်မားလာရန် အလားအလာရှိသည့်ဒေသများ၊ ကူးစက်ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်လျက် မတည်ငြိမ်မှုများ ဖြစ်ပွားလာနိုင်သည့်ဒေသများတွင် Community Quarantine ပြုလုပ်သည့်အခါ ပြည်သူများ အတိအကျလိုက်နာဆောင်ရွက်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ (၃) covID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်သတ်မှတ်ချက်များနှင့်အညီ အဆင့်လိုက် ဆောင်ရွက်ရာ၌ အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး (၄) ဒေသများ၌ Community Quarantine ပြုလုပ်ရပါက မရှိမဖြစ် လိုအပ်သည့် အရောင်းဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ မရှိမဖြစ် လည်ပတ်ရန်လိုအပ်သည့် စက်ရုံ၊ အလုပ်ရုံများ ဆက်လက်လည်ပတ်နိုင်ရေး၊ ယင်းအရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များချမှတ်ရန်၊ ထိုသို့ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်။ (ဃ) CoVID-19 နှင့်စပ်လျဉ်း၍ စောင့်ကြပ်ကြည့်ရှုရမည့်သူများကို Community BasedFacility Quarantine ကူးစက်ရောဂါဖြင့် သေဆုံးသွားသူများအား သင်္ဂြိုလ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း စနစ်တကျ လုပ်ငန်းစဉ်များ ချမှတ်ပေးရန်နှင့် အဆိုပါလုပ်ငန်းစဉ်များနှင့်အညီ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဆောင်ရွက်စေရန်၊ (င) covID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလာနိုင်သည့် အဆိုးဆုံးအခြေအနေအထိ ကြိုတင်မျှော်တွေး၍ လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ Facility ၊ Test Kits, ၊ PPEစသည့်ပစ္စည်း: Community Based Facility Quarantineထားရှိရန် နေရာများ၊ မိမိဆန္ဒအလျောက် ဆန္ဒပြုပါဝင်ဆောင်ရွက်မည့် Volunteer များ စသည့် အရင်းအမြစ်များကို အဆင့်လိုက်ကြိုတင်ပြင်ဆင်စုဆောင်းခြင်းအားဖြင့် လက်တွေ့ လုံလောက်စွာ စီစဉ်ပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ရှောက်နိုင်ရန်ချမှတ်ရန်တို့လည်း ပါဝင်သည်။
ပြည်သူများအတွင်း ကြောက်လန့်တကြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှားဖြန့်ဝေနေသူများကို အမြန်ဆုံးဖော်ထုတ်၍ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရန်၊ ပြည်သူများအတွင်း ဆေးဝါး၊ ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ်သက်သက် ရရှိရေးအတွက် ဈေးတင်ရောင်းချနေသူများအား အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ရန်၊ COVID-19ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာဌာနများ၊အများပြည်သူနေရာဌာနများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ Physical Distanceထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့် စည်းမျဉ်းများထုတ်ပြန်ခြင်း စသည် တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊နယ်စပ်ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ တရားမဝင် ဝင်ထွက်သွားလာမှုများ မရှိစေရေး၊ လုံခြုံရေးနှင့် အဂတိလိုက်စားမှုများ မရှိစေရေးအတွက် တိုင်ကြားရန်ဌာနများ အမြန်ဆုံးဖွင့်လှစ်ခြင်း၊ စည်းမျဉ်းချိုးဖောက်သူများအား ဖော်ထုတ် အရေးယူခြင်း၊ လိုအပ်လျှင် လုံခြုံရေးအစောင့်အရှောက်ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်ရန်၊ “Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ” ၏ အတွင်းရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြန်ဆုံး ဖွင့်လှစ်၍ ကော်မတီ၏ တာဝန်များကို ဆောင်ရွက်ခြင်း၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းများ ဖွင့်လှစ်ခြင်း၊ CovID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်လိုက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား စနစ်တကျ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ရန်၊ "Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ပေးအပ်သော အခြားတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)
-------------------------------------------------
(Zawgyi Version)
Coronavirus Disease 2019 (COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို အဖြဲ႕ဝင္ ၁၀ဦးျဖင့္ ဖြဲ႕စည္း
ရန္ကုန္၊ မတ္ ၃၁ ရက္ (ဆင္ဟြာ)
Coronavirus Disease 2019 (COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီကို အဖြဲ႕ဝင္ ၁၀ ဦးျဖင့္ မတ္ ၃၀ ရက္တြင္ ဖြဲ႕စည္းလိုက္ေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံးက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။
အဆိုပါ အဖြဲ႕တြင္ ဥကၠ႒အျဖစ္ ဒုတိယ သမၼတ(၁)၊ အဖြဲ႕ဝင္မ်ားအျဖစ္ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ အလုပ္သသမား၊ လူမႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) ညႇိဳႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ)တို႔ပါဝင္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးတို႔က အတြင္းေရးမႉးမ်ားအျဖစ္ ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Coronavirus Disease 2019 (COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ားသည္ ျမန္မာႏိုင္ငံတြင္ စတင္ျဖစ္ပြားေနသည့္ CoVID-19 ေရာဂါပိုးကူးစက္ေနသူမ်ားႏွင့္
အနီးကပ္ထိေတြ႕သူမ်ားအားလုံးကို ေရာဂါလကၡဏာျပသသည္အထိ ေစာင့္ဆိုင္းျခင္း မျပဳဘဲ စုံစမ္းရွာေဖြေဖာ္ထုတ္၍ အျမန္ဆုံးစစ္ေဆးႏိုင္ေရး၊ Quarantine လုပ္ႏိုင္ေရး
ေဆာင္႐ြက္ရန္၊ ထိုင္းႏိုင္ငံႏွင့္ ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိလာသူမ်ားအား ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕မ်ားႏွင့္ပူးေပါင္း၍ စနစ္တက် Quarantine လုပ္ႏိုင္ေရး ေဆာင္႐ြက္ရာတြင္ covID-19 ေရာဂါပိုးကူးစက္သူမ်ား ေတြ႕ရွိရပါက ယင္းတို႔ႏွင့္ အနီးကပ္ထိေတြ႕ခဲ့သူမ်ားအား စုံစမ္းရွာေဖြေဖာ္ထုတ္၍စနစ္တက် Quarantine လုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္တို႔ျဖစ္ေၾကာင္း သိရသည္။
