ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Friday, September 30, 2011

AAA Logo 2010 v 3.10 Portable



ကျွန်တော်တို့  Logo Design တွေကိုစိတ်ကြိုက် ဖန်တီးနိုင်ဖို့အတွက် AAA Logo လေးကအားလုံးအတွက် အသုံးဝင်မှာ အမှန်ပါပဲ.. သုံးဖူးတဲ့ သူတွေလည်း သိမှာပါ .. ကျွန်တော်အခု တင်ပေးလိုက်တဲ့ ကောင်လေးကတော့  Portable လေးပါပဲ.. သုံးရတာ လည်းပေါ့ပေါ့ ပါးပါး နဲ့အဆင်ပြေတဲ့ အပြင် Portable ဖြစ်တဲ့အတွက် စိတ်ကြိုက်ယူသွားလို့ ရမှာဖြစ်ပါတယ်.. ကျွန်တော်အခု တင်ပေးလိုက်တဲ့ ကောင်လေးကို  Download  ချပြီး  Run ပေးလိုက်ယုံပါပဲ .. ဒါဆိုရင်အဆင်ပြေသွား ပါလိမ့်မယ် .. လိုအပ်တဲ့သူတွေကတော့ အောက်မှာ  ဒေါင်းလော့ချသွားလိုက်ပါ...
 
 
ဒေါင်းရန်... တကူ သားလေး

Excel 20 Lessons ( မြန်မာ E-Book )

Excel နဲ့ပါတ်သတ်တဲ့ လေ့ကျင့်ခန်းလေးတွေကို မှတ်စုပုံသဘောမျိုး ရေးထားတဲ့စာအုပ်လေးပါ .. လေ့ကျင့်ခန်း တွေကို ပုံလေးတွေနဲ့ အသေးစိတ်ရှင်းပြ ပေးထားတာဖြစ်တဲ့အတွက် လေ့လာရတာလည်း အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်.. လိုအပ်တဲ့သူတွေကတော့ အောက်မှာ  ဒေါင်းလော့ ချသွားလိုက်ပါ...
 
 
ဒေါင်းရန်... တကူ သားလေး

Thursday, September 29, 2011

Solo Live Show{Album}


ဒေါင်းရန်... တကူ သားလေး

လင်းလင်း-အမှန်တရား

  1. ရုပ်သေး လူ
  2. တကယ်ဝေးကွာခြင်း
  3. အရှေ့ဘက်တောင်တန်းကတန်ဆောင်တိုင်
  4. နွေအိပ်မက်ထဲ
  5. အရိုးသားဆုံးစိတ်ကူး
  6. အမှန်တရား
  7. ရင်ဘတ်ထဲကမနက်ဖြန်
  8. ငါတို့စိတ်ထားအလှတရား
  9. သူငယ်ချင်းများ
  10. သုည

ဒေါင်းရန်... တကူ သားလေး

Mediachance Dynamic Auto-Painter 2.5.1_Portable



ကျွန်တော် ဓာတ်ပုံလေးတွေကို ကာတွန်းပုံလေးတွေ ဖန်တီးလို့ရတဲ့ Software လေးတွေ တင်ပေးခဲ့ဖူးပါတယ်..အခုကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကတော့ မိမိတို့စိတ်ကြိုက် ဓာတ်ပုံတွေကို ပန်ချီးကား အဖြစ်ဖန်တီး ပေးမဲ့ကောင်လေး ပဲဖြစ်ပါတယ်.. ကျွန်တော် Portable လေးရှာပြီး တင်ပေးလိုက်ပါတယ်.. ကျွန်တော်တို့  ကဒီကောင်လေးကို သုံးချင်တယ်ဆိုရင် အရင်ဆုံး Portable လေးကို အရင် Run လိုက်ပါ.. ပြီးရင်မိမိတို့ ပြောင်းချင်တဲ့ ပုံလေးကိုထည့် ပြီးရင် စိတ်ကြိုက် ကာလာရွေး တာတွေ လုပ်ပြီးပြီဆိုရင် Start ဆိုတာလေးကို နှိပ်လိုက်ပါ.. ပြီးရင် သူဘာသာ ဖန်တီးနေပါလိမ့်မယ်.. ကျွန်တော်တို့ စိတ်ကြိုက် ဖြစ်ပြီဆိုရင် Stop ကိုနှိပ်ပြီး Save as နဲ့ Save လိုက်ရင် မိမိတို့ပုံလေးတွေကို ပန်ချီပုံလေးအဖြစ် ရရှိသွားမှာဖြစ်ပါတယ်.. သုံးကြည့်ချင်သူများကတော့ အောက်မှာ ဒေါင်းလော့ချ သွားလိုက်ပါ..
 
