ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၆ ရက္(ဆင္ဟြာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အများပြည်သူကျန်းမာရေး ကြိုတင်ကာကွယ်မှုများ တိုးမြှင့်
ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း COVID-19 ကြိုတင်ကာကွယ်မှုများအနေဖြင့် ဇန်နဝါရီလမှ စ၍ ပိုးသတ်ဆေးဖြန်းခြင်း နှင့် အသေးစိတ်သန့်ရှင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး ပိုးသတ်ခြင်းနှင့် အပူချိန် တိုင်းတာခြင်း လုပ်ငန်းစဉ်များနှင့်အတူ ကျန်းမာရေးအသိပညာပေးအစီအစဉ်များကို လုပ်ဆောင်ခဲ့ရာ ယခုအခါ ယင်းလုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ၏ သတင်းထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် COVID-19 ရောဂါအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ စက်မှုဂိတ် (လေယာဉ်များ ရပ်နားရာနေရာသို့ ဝင်ထွက်ဂိတ်) မှ ဝင်/ထွက်သော လေကြောင်းလိုင်းဝန်ထမ်းများနှင့် ground handler များအတွက် ကိုယ်အပူချိန်တိုင်းတာစက် များ ထားရှိစစ်ဆေးရန် ၊ ပြည်တွင်းလေဆိပ်အဆောက်အအုံ (Terminal 3) တွင် ကိုယ်အပူချိန်တိုင်းတာစက်များ ထားရှိ၍ ခရီးသည်များအားလုံးနှင့် လေဆိပ်ဝန်ထမ်းများအားလုံးကို စစ်ဆေးရန်တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့အတူ ပြည်ပလေဆိပ်အဆောက်အအုံ (Terminal 1) တွင် ဂိတ်အမှတ် (၂)၊ (၇) နှင့် Sky Link တို့အား ပိတ်ထားမည်ဖြစ်ပြီး ဂိတ်အမှတ် (၃) နှင့် (၄) တို့မှ ဝင်ရန်နှင့် ဂိတ်အမှတ် (၂)၊ (၆) နှင့် (၈) တို့မှ ထွက်ရန် ၊ ပြည်တွင်းလေဆိပ်အဆောက်အအုံ (Terminal 3) တွင် ဂိတ်အမှတ် (၂) အား ပိတ်ထားမည်ဖြစ်ပြီး ဂိတ် အမှတ် (၁) နှင့် (၄) တို့မှ ဝင်ရန်နှင့် ဂိတ်အမှတ် (၁) ၊ (၃) နှင့် (၄) တို့မှ ထွက်ရန်တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လေဆိပ်အဆောက်အအုံ ဝင်ထွက်နေရာအားလုံးနှင့် လေဆိပ်ဧရိယာအတွင်းသို့ အခြားဝင်ပေါက်များမှ ဝင်ရောက်မည့်သူအားလုံးအား ခြွင်းချက်မရှိ အပူချိန်တိုင်းတာစစ်ဆေးခြင်းအား ဆောင်ရွက်ရန် ၊ လေဆိပ်၊ လေကြောင်းလိုင်း၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် စစ်ဆေးသည့် နေရာ/ အလုပ်တာဝန်ထမ်းဆောင်သည့် နေရာများတွင် အစားအသောက်များ ယူဆောင်စားသောက်ခြင်းအား တားမြစ်ရန် ၊ လေဆိပ်၊ လေကြောင်းလိုင်း၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ခရီးသည်များအနေဖြင့် လေဆိပ်ဧရိယာအတွင်း ကွမ်းစားခြင်း၊ ကွမ်းသွေးထွေးခြင်းများ မပြုလုပ်စေရန်တို့ ဖြစ်ကြောင်း သိရသည်။
လေဆိပ်၌ COVID-19 ရောဂါအား ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ယင်းလုပ်ငန်းများ ဖြည့်တင်းဆောင်ရွက်ရန် YACL ၏ အဆိုတင်သွင်းလွှာကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက ခွင့်ပြုချက်ချမှတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းဆောင်ရွက်မှုများသည် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကန့်သတ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များ အပြင် အများပြည်သူနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူများအား နိုးနိုးကြားကြား သတိရှိစေရန် နှင့် လေဆိပ်တွင် လူစုလူဝေး မပြုလုပ်ကြရန် YACL က တိုက်တွန်းထားကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၇ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၈ ခုအား ချိတ်ဆက်ဝန်ဆောင်မှု ပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ခရီးသည် စုစုပေါင်း ၆ ဒသမ ၅ သန်းကို လက်ခံဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
----------------------------
(Zawgyi Version)
ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အမ်ားျပည္သူက်န္းမာေရး ႀကိဳတင္ကာကြယ္မႈမ်ား တိုးျမႇင့္
ရန္ကုန္ ၊ မတ္ ၂၆ ရက္(ဆင္ဟြာ)
