ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

နယူးဒေလီ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) / နယူးေဒလီ ၊ မတ္ ၂၆ ရက္(ဆင္ဟြာ)

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၆၄၉ ဦး ရှိပြီး သေဆုံးသူ ၁၃ ဦးထိ ရှိလာ
နယူးဒေလီ ၊ မတ် ၂၆ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၌ မတ် ၂၆ ရက် နံနက်ပိုင်းအထိ COVID - 19 ရောဂါ ကြောင့် သေဆုံးသူ ၁၃ ဦးထိ မြင့်တက်လာခဲ့ပြီး ယခုအချိန်ထိ နိုင်ငံအတွင်း အတည်ပြု လူနာ ၆၄၉ ဦး ရှိနေကြောင်း အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။
နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနှင့် ဆက်စပ်၍ သေဆုံးသူ ဦးရေမှာ ၁၃ ဦးထိ ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယ နိုင်ငံတစ်ဝှမ်းလုံးတွင် COVID - 19 ရောဂါ အတည်ပြု လူနာ ၆၄၉ ဦး ရှိပြီး ၎င်းတို့အနက် ၆၀၉ ဦးမှာ အိန္ဒိယ နိုင်ငံသားများ ဖြစ်ကာ ကျန် ၄၇ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း ဝန်ကြီးဌာက ဆိုသည်။
COVID - 19 ရောဂါ ပြန်လည်သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသည့် လူနာ ၄၃ ဦး ရှိခဲ့ကြောင်း နှင့် ယခုအခါ အိန္ဒိယ နိုင်ငံ၌ ရောဂါဖြစ်ပွားနေဆဲ့ လူနာ အရေအတွက် ၅၉၃ ဦး ရှိကြောင်း သိရသည်။
မဟာရပ်ထရ(Maharashtra)ပြည်နယ်၌ ရောဂါဖြစ်ပွားသူ အများဆုံးဖြစ်ပြီး ၁၂၄ ဦးထိ ရှိခဲ့ကြောင်း ၊ ဒုတိယ အများဆုံးမှာ ကီရာလာ(Kerala)ပြည်နယ် ဖြစ်ပြီး ၁၁၈ ဦး ထိ ရှိခဲ့ကြောင်း သိရသည်။
မဟာရပ်ထရပြည်နယ်၌ COVID-19 ရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ သုံးဦး ရှိခဲ့ပြီး အိန္ဒိယ နိုင်ငံ၌ အများဆုံးသေဆုံးသည့် ပြည်နယ်ဖြစ်ခဲ့သည်။
အိန္ဒိယ နိုင်ငံ အစိုးရက မတ် ၂၅ ရက်မှ စတင်၍ နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ် ပြန့်နှံ့မှုအား ထိန်းချုပ်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်း ၂၁ ရက်အကြာ lockdown ချမှတ်ခဲ့ကြောင်း ၊ အာဏာပိုင်များက လူများ သွားလာလှုပ်ရှားမှုကို တားဆီးရန် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကဲ့သို့သော ကန့်သတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ lockdown အစီအမံကြောင့် မရှိမဖြစ်လုပ်ဆောင်ရန် လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းများမှလွဲ၍ ကားလမ်း ၊ ရထားလမ်း နှင့် လေကြောင်းလမ်းပို့ဆောင်မှုများ အားလုံးရပ်နားထားခဲ့ရကြောင်း သိရသည်။(Xinhua)