 
 
ဒေါင်းရန်... တကူ သားလေး


Mac OS X Theme for Window XP

ကျွန်တော်အရင်က Window 7 အတွက် အရင်က Mas Os Lion Skin Pack လေးတစ်ခု တင်ပေးခဲ့ပြီးပါပြီ။ အခုတော့ Window XP Users များအတွက်ပါ။ အသုံးပြုကြည့်လိုက်ပါဗျာ။ နောက်ကိုလည်း ကျွန်တော် ရတာနဲ့ တင်တင်ပေးသွားပါ့မယ်။ အောက်မှာယူသွားလိုက်ပါဗျာ။






ဒေါင်းရန်... တကူ သားလေး

WinRAR 4.65 Full Version


ကျွန်တော်တို့ အင်တာနက်ကနေ  Software တွေကို ဒေါင်းလော့ချတဲ့ အခါမှာ အများစုက ဖိုင်တွေကို Zip နဲ့ချုပ် တာထက်စာရင် WinRAR ကိုအသုံးများ ကြပါတယ်.. ဒါကြောင့် ကျွန်တော်တို့အနေနဲ့  ဆော့ဝဲလ်တွေကို အင်တာနက်မှာ တင်မယ်ဆိုရင် ပိုပြီးတော့ ပေါ့သွားစေဖို့ အတွက် WinRAR နဲ့ချုပ်ကြသလို ဒေါင်းလော့ချပြီးသား  Software တွေကို ဖိုင်ပြန်ဖြေတဲ့ အတွက် WinRAR ကိုအသုံးပြုကြတာ ဖြစ်ပါတယ်.. အခု ကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကတော့ Full Version လေးပါ ..ကွန်ပျူတာ အသုံးပြုသူတိုင်း WinRAR ကိုအသုံးပြုနေ ကြတာဖြစ်တဲ့အတွက် လိုအပ် မယ်လို့ထင်လို့ တင်ပေးလိုက်တာပါ .. တကယ်လို့ မိမိတို့သုံးနေတာက Full Version လေးမဟုတ်သေးဘူးဆိုရင်တော့ အခု ကျွန်တော် တင်ပေးလိုက် တဲ့ကောင်လေးကို သာအောက်မှာ  ဒေါင်းလော့ချသွားလိုက်ပါ...
 
 
ဒေါင်းရန်... တကူ သားလေး

Ashampoo.Snap.5.v5.00

ကျွန်တော်ဒီတစ်ခါ ကျွန်တော်တို့ Screen Shot ရိုက်တဲ့ Software လေးကို တင်ပေးလိုက်ပါတယ်။ ကျွန်တော် လည်းလက်ရှိ ဒီကောင်လေးကို ပဲအသုံးပြုနေပါတယ်။ အခု နောက်ဆုံး Update လေးထွက်လာလို့ တင်ပေးလိုက်ပါတယ်။ အထဲမှာ .Reg ဖိုင်လေးနဲ့ Registry လုပ်ရန်အတွက် ထည့်ပေးထားပါတယ်။ Double-Click ပေးပြီး Run ပေးလိုက်ရင် ရပါပြီ။ အသုံးပြုပုံကိုတော့ ကျွန်တော်နည်းနည်းတော့ ရှင်းပြပေးပါ့  မယ်။ ကျွန်တော်လည်း နေသိပ်မကောင်းလို့ပါ။ အောက်မှာကြည့်လိုက်ပါဗျာ။ကျွန်တော် နှစ်ချက်တော့ပြပါ မယ် ပုံလေးမှာကြည့်ပေးပါ။
ပထမဆုံး Tool လေးကတော့ Video ကို Capture ပေးတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Screen ကို Video ရိုက်တဲ့ အချိန်မှာ အသုံးဝင်ပါလိမ့်မယ်။ နောက်ထပ် တတိယမြောက် Tool လေးကိုကျော်ကြည့်လိုက်ပါဗျာ။ ကျန်တာတွေက ဓါတ်ပုံရိုက်တာတွေပါ။ နည်းနည်းလောက်အသုံးပြုကြည့်လိုက်ရင်သဘောပေါက်ပါတယ်။ အခု တတိယမြောက် Tool လေးကဆိုရင် ကျွန်တော်တို့ Website စာမျက်နှာတွေကို ဓါတ်ပုံရိုက်မယ်ဆိုပါ တော့ဗျာ။ ဒီအတိုင်းရိုက်ရင်လည်း အောက်ကစာသားတွေကျန်ခဲ့မယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ တတိယမြောက် Tool လေးကိုသုံးလိုက်ရင် ကျွန်တော်တို့ရဲ့ Website စာမျက်နှာတစ်ခုလုံးကို ဆွဲပြီးရိုက်ပေးသွားပါတယ်။ နောက်ဆုံး Tool လေးကိုကျော်ကြည့်လိုက်ပါ။ ကျွန်တော်မြှားလေးနဲ့ ပြပေးထား ပါတယ်။ ကျွန်တော်တို့ Effect လေးတွေထည့်ဖို့ မေ့ကျန်သွားတာကိုပြန်ပြီး Edit လုပ်ပေးနိုင်ပါတယ်။  
ဒီကောင်လေးမှာ ကျွန်တော်တို့ ဘယ်ဘက်က Tools လေးတွေ အပေါ်က Tools လေးတွေနဲ့ မိမိတို့ နှစ်သက် သလို ပြုပြင်ပေးလို့ရပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
 