ေဒသတစ္ခုတြင္လည္းေကာင္း၊ ေဒသတစ္ခုထက္ပို၍လည္းေကာင္း ကူးစက္ျပန႔္ပြားမႈျဖစ္ပြားလာခဲ့ပါက ယင္းေဒသရွိ ျပည္သူမ်ားကို “ coVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ ” ၏ လမ္းၫႊန္မႈျဖင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရမ်ားႏွင့္ ညႇိႏႈိင္း၍(၁) Community Quarantine ျပဳလုပ္ရန္ လိုအပ္လာပါက တင္းတင္းက်ပ္က်ပ္ထိန္းခ်ဳပ္ေဆာင္႐ြက္ရန္၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ လိုအပ္သည့္ စားနပ္ရိကၡာ၊က်န္းမာေရးေစာင့္ေရွာက္မႈ၊ စိတ္ဓါတ္ေရးရာျမႇင့္တင္ေပးမႈစသည့္ လုပ္ငန္းစဥ္ မ်ားကို ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ၾကက္ေျခနီ တပ္ဖြဲ႕၊ လူမႈအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ လိုအပ္သလို ပူးေပါင္းေဆာင္႐ြက္ရန္၊(၂) ကူးစက္ေရာဂါျဖစ္ပြားမႈ ျမင့္မားလာသည့္ ေဒသမ်ား၊ ျမင့္မားလာရန္ အလားအလာရွိသည့္ေဒသမ်ား၊ ကူးစက္ေရာဂါျဖစ္ပြားမႈႏွင့္ဆက္စပ္လ်က္ မတည္ၿငိမ္မႈမ်ား ျဖစ္ပြားလာႏိုင္သည့္ေဒသမ်ားတြင္ Community Quarantine ျပဳလုပ္သည့္အခါ ျပည္သူမ်ား အတိအက်လိုက္နာေဆာင္႐ြက္ေရးအတြက္ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕၊ လူမႈအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ လိုအပ္သလို ပူးေပါင္းေဆာင္႐ြက္ရန္၊ (၃) covID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အဆင့္သတ္မွတ္ခ်က္မ်ားႏွင့္အညီ အဆင့္လိုက္ ေဆာင္႐ြက္ရာ၌ အေရးႀကီးသည့္ လုံၿခဳံေရး၊ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕၊ လူမႈအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာအဖြဲ႕ အစည္းမ်ားႏွင့္ လိုအပ္သလို ပူးေပါင္းေဆာင္႐ြက္ရန္တို႔ျဖစ္ေၾကာင္း သိရသည္။
ဆက္လက္ၿပီး (၄) ေဒသမ်ား၌ Community Quarantine ျပဳလုပ္ရပါက မရွိမျဖစ္ လိုအပ္သည့္ အေရာင္းဆိုင္မ်ား၊ ေဆးပစၥည္းဆိုင္မ်ား ဆက္လက္ဖြင့္လွစ္ႏိုင္ေရး၊ မရွိမျဖစ္ လည္ပတ္ရန္လိုအပ္သည့္ စက္႐ုံ၊ အလုပ္႐ုံမ်ား ဆက္လက္လည္ပတ္ႏိုင္ေရး၊ ယင္းအေရာင္းဆိုင္မ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ား ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ အတြက္ လိုအပ္သည့္ လုံၿခဳံေရးအစီအစဥ္မ်ားခ်မွတ္ရန္၊ ထိုသို႔ေဆာင္႐ြက္ ရာတြင္ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕၊ လူမႈအဖြဲ႕အစည္းမ်ား၊အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ လိုအပ္သလို ပူးေပါင္းေဆာင္႐ြက္ရန္။ (ဃ) CoVID-19 ႏွင့္စပ္လ်ဥ္း၍ ေစာင့္ၾကပ္ၾကည့္ရႈရမည့္သူမ်ားကို Community BasedFacility Quarantine ကူးစက္ေရာဂါျဖင့္ ေသဆုံးသြားသူမ်ားအား သၿဂႋဳလ္ေရးႏွင့္စပ္လ်ဥ္း၍လည္းေကာင္း စနစ္တက် လုပ္ငန္းစဥ္မ်ား ခ်မွတ္ေပးရန္ႏွင့္ အဆိုပါလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဌာနဆိုင္ရာအဖြဲ႕ အစည္းမ်ား၊ ၾကက္ေျခနီတပ္ဖြဲ႕၊ လူမႈအဖြဲ႕ အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားကို ေဆာင္႐ြက္ေစရန္၊ (င) covID-19 ကူးစက္ျပန႔္ပြားမႈ ျမင့္မားလာႏိုင္သည့္ အဆိုးဆုံးအေျခအေနအထိ ႀကိဳတင္ေမွ်ာ္ေတြး၍ လိုအပ္သည့္ စားနပ္ရိကၡာ၊ ေဆးဝါး၊ Facility ၊ Test Kits, ၊ PPEစသည့္ပစၥည္း: Community Based Facility Quarantineထားရွိရန္ ေနရာမ်ား၊ မိမိဆႏၵအေလ်ာက္ ဆႏၵျပဳပါဝင္ေဆာင္႐ြက္မည့္ Volunteer မ်ား စသည့္ အရင္းအျမစ္မ်ားကို အဆင့္လိုက္ႀကိဳတင္ျပင္ဆင္စုေဆာင္းျခင္းအားျဖင့္ လက္ေတြ႕ လုံေလာက္စြာ စီစဥ္ေပးႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ေပးရန္၊ေရွာက္ႏိုင္ရန္ခ်မွတ္ရန္တို႔လည္း ပါဝင္သည္။
ျပည္သူမ်ားအတြင္း ေၾကာက္လန႔္တၾကားျဖစ္ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ လူမႈကြန္ရက္ႏွင့္ အျခားေနရာမ်ားတြင္ သတင္းမွားျဖန႔္ေဝေနသူမ်ားကို အျမန္ဆုံးေဖာ္ထုတ္၍ရွာေဖြဖမ္းဆီးၿပီး တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူႏိုင္ေရးေဆာင္႐ြက္ရန္၊ ျပည္သူမ်ားအတြင္း ေဆးဝါး၊ ရိကၡာႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို အက်ိဳးအျမတ္သက္သက္ ရရွိေရးအတြက္ ေဈးတင္ေရာင္းခ်ေနသူမ်ားအား အျမန္ဆုံး ရွာေဖြေဖာ္ထုတ္ဖမ္းဆီး၍ တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူႏိုင္ေရးေဆာင္႐ြက္ရန္၊ COVID-19ကူးစက္ေရာဂါမျဖစ္ပြားေစေရးအတြက္ အေရးႀကီးေနရာဌာနမ်ား၊အမ်ားျပည္သူေနရာဌာနမ်ားတြင္ ပိုးသတ္ေဆးျဖန္းျခင္း၊ Physical Distanceထားရွိျခင္း၊ အသိပညာျဖန႔္ေဝျခင္း၊ လိုအပ္သည့္ စည္းမ်ဥ္းမ်ားထုတ္ျပန္ျခင္း စသည္ တို႔ကို ရပ္ကြက္၊ ေက်း႐ြာေနျပည္သူမ်ားအဆင့္အထိ က်ယ္က်ယ္ျပန႔္ျပန႔္ သိရွိလိုက္နာေဆာင္႐ြက္ႏိုင္ေရး ႀကီးၾကပ္ေဆာင္႐ြက္ရန္၊နယ္စပ္ဝင္ေပါက္မ်ား၊ အျပည္ျပည္ဆိုင္ရာဝင္ေပါက္မ်ားမွ တရားမဝင္ ဝင္ထြက္သြားလာမႈမ်ား မရွိေစေရး၊ လုံၿခဳံေရးႏွင့္ အဂတိလိုက္စားမႈမ်ား မရွိေစေရးအတြက္ တိုင္ၾကားရန္ဌာနမ်ား အျမန္ဆုံးဖြင့္လွစ္ျခင္း၊ စည္းမ်ဥ္းခ်ိဳးေဖာက္သူမ်ားအား ေဖာ္ထုတ္ အေရးယူျခင္း၊ လိုအပ္လွ်င္ လုံၿခဳံေရးအေစာင့္အေရွာက္ထားရွိျခင္း စသည္တို႔ကို ေဆာင္႐ြက္ရန္၊ “Coronavirus Disease 2019(COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ” ၏ အတြင္းေရးမႉး႐ုံးအဖြဲ႕ကို ျပည္ထဲေရးဝန္ႀကီးဌာနတြင္ အျမန္ဆုံး ဖြင့္လွစ္၍ ေကာ္မတီ၏ တာဝန္မ်ားကို ေဆာင္႐ြက္ျခင္း၊ အေရးေပၚဆက္သြယ္ရန္ ဖုန္းလိုင္းမ်ား ဖြင့္လွစ္ျခင္း၊ CovID-19 ကာကြယ္ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အဆင့္လိုက္ လိုအပ္ခ်က္မ်ားကို ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ျခင္း၊ ျပည္ေထာင္စုဝန္ႀကီး ဌာနမ်ားႏွင့္ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕မ်ားအၾကား စနစ္တက် ေပါင္းစပ္ညႇိႏႈိင္းျခင္းတို႔ကို ေဆာင္႐ြက္ရန္၊ "Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီမွ ေပးအပ္ေသာ အျခားတာဝန္ဝတၱရားမ်ားကို ေဆာင္႐ြက္ရန္တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။(Xinhua)

No comments:

Post a Comment