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္အတြင္း COVID-19 ႀကိဳတင္ကာကြယ္မႈမ်ားအေနျဖင့္ ဇန္နဝါရီလမွ စ၍ ပိုးသတ္ေဆးျဖန္းျခင္း ႏွင့္ အေသးစိတ္သန႔္ရွင္းေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္လ်က္ရွိၿပီး ပိုးသတ္ျခင္းႏွင့္ အပူခ်ိန္ တိုင္းတာျခင္း လုပ္ငန္းစဥ္မ်ားႏွင့္အတူ က်န္းမာေရးအသိပညာေပးအစီအစဥ္မ်ားကို လုပ္ေဆာင္ခဲ့ရာ ယခုအခါ ယင္းလုပ္ငန္းစဥ္မ်ားကို ဆက္လက္တိုးျမႇင့္လုပ္ေဆာင္လ်က္ ရွိေၾကာင္း ေလဆိပ္အား စီမံခန႔္ခြဲဝန္ေဆာင္မႈ ေပးေနသာ Yangon Aerodrome Company Limited (YACL) ၏ သတင္းထုတ္ျပန္မႈ အရ သိရသည္။
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ COVID-19 ေရာဂါအား ႀကိဳတင္ကာကြယ္တားဆီးႏိုင္ေရးအတြက္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၊ စက္မႈဂိတ္ (ေလယာဥ္မ်ား ရပ္နားရာေနရာသို႔ ဝင္ထြက္ဂိတ္) မွ ဝင္/ထြက္ေသာ ေလေၾကာင္းလိုင္းဝန္ထမ္းမ်ားႏွင့္ ground handler မ်ားအတြက္ ကိုယ္အပူခ်ိန္တိုင္းတာစက္ မ်ား ထားရွိစစ္ေဆးရန္ ၊ ျပည္တြင္းေလဆိပ္အေဆာက္အအုံ (Terminal 3) တြင္ ကိုယ္အပူခ်ိန္တိုင္းတာစက္မ်ား ထားရွိ၍ ခရီးသည္မ်ားအားလုံးႏွင့္ ေလဆိပ္ဝန္ထမ္းမ်ားအားလုံးကို စစ္ေဆးရန္တို႔ကို ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။
ထို႔အတူ ျပည္ပေလဆိပ္အေဆာက္အအုံ (Terminal 1) တြင္ ဂိတ္အမွတ္ (၂)၊ (၇) ႏွင့္ Sky Link တို႔အား ပိတ္ထားမည္ျဖစ္ၿပီး ဂိတ္အမွတ္ (၃) ႏွင့္ (၄) တို႔မွ ဝင္ရန္ႏွင့္ ဂိတ္အမွတ္ (၂)၊ (၆) ႏွင့္ (၈) တို႔မွ ထြက္ရန္ ၊ ျပည္တြင္းေလဆိပ္အေဆာက္အအုံ (Terminal 3) တြင္ ဂိတ္အမွတ္ (၂) အား ပိတ္ထားမည္ျဖစ္ၿပီး ဂိတ္ အမွတ္ (၁) ႏွင့္ (၄) တို႔မွ ဝင္ရန္ႏွင့္ ဂိတ္အမွတ္ (၁) ၊ (၃) ႏွင့္ (၄) တို႔မွ ထြက္ရန္တို႔ ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလဆိပ္အေဆာက္အအုံ ဝင္ထြက္ေနရာအားလုံးႏွင့္ ေလဆိပ္ဧရိယာအတြင္းသို႔ အျခားဝင္ေပါက္မ်ားမွ ဝင္ေရာက္မည့္သူအားလုံးအား ႁခြင္းခ်က္မရွိ အပူခ်ိန္တိုင္းတာစစ္ေဆးျခင္းအား ေဆာင္႐ြက္ရန္ ၊ ေလဆိပ္၊ ေလေၾကာင္းလိုင္း၊ ဆက္စပ္ဌာန/အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားအေနျဖင့္ စစ္ေဆးသည့္ ေနရာ/ အလုပ္တာဝန္ထမ္းေဆာင္သည့္ ေနရာမ်ားတြင္ အစားအေသာက္မ်ား ယူေဆာင္စားေသာက္ျခင္းအား တားျမစ္ရန္ ၊ ေလဆိပ္၊ ေလေၾကာင္းလိုင္း၊ ဆက္စပ္ဌာန/အဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားႏွင့္ ခရီးသည္မ်ားအေနျဖင့္ ေလဆိပ္ဧရိယာအတြင္း ကြမ္းစားျခင္း၊ ကြမ္းေသြးေထြးျခင္းမ်ား မျပဳလုပ္ေစရန္တို႔ ျဖစ္ေၾကာင္း သိရသည္။
ေလဆိပ္၌ COVID-19 ေရာဂါအား ႀကိဳတင္ကာကြယ္တားဆီးႏိုင္ေရးအတြက္ ယင္းလုပ္ငန္းမ်ား ျဖည့္တင္းေဆာင္႐ြက္ရန္ YACL ၏ အဆိုတင္သြင္းလႊာကို ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီး ဌာနက ခြင့္ျပဳခ်က္ခ်မွတ္ေပးခဲ့ေၾကာင္း သိရသည္။
ယင္းေဆာင္႐ြက္မႈမ်ားသည္ COVID-19 ေရာဂါ ကူးစက္ျပန႔္ႏွံ႔မႈကို ကန႔္သတ္ထိန္းခ်ဳပ္ႏိုင္ေစရန္ ရည္႐ြယ္ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္မႈတြင္ ေဖာ္ျပထားသည္။
ထိုကဲ့သို႔ ႀကိဳတင္ကာကြယ္ေရး ေဆာင္႐ြက္ခ်က္မ်ား အျပင္ အမ်ားျပည္သူႏွင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ အသုံးျပဳသူမ်ားအား ႏိုးႏိုးၾကားၾကား သတိရွိေစရန္ ႏွင့္ ေလဆိပ္တြင္ လူစုလူေဝး မျပဳလုပ္ၾကရန္ YACL က တိုက္တြန္းထားေၾကာင္း သိရသည္။
ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သည္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း ၃၇ လိုင္းႏွင့္ အျပည္ျပည္ဆိုင္ရာ ခရီးစဥ္ ၃၈ ခုအား ခ်ိတ္ဆက္ဝန္ေဆာင္မႈ ေပးလ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္း ခရီးသည္ စုစုေပါင္း ၆ ဒသမ ၅ သန္းကို လက္ခံဝန္ေဆာင္မႈ ေပးခဲ့ေၾကာင္း သိရသည္။ Xinhua)

No comments:

Post a Comment