 
ဒေါင်းရန်... တကူ သားလေး

Aiseesoft Blu-ray Converter Ultimate 6.2

ကျွန်တော်အခု Blu ray diskပုလုပ်လိုသူတွေအတွက်ရော တခြားအသုံးပြုလိုသူများအတွက်ပါ  ဒီကောင်လေး ကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ ပုံလေးမှာပါတဲ့ အတိုင်း Function ၅ မျိုးပါပါတယ်။ တစ်ခု ခြင်းစီအတွက် Serial Keys လေးတွေကို တစ်ခါတည်းထည့်ပေးထားပါတယ်။ Name မှာတော့ မိမိတို့ နှစ်သက်ရာပေးလို့ရပါတယ်။ iPod/iPhone အတွက်က IPod Transfer ဆိုတဲ့ Tool လေးတစ်ခုထဲဖြစ်ပါတယ်။ ကျန်တာတွေကတော့ သုံးကြည့် လိုက်ပါဗျာ။ အဆင်ပြေပါတယ်။ ကျွန်တော် Serial keys လေးတွေကိုလည်း စမ်းပြီးမှတင်ပေးလိုက်ပါတယ်။
 
 
ဒေါင်းရန်... တကူ သားလေး

Internet Download Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း

ကျွန်တော် ဒီနေ့တော့ တောင်းဆိုတာလဲ များနေတဲ့အပြင် တော်တော်များများလဲ အဆင်မပြေသေးတဲ့ IDM ကို Full Version ဖြစ်အောင်မသုံးတက်သေးတဲ့ သူတွေအတွက် Keygen နဲ့ Patch File အသုံးပြုနည်းရယ် ၊ အဲ့ဒါတွေကို အသုံးမပြုမှီ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာရယ် မိမိစက်မှာ လက်ရှိသုံးနေတဲ့ Internet Downlaod Manager က Update မဖြစ်ဖူးဆိုရင် ဘယ်လို Update ပေးပြီး Full Version သုံးလို့ရအောင် ဘယ်လိုလုပ် ရမယ်ဆိုတာကို အသေးစိတ် Install လုပ်နည်းကအစ ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်.. ဒီနေရမှာ ကျွန်တော်က ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာကိုပဲ အဓိကရေးပေးသွားမှာပါမယ် .. 

တစ်ခါတစ်လေ ကျတော့လဲ စာရေးရတာ တော်တော်စဉ်းစား နေရပါတယ်.. တစ်ချို့က ကွန်ပျူတာ နဲ့ပါတ်သတ်ရင် သုံးတက်တာကလွဲပြီး Software ပိုင်းတွေ နဲ့ပါတ်သတ်ရင် လုံးလုံးကိုနားမလည်တဲ့ သူတွေရှိပါတယ် .. ကျွန်တော်အနေနဲ့ အများစုအဆင်ပြေအောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့အဓိက ထားပြီး ရေးပေးနေတာပါပဲ.. တကယ်လို့မိမိတို့က ကွန်ပျူတာအခြေခံ လုံးဝမရှိသေးလို့ နားမလည်ဘူးဆိုရင်တောင် ပုံလေးတွေကြည့်ပြီးတော့ ကြိုးစားပြီးလုပ်ပေးစေချင်ပါတယ်.. စမ်းမကြည့်ပဲနဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတက်နိုင်မှာမဟုတ်ပါဘူး .. ဘယ်အရာမဆို ကိုယ်တိုင်ကြိုးစား အားထုတ်မှုလေးတွေတော့ လိုအပ်တာအမှန်ပါပဲ.. ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင်တော့ ဘာမှသိလာမှာလဲမဟုတ်ပါဘူး ..

ကျွန်တော် အနေနဲ့ ပို့စ်တွေကို ပုံတွေနဲ့အသေးစိတ်ရှင်းပြဖို့ ပြင်ဆင်ရတာ အရမ်းအချိန်ပေးရပါတယ်.. စာရေးတယ် ဆိုတာက ကိုရေးချင်တာကို ချရေးရတာ တစ်ခုထဲဖြစ်လို့ အဆင်ပြေပါတယ်.. ပုံတွေနဲ့ရှင်းရတဲ့ အခါကျတော့ ပုံတွေကို Record လုပ်ဖို့အတွက် ပြင်ဆင်ရတယ်.. ပြီးရင် တစ်ခါကိုလိုချင်တဲ့ ပုံစံလေးတွေ ဖြစ်အောင် ပြင်ဆင်ရတယ် နောက်ပြီး ပို့စ်တင်တဲ့အခါ ပုံတွေကို Upload ပြန်တင်ရတယ်.. အရမ်းအချိန်ပေးရသလို ကျွန်တော်လဲ ပင်ပန်းပါတယ်.. ကျွန်တော်အနေနဲ့ အားလုံးကို အဆင်ပြေစေချင်လို့ အပင်ပန်းခံပြီး လုပ်ပေးရတာပါ ဒါကြောင့် ကြိုးစားပြီး လိုက်လုပ်ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ.. 

