ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ ဆင်စခန်းများအားလုံး ယနေ့ မှ စ၍ ယာယီပိတ်မည်
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာသစ်လုပ်ငန်းမှဖွင့်လှစ်ထားရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားရှိသည့် ဆင်အခြေ ပြုခရီး သွားလုပ်ငန်းများ ၊ ဆင်စခန်းများအားလုံး ယနေ့ နံနက်ပိုင်းမှစတင်ကာ ခေတ္တရပ်နားပိတ်ထားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသော Coronavirus Disease 2019 (COVID-19) အဆုတ် ရောင်ကူးစက်ရောဂါပျံ့ပွားမှုမရှိစေရေးကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၁)ခုစလုံးခေတ္တရပ် နားပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်စခန်းများအားလုံး ခရီးသွားဧည့် သည်ဝင်ရောက်မှု ခေတ္တပိတ်ထားမည်ဖြစ်သော်လည်း ဆင်စခန်းဝန်ထမ်းများ၊လုပ်ငန်းတာဝန်များဝတ္တရားများ ပုံမှန်မပြတ်ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)
-------------------------------------
(Zawgyi Version)
တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အသီးသီးရွိ ဆင္စခန္းမ်ားအားလုံး ယေန႔ မွ စ၍ ယာယီပိတ္မည္
ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ျမန္မာသစ္လုပ္ငန္းမွဖြင့္လွစ္ထားရွိေသာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အသီးသီးတြင္ဖြင့္လွစ္ထားရွိသည့္ ဆင္အေျခ ျပဳခရီး သြားလုပ္ငန္းမ်ား ၊ ဆင္စခန္းမ်ားအားလုံး ယေန႔ နံနက္ပိုင္းမွစတင္ကာ ေခတၱရပ္နားပိတ္ထားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ မတ္ ၂၅ ရက္ ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ကမာၻေပၚတြင္ျဖစ္ပြားေနေသာ Coronavirus Disease 2019 (COVID-19) အဆုတ္ ေရာင္ကူးစက္ေရာဂါပ်ံ႕ပြားမႈမရွိေစေရးႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ျမန္မာႏိုင္ငံ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ဖြင့္လွစ္ထားသည့္ ဆင္စခန္း(၂၁)ခုစလုံးေခတၱရပ္ နားပိတ္ထားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဆင္စခန္းမ်ားအားလုံး ခရီးသြားဧည့္ သည္ဝင္ေရာက္မႈ ေခတၱပိတ္ထားမည္ျဖစ္ေသာ္လည္း ဆင္စခန္းဝန္ထမ္းမ်ား၊လုပ္ငန္းတာဝန္မ်ားဝတၱရားမ်ား ပုံမွန္မျပတ္ဆက္လက္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ (Xinhua)

No comments:

Post a Comment