----------------------------------
(Zawgyi Version)
အိႏၵိယႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားသူ ၆၄၉ ဦး ရွိၿပီး ေသဆုံးသူ ၁၃ ဦးထိ ရွိလာ
နယူးေဒလီ ၊ မတ္ ၂၆ ရက္(ဆင္ဟြာ)
အိႏၵိယႏိုင္ငံ၌ မတ္ ၂၆ ရက္ နံနက္ပိုင္းအထိ COVID - 19 ေရာဂါ ေၾကာင့္ ေသဆုံးသူ ၁၃ ဦးထိ ျမင့္တက္လာခဲ့ၿပီး ယခုအခ်ိန္ထိ ႏိုင္ငံအတြင္း အတည္ျပဳ လူနာ ၆၄၉ ဦး ရွိေနေၾကာင္း အိႏၵိယ ႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနထံမွ သိရသည္။
ႏိုဗယ္လ္ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါႏွင့္ ဆက္စပ္၍ ေသဆုံးသူ ဦးေရမွာ ၁၃ ဦးထိ ရွိလာခဲ့ေၾကာင္း ဝန္ႀကီးဌာနက ယေန႔နံနက္ ၁၀ နာရီ ၁၅ မိနစ္တြင္ သတင္းထုတ္ျပန္ခဲ့သည္။
အိႏၵိယ ႏိုင္ငံတစ္ဝွမ္းလုံးတြင္ COVID - 19 ေရာဂါ အတည္ျပဳ လူနာ ၆၄၉ ဦး ရွိၿပီး ၎တို႔အနက္ ၆၀၉ ဦးမွာ အိႏၵိယ ႏိုင္ငံသားမ်ား ျဖစ္ကာ က်န္ ၄၇ ဦးမွာ ႏိုင္ငံျခားသားမ်ား ျဖစ္ေၾကာင္း ဝန္ႀကီးဌာက ဆိုသည္။
COVID - 19 ေရာဂါ ျပန္လည္သက္သာလာ၍ ေဆး႐ုံဆင္းခြင့္ရသည့္ လူနာ ၄၃ ဦး ရွိခဲ့ေၾကာင္း ႏွင့္ ယခုအခါ အိႏၵိယ ႏိုင္ငံ၌ ေရာဂါျဖစ္ပြားေနဆဲ့ လူနာ အေရအတြက္ ၅၉၃ ဦး ရွိေၾကာင္း သိရသည္။
မဟာရပ္ထရ(Maharashtra)ျပည္နယ္၌ ေရာဂါျဖစ္ပြားသူ အမ်ားဆုံးျဖစ္ၿပီး ၁၂၄ ဦးထိ ရွိခဲ့ေၾကာင္း ၊ ဒုတိယ အမ်ားဆုံးမွာ ကီရာလာ(Kerala)ျပည္နယ္ ျဖစ္ၿပီး ၁၁၈ ဦး ထိ ရွိခဲ့ေၾကာင္း သိရသည္။
မဟာရပ္ထရျပည္နယ္၌ COVID-19 ေရာဂါႏွင့္ဆက္စပ္၍ ေသဆုံးသူ သုံးဦး ရွိခဲ့ၿပီး အိႏၵိယ ႏိုင္ငံ၌ အမ်ားဆုံးေသဆုံးသည့္ ျပည္နယ္ျဖစ္ခဲ့သည္။
အိႏၵိယ ႏိုင္ငံ အစိုးရက မတ္ ၂၅ ရက္မွ စတင္၍ ႏိုဗယ္လ္ ကို႐ိုနာ ဗိုင္းရပ္စ္ ျပန႔္ႏွံ႔မႈအား ထိန္းခ်ဳပ္ရန္ ရည္႐ြယ္၍ ႏိုင္ငံတစ္ဝွမ္း ၂၁ ရက္အၾကာ lockdown ခ်မွတ္ခဲ့ေၾကာင္း ၊ အာဏာပိုင္မ်ားက လူမ်ား သြားလာလႈပ္ရွားမႈကို တားဆီးရန္ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန႔္ကဲ့သို႔ေသာ ကန႔္သတ္ခ်က္မ်ား ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ lockdown အစီအမံေၾကာင့္ မရွိမျဖစ္လုပ္ေဆာင္ရန္ လိုအပ္ေသာ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားမွလြဲ၍ ကားလမ္း ၊ ရထားလမ္း ႏွင့္ ေလေၾကာင္းလမ္းပို႔ေဆာင္မႈမ်ား အားလုံးရပ္နားထားခဲ့ရေၾကာင္း သိရသည္။(Xinhua)

No comments:

Post a Comment