အရင်ဆုံး ကျွန်တော် Internet Download Manager 6.05 ကို Keygen သုံးပြီး Full Version ဖြစ်အောင်ဘယ်လိုလုပ် ရမယ်ဆိုတာကို ရှင်းပြပေးပါမယ်.. အရင်ဆုံး Internet Download Manager ကိုစပြီး မိမိတို့စက်မှာ Install မလုပ်ခင် Registry ထဲမှာ အရင် Trail Version သုံးခဲ့တုန်းက ကျန်ခဲ့တဲ့ Key File တွေ အစအန လေးတွေကို အောက်မှာ ပုံလေးတွေနဲ့ပြထားသလို ရှင်းပေးလိုက်ပါ.. တကယ်လို့ ကျွန်တော် တို့က Registry ထဲမှာ မရှင်းခဲ့ဘူးဆိုရင် Patch ချိုးတဲ့အခါမှာ Internet Download Manager ကိုအသုံးပြု နေပါတယ်ဆိုပြီး Error တက်နေမှာဖြစ်ပါတယ်.. တကယ်လို့ Internet Download Manager ကိုခုမှ စပြီး Install လုပ်မှာဆိုရင်တော့ တန်းပြီး Install လုပ်လို့ရပါတယ်..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..
အပေါ်ကအဆင်အတိုင်း Registry ထဲမှာရှင်းပြီးပြီဆိုရင် My Computer >> Local Disk ( C : ) >> Program File  ထဲမှာ  Internet Download Manager  ဆိုတဲ့ Folder ရှိမရှိရှာလိုက်ပါ.. တကယ်လို့ တွေ့တယ်ဆိုရင် အဲ့ဒီကောင်လေးကို Delete လုပ်ပေးလိုက်ပါ.. တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ Delete လုပ်ပေးစရာမလို တော့ပါဘူး.. 
ကျွန်တော် တို့အပေါ်က အဆင့်တွေတိုင်း ရှင်းပြီးပြီ ဆိုရင်တော့ Internet Download  Manager  ကိုစပြီး Install လုပ်လို့ ရပါပြီ..အောက်မှာ ကျွန်တော် Install လုပ်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..
အပေါ်က ပုံအတိုင်း  Finish ပေးပြီးပြီဆိုရင်တော့ သူက Firefox မှာသုံးမှာလား စသည်ဖြင့် မေးတာတွေရှိပါ လိမ့်မယ် .. အားလုံးကို OK ပေးလိုက်ပါ.. ပြီးရင် ကျွန်တော်တို့ Keygen File လေးကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Patch File လေးကိုအသုံးပြုလည်း ရပါတယ်.. ကျွန်တော် Patch File အသုံးပြုနည်း ကိုတော့ နောက်တစ်ဆင့် မှာရှင်းပြပေးပါမယ်..
အရင်ဆုံး အောက်ကပုံအတိုင်း Patch Server Check ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ..
အပေါ်က Serial Key လေးကို Copy ကူးပြီးပြီဆိုရင်တော့ IDM လေးကိုဖွင့်လိုက်ပါ .. ပြီးရင်အောက်ကပုံ မှာပြထားတဲ့ အတိုင်း Key ထည့်ပေးလိုက်ပါ..
အောက်ကပုံအတိုင်း ပေါ်လာပြီးဆိုရင်တော့ First Name နဲ့ Last Name မှာမိမိတို့ ကြိုက်တဲ့ နာမည်တစ်ခု ထည့်လိုက်ပါ .. E-Mail မှာတော့ မိမိတို့ အသုံးမပြုတော့တဲ့ E-Mail တစ်ခုထည့်လိုက်ပါ.. ပြီးရင် Serial Number မှာတော့ စောစောက Copy ကူးထားတဲ့ Serial Key လေးကို Paste ပေးလိုက်ပါ.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..
Serial Key ထည့်ပြီးသွားပြီဆိုရင်တော့ Full Version ဖြစ်မဖြစ် ကိုအောက် နည်းအတိုင်း သွားပြီး ကြည့်လိုက်ပါ..
အပေါ်ကနည်းကတော့ Keygen ကိုအသုံးပြုပြီး Full Version သုံးလို့ရအောင် ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်.. ဆက်ပြီး ဖော်ပြမဲ့ နည်းလမ်းကတော့ IDM ကို Update ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို Update လုပ်ပြီးတဲ့ အချိန်မှာ Full Version လေးဖြစ်အောင် လုပ်တဲ့ နည်းလမ်းလေးကို Patch File လေးနဲ့ ကျွန်တော် ရှင်းပြပေးသွားပါမယ်.. ဒီနေရာမှာ ဘာကြောင်း Update လုပ်ရတယ် ဆိုတာကို ကျွန်တော် ရှင်းပြပေးပါမယ်.. အပေါ်မှာ ကျွန်တော် ရှင်းပြပေးထားတဲ့ IDM Version က 6.05 ပါ . လက်ရှိ IDM က Version 6.07 အထိ ထွက်နေပါပြီ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး Version လေးကိုအသုံးပြုချင်ပါတယ် .. အဲ့ဒီအတွက် စက်ထဲမှာ အရင်က သုံးနေတဲ့ Version အဟောင်းကို ဖြုတ်စရာမလိုပါဘူး .. လက်ရှိ သုံးနေတဲ့ Version ကို Update ပေးလိုက်ပါ .. ဒါဆိုရင် သူက နောက်ဆုံး Version ကို Download ချပေးပြီး Install လုပ်ပေးသွားပါလိမ့်မယ်.. ကျွန်တော်တို့က နောက်ဆုံး Version အတွက် Keygen နဲ့ Patch File လေးတွေရှာပြီး Patch ချိုးပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် အောက်မှာ ဘယ်လို Update လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်က Full Version ဖြစ်မဖြစ် ကြည့်တဲ့ အဆင့်အတိုင်းသွားပြီး Check For Update ဆိုတာလေးကို နှိပ်ပေးလိုက် ယုံပါပဲ..
အပေါ်ကပုံအတိုင်း Finish ပေးလိုက်ပြီဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က အရင်သုံးနေတဲ့ မြင့်တဲ့ Version ကို Update ပေးလိုက်တာ ဖြစ်တဲ့အတွက်  အရင်သုံထားတဲ့ Serial Key ကအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး.. ကျွန်တော်အောက်မှာ Update လုပ်လိုက်တဲ့ Version အသစ်ကို Full Version ဖြစ်အောင် လုပ်တဲ့ နည်းလေးကိုတော့ Patch File လေးနဲ့ ရှင်းပြပေးထားပါတယ်.. အောက်ကပုံ အတိုင်း ပေါ်လာရင် OK ပေးလိုက်ပါ.
အပေါ်က ပုံအတိုင်း OK ပေးပြီးပြီ ဆိုရင်တော့ Patch File လေးကို  Copy ကူးလိုက်ပါ..
အပေါ်ကပုံအတိုင်း Patch File လေးကို Copy ကူးပြီးပြီ ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း  My Computer >> Local Disk ( C: ) >> Program File အထိအဆင့်ဆင့်သွားပြီး Internet Download Manager ဆိုတဲ့ Folder ထဲမှာ Paste လုပ်ပေးလိုက်ပါ .. 

အပေါ်ကပုံအတိုင်း Patch File လေးကို Double Click ပေးလိုက်ပြီ ဆိုရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က Patch ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. 

အပေါ်က ပုံအတိုင်း Patch ချိုးပြီးသွားပြီ ဆိုရင်တော့ IDM လေးကိုဖွင့်ကြည့်လိုက်ပါ .. Full Version လေးဖြစ် သွားတာကို တွေ့ရပါလိမ့်မယ်..

တကယ်လို့  Trail Version လေးပဲ ဖြစ်နေသေးတယ် ဆိုရင်တော့ Patch File နဲ့အတူတူ ပါလာတဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Generate လုပ်လိုက်ပါ .. ပြီးရင် Key လေးကို Copy လုပ်ပြီး အပေါ်မှာပြခဲ့တဲ့ နည်းအတိုင်း ထည့်ပေးလိုက်ယုံပါပဲ .. ဒီလောက်ဆိုရင်တော့ အားလုံးပဲ  Internet  Downlaod  Manager  ကို Install လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေပြေနဲ့ ဆောင်ရွက်တက် သွားလိမ့်မယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ...
 
 
ဒေါင်းရန်... တကူ သားလေး

Tuesday, September 27, 2011

ဖိုဒါလေးတွေကိုဆော့ဝဲမပါပဲလော့ချမယ်

ဘာဆော့ဝဲမှသုံးစ၇ာမလိုပဲ folder လေးတွေကိုလော့ချကြမယ်နော် ကျွန်တော်လဲသူများဆီက၇ထားတာပါသိထားတာလေးတွေကိုပြန်ပြောပြချင်လို့ပါ...ကဲစလိုက်ကြ၇အောင်ဗျာ...

  1. ဖိုဒါတစ်ခုကို Destop ပေါ်မှာမိမိကြိုက်နှစ်သက်၇ာအမည်နဲ့ဆောက်လိုက်ပါ။
  2. Start >> Rum >> ထဲမှာ notepad ကို၇ိုက်ပြီး Enter ခေါက်လိုက်ပါ။
  3. Notepad ပွင့်လာပါကအောက်တွက်ပေးထားသောကုတ်များကို copy ကူးပြီး notepad ထဲတွင် paste လုပ်ပြီးထည့်လိုက်ပါ။
  4. Copy ကူးပြီးထည့်ထားသေားကုတ်များထဲမှ ၂၃ ကြောင်းမြောက်တွင် (အနီေ၇ာင်ပြထားသောနေ၇ာ) တွင် passward here ကိုဖျက်ပြီး မိမိအသုံးပြုလိုသော စကားဝှက်ကိုပြောင်းလိုက်ပါ။
  5. File မှ Save as နှင့် မိမိတည်ဆောက်ထားသော folder ထဲတွင် save လိုက်ပါ။ Folder name ကို Locker.bat နှင့် save ပေးပါ။
  6. မိမိတည်ဆောက်ထားသော folder ထဲတွင် locker ဆိုသောအမည်နှင့် file တစ်ခုတွေ့ပါလိမ့်မည် ။ ထို file ကိုကလစ်နှစ်ချက်နှိပ်လိုက်ပါက private ဆိုသောအမည်နှင့် folder တစ်ခုထွက်လာပါလိမ့်မည် 
  7. မိမိသိမ်းဆည်းချင်သော file များကို private ဆိုသော folder လေးထဲတွင်ထည့် ပြီး locker ဆိုသော်file လေးကိုကလစ်နှိပ်လိုက်ပါ။ folder ကိုလော့ချမှာလား ၊ လော့မချဘူးလားမေးပါလိမ့်မယ်။
  8. Y လို့နှိပ်ပြီး Enter ခေါက်လိုက်ပါ။ Private ဆိုသောအမည်နှင့် folder လေးပျောက်သွားပါလိမ့်မယ်။
  9. လော့ချထားတာလေးကိုပြန်ဖွင့်မယ်ဆို၇င်တော့ locker ဆို့သော file လေးကိုကလစ်ပြီး မိမိ Y ၇ိုက်ခဲ့ သောနေ၇ာတွင် မိမိအပေါ်တွင်ထည့်ခဲသော စကားဝှက်လေးကို၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါက မိမိသိမ်းဆည်းထားသော ဖိုင်များကိုပြန်လည်တွေ့၇ှိ၇မှာဖြစ်ပါတယ်။
  10. ပြန်ဖျောက်လိုပါက locker လေးကိုပြန်နှိပ်ပါ။ Y ကို၇ိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပြန်ပျောက်သွား ပါလိမ့်မည်။
အောက်တွင်ပေထားသော ကုတ်များကိုကော်ပီကူးပြီး Notepad ထဲတွင်ထည့်ပါ။

cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK

if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END

echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked

goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"

ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully

Run Short Cut

Run ( Windows + R ) မှတဆင့် Short Cut အသုံးပြုချင်သူများအတွက်..
1. Accessibility Controls = access.cpl
2. Add Hardware Wizard = hdwwiz.cpl
3. Add/Remove Programs = appwiz.cpl
4. Administrative Tools = control admintools
5. Automatic Updates = wuaucpl.cpl
6. Bluetooth Transfer Wizard = fsquirt
7. Calculator = calc
8. Certificate Manager = certmgr.msc
9. Character Map = charmap
10. Check Disk Utility = chkdsk
11. Clipboard Viewer = clipbrd
12. Command Prompt = cmd
13. Component Services = dcomcnfg
14. Computer Management = compmgmt.msc
15. Date and Time Properties = timedate.cpl
16. DDE Shares = ddeshare
17. Device Manager = devmgmt.msc
18. Direct X Control Panel (If Installed)* = directx.cpl
19. Direct X Troubleshooter = dxdiag
20. Disk Cleanup Utility = cleanmgr
21. Disk Defragment = dfrg.msc
22. Disk Management = diskmgmt.msc
23. Disk Partition Manager = diskpart
24. Display Properties = control desktop/desk.cpl
25. Dr. Watson System Troubleshooting Utility = drwtsn32
26. Driver Verifier Utility = verifier
27. Event Viewer = eventvwr.msc
28. File Signature Verification Tool = sigverif
29. Findfast = findfast.cpl
30. Folders Properties = control folders
31. Fonts = control fonts
32. Fonts Folder = fonts
33. Free Cell Card Game = freecell
34. Game Controllers = joy.cpl
35. Group Policy Editor (XP Prof) = gpedit.msc
36. Hearts Card Game = mshearts
37. Iexpress Wizard = iexpress
38. Indexing Service = ciadv.msc
39. Internet Properties = inetcpl.cpl
40. IP Configuration = ipconfig
41. Java Control Panel (If Installed) = jpicpl32.cpl
42. Java Application Cache Viewer (If Installed) = javaws
43. Keyboard Properties = control keyboard
44. Local Security Settings = secpol.msc
45. Local Users and Groups = lusrmgr.msc
46. Logs You Out Of Windows = logoff
47. Microsoft Chat = winchat
48. Minesweeper Game = winmine
49. Mouse Properties = control mouse
50. Mouse Properties = main.cpl
51. Network Connections = control netconnections
52. Network Connections = ncpa.cpl
53. Network Setup Wizard = netsetup.cpl
54. Notepad = notepad
55. Nview Desktop Manager (If Installed) = nvtuicpl.cpl
56. Object Packager = packager
57. ODBC Data Source Administrator = odbccp32.cpl
58. On Screen Keyboard = osk
59. Opens AC3 Filter (If Installed) = ac3filter.cpl
60. Password Properties = password.cpl
61. Performance Monitor = perfmon.msc
62. Performance Monitor = perfmon
63. Phone and Modem Options = telephon.cpl
64. Power Configuration = powercfg.cpl
65. Printers and Faxes = control printers
66. Printers Folder = printers
67. Private Character Editor = eudcedit
68. Quicktime (If Installed) = QuickTime.cpl
69. Regional Settings = intl.cpl
70. Registry Editor = regedit
71. Registry Editor = regedit32
72. Remote Desktop = mstsc
73. Removable Storage = ntmsmgr.msc
74. Removable Storage Operator Requests = ntmsoprq.msc
75. Resultant Set of Policy (XP Prof) = rsop.msc
76. Scanners and Cameras = sticpl.cpl
77. Scheduled Tasks = control schedtasks
78. Security Center = wscui.cpl
79. Services = services.msc
80. Shared Folders = fsmgmt.msc
81. Shuts Down Windows = shutdown
82. Sounds and Audio = mmsys.cpl
83. Spider Solitare Card Game = spider
84. SQL Client Configuration = cliconfg
85. System Configuration Editor = sysedit
86. System Configuration Utility = msconfig
87. System File Checker Utility = sfc
88. System Properties = sysdm.cpl
89. Task Manager = taskmgr
90. Telnet Client = telnet
91. User Account Management = nusrmgr.cpl
92. Utility Manager = utilman
93. Windows Firewall = firewall.cpl
94. Windows Magnifier = magnify
95. Windows Management Infrastructure = wmimgmt.msc
96. Windows System Security Tool = syskey
97. Windows Update Launches = wupdmgr
98. Windows XP Tour Wizard = tourstart
99. Wordpad = write

Destop ပေါ်မှာ Shutdown icon လေးထားပြီးအလွယ်တကူ Shutdown ချချင်သူများအတွက်

ဒီနည်းလမ်းလေးကမဆိုးဘူးလို့ပြောလို့၇တယ်ဗျာ.....ဘာလို့လဲဆိုတော့ကျွန်တော်တို့ Shutdown ချချင်တဲ့အခါ Start Menu ကိုသွားစ၇ာမလိုပဲအလွယ်တကူ Shutdown ချလိုက်ယုံပဲလေ.။အလွယ်တကူသုံးလို့၇တာပေါ့ဗျာ..
အဲ့ဒီ Icon လေးကို Destop ပေါ်ကမိမိနှစ်သက်တဲ့နေ၇ာမှာထားပြီး Shutdown ချချင်တဲ့အခါအဲ့ဒီ Icon လေး
ကိုကလစ်နှစ်ချက်နှိပ်လိုက်ယုံပါပဲ။သုံး၇တာအ၇မ်းအဆင်ပြေပါတယ်။အဲ့ဒီကောင်လေးကိုဘယ်လိုလုပ်၇မလဲ
ဆိုတာကိုတော့ကျွန်တော်အောက်မှာပြောပြပေးထားပါတယ်။

1.ပထမဦးစွာ Destop ပေါ်မှာ Right Click ထောက်ပြီး New ထဲမှ shortcut ကိုေ၇ွးလိုက်ပါ။

2.ဒါဆို၇င် Create Shortcut ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။

3.Type the location of the item: ဆိုတဲ့ဘောက်လေးထဲမှာ shutdown -s -t 0 ဆိုပြီး၇ိုက်ထည့်လိုက်ပါ။
   ( " 0 "နေ၇ာမှာမိမိတို့ ကြိုက်နှစ်သက်တဲ့ time ကိုပေးလို့ ၇ပါတယ်။ Icon လေးကိုနှိပ်လိုက်၇င်
     Shutdown ကျသွားမဲ့အချိန်ဖြစ်ပါတယ်။ )





4.ပြီး၇င် Next ကိုနှိပ်လိုက်ပါ။ type a name for this shortcut ဆိုတဲ့နေ၇မှာမိမိတို့ စိတ်ကြိုက်နာမည်ကို
   ထည့်လို့၇ပါတယ်။ပြီး၇င် Finish ကိုနှိပ်လိုက်ပါ။ဒါဆို၇င်မိမိတို့ Destop ပေါ်မှာမိမိတို့ပေးထားတဲ့နာမည်
   လေးနဲ့ Shutdown icon လေးပေါ်လာပါလိမ့်မယ်။

 6.ပေါ်လာတဲ့ Shutdown Icon လေးကိုမကြိုက်လို့မိမိတို့စိတ်ကြိုက် Icon လေးတွေကိုပြောင်းချင်တယ်ဆို
   ၇င်တော့ Shutdown icon လေးကို Right Click နှိပ်