ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

နေပြည်တော်၊ မတ် ၂၆ ရက်(ဆင်ဟွာ) / ေနျပည္ေတာ္၊ မတ္ ၂၆ ရက္(ဆင္ဟြာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအတွက် IDA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရယူရေး လွှတ်တော် အတည်ပြု
နေပြည်တော်၊ မတ် ၂၆ ရက်(ဆင်ဟွာ)
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ရန်ကုန်၊ အင်းစိန်-ရွာမ ဓာတ်အားပေး စက်ရုံတွင် Combined Cycle Gas Turbine အသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အား ပို့ လွှတ်မှု စနစ်အတွင်းရှိ ပင်မ ဓာတ်အားခွဲရုံများ၏ တပ်ဆင်အင်အား တိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ (Power System Energy ဆောင်ရွက်နိုင်ရန် အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA: _ International Development Association) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ရယူရေးအား ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။
၂၀၂၀ မတ် ၂၄ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးတို့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြသည့် အဆိုပါ ချေးငွေ ရယူရေး ကိစ္စနှင့် ပတ်သက် ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြန်လည် ရှင်းလင်း တင်ပြအပြီးတွင် လွှတ်တော်က ထောက်ခံ ဆန္ဒမဲ ၄၉၁ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ လက်ကျန်သည် ၂၀၁၉ စက်တင်ဘာလကုန်၌ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ရှိသည့်အနက် ပထမ လွှတ်တော် မတိုင်မီကာလတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇၆ ဘီလီယံ၊ ပထမ လွှတ်တော်ကာလတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၅ ဘီလီယံနှင့် ဒုတိယ လွှတ်တော်ကာလတွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၄၂၂ ဘီလီယံ၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ဖြစ်ကြောင်း၊ အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွင်လည်း ပြည်ပကြွေးမြီ အခြေအနေအား ၁၉၈၈ မတိုင်မီက ရယူခဲ့သော အခြေအနေ၊ ၁၉၈၈ - ၈၉ မှ ၂၀၁၀ - ၁၁ အထိ အခြေအနေ၊ ၂၀၁၁ - ၁၂ မှ ၂၀၁၅ - ၁၆ အထိ အခြေအနေ၊ ၂၀၁၆ - ၁၇ ဘဏ္ဍာရေးနှစ် နောက်ပိုင်း အခြေအနေ ဟူ၍ ဖော်ပြပေးထားကြောင်း၊ ဝန်ကြီးဌာန အားလုံးက ရယူထားသော ပြည်ပချေးငွေ စီမံကိန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်မှု အခြေအနေကို နိုင်ငံတော် သမ္မတရုံးသို့ သုံးလ တစ်ကြိမ် တင်ပြရကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
“စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရရှိသည့်အခါ ချေးငွေ စာချုပ် ညှိနှိုင်းခြင်း၊ ချေးငွေ စာချုပ် ချုပ်ဆိုနိုင်ရန် ဆက်လက် ဆောင်ရွက်ခြင်း၊ စာချုပ် အသက်ဝင်ရန် ဆောင်ရွက်ခြင်း၊ ချေးငွေ ထုတ်ယူ သုံးစွဲမှု၊ ချေးငွေ အရင်း အတိုး ပေးဆပ်မှု များ စသည့် လုပ်ငန်းစဉ်များကို လုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်မှုကိုလည်း စောင့်ကြည့်ကြပ်မတ်သွားမည် ဖြစ်ကြောင်း လေးစားစွာ တင်ပြ အပ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း တင်ပြအပြီးတွင် လွှတ်တော်က ချေးငွေရယူခြင်းကို အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)
-----------------------------
(Zawgyi Version)
လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနအတြက္ IDA ေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၃၅၀ ရယူေရး လႊတ္ေတာ္ အတည္ျပဳ
ေနျပည္ေတာ္၊ မတ္ ၂၆ ရက္(ဆင္ဟြာ)
လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာနက ရန္ကုန္၊ အင္းစိန္-႐ြာမ ဓာတ္အားေပး စက္႐ုံတြင္ Combined Cycle Gas Turbine အသစ္ တည္ေဆာက္ျခင္းႏွင့္ ဓာတ္အား ပို႔ လႊတ္မႈ စနစ္အတြင္းရွိ ပင္မ ဓာတ္အားခြဲ႐ုံမ်ား၏ တပ္ဆင္အင္အား တိုးျခင္း၊ အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ား (Power System Energy ေဆာင္႐ြက္ႏိုင္ရန္ အတြက္ ကမာၻ႔ဘဏ္၏ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ (IDA: _ International Development Association) ေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၃၅၀ ရယူေရးအား ျပည္ေထာင္စုလႊတ္ေတာ္ ယေန႔ အစည္းအေဝးက အတည္ျပဳခဲ့သည္။
၂၀၂၀ မတ္ ၂၄ ရက္ေန႔တြင္ လႊတ္ေတာ္ ကိုယ္စားလွယ္ ရွစ္ဦးတို႔က ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝး၌ ေထာက္ခံ အႀကံျပဳ ေဆြးေႏြးခဲ့ၾကသည့္ အဆိုပါ ေခ်းေငြ ရယူေရး ကိစၥႏွင့္ ပတ္သက္ ၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ျပည္ေထာင္စု လႊတ္ေတာ္ ယေန႔ အစည္းအေဝး၌ ျပန္လည္ ရွင္းလင္း တင္ျပအၿပီးတြင္ လႊတ္ေတာ္က ေထာက္ခံ ဆႏၵမဲ ၄၉၁ မဲျဖင့္ အတည္ျပဳခဲ့ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ ျပည္ပေႂကြးၿမီ လက္က်န္သည္ ၂၀၁၉ စက္တင္ဘာလကုန္၌ အေမရိကန္ေဒၚလာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ရွိသည့္အနက္ ပထမ လႊတ္ေတာ္ မတိုင္မီကာလတြင္ အေမရိကန္ေဒၚလာ ၆ ဒသမ ၃၇၆ ဘီလီယံ၊ ပထမ လႊတ္ေတာ္ကာလတြင္ အေမရိကန္ေဒၚလာ ၃ ဒသမ ၂၀၅ ဘီလီယံႏွင့္ ဒုတိယ လႊတ္ေတာ္ကာလတြင္ အေမရိကန္ေဒၚလာ ၀ ဒသမ ၄၂၂ ဘီလီယံ၊ စုစုေပါင္း အေမရိကန္ ေဒၚလာ ၁၀ ဒသမ ၀၀၃ ဘီလီယံ ျဖစ္ေၾကာင္း၊ အစိုးရ၏ ေႂကြးၿမီဆိုင္ရာ ႏွစ္ပတ္လည္ အစီရင္ခံစာ တြင္လည္း ျပည္ပေႂကြးၿမီ အေျခအေနအား ၁၉၈၈ မတိုင္မီက ရယူခဲ့ေသာ အေျခအေန၊ ၁၉၈၈ - ၈၉ မွ ၂၀၁၀ - ၁၁ အထိ အေျခအေန၊ ၂၀၁၁ - ၁၂ မွ ၂၀၁၅ - ၁၆ အထိ အေျခအေန၊ ၂၀၁၆ - ၁၇ ဘ႑ာေရးႏွစ္ ေနာက္ပိုင္း အေျခအေန ဟူ၍ ေဖာ္ျပေပးထားေၾကာင္း၊ ဝန္ႀကီးဌာန အားလုံးက ရယူထားေသာ ျပည္ပေခ်းေငြ စီမံကိန္းမ်ားႏွင့္ ပတ္သက္၍ အေကာင္အထည္ေဖာ္မႈ အေျခအေနကို ႏိုင္ငံေတာ္ သမၼတ႐ုံးသို႔ သုံးလ တစ္ႀကိမ္ တင္ျပရေၾကာင္း လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပခဲ့သည္။
“စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန အေနျဖင့္ ျပည္ေထာင္စု လႊတ္ေတာ္၏ အတည္ျပဳခ်က္ ရရွိသည့္အခါ ေခ်းေငြ စာခ်ဳပ္ ညႇိႏႈိင္းျခင္း၊ ေခ်းေငြ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ဆက္လက္ ေဆာင္႐ြက္ျခင္း၊ စာခ်ဳပ္ အသက္ဝင္ရန္ ေဆာင္႐ြက္ျခင္း၊ ေခ်းေငြ ထုတ္ယူ သုံးစြဲမႈ၊ ေခ်းေငြ အရင္း အတိုး ေပးဆပ္မႈ မ်ား စသည့္ လုပ္ငန္းစဥ္မ်ားကို လုပ္ထုံး လုပ္နည္းႏွင့္ အညီေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး စီမံကိန္း အေကာင္အထည္ေဖာ္မႈကိုလည္း ေစာင့္ၾကည့္ၾကပ္မတ္သြားမည္ ျဖစ္ေၾကာင္း ေလးစားစြာ တင္ျပ အပ္ပါတယ္” ဟု ဒုတိယ ဝန္ႀကီးက ျပည္ေထာင္စု လႊတ္ေတာ္သို႔ ရွင္းလင္း တင္ျပအၿပီးတြင္ လႊတ္ေတာ္က ေခ်းေငြရယူျခင္းကို အတည္ျပဳေပးခဲ့ျခင္း ျဖစ္သည္။ (Xinhua)

No comments:

Post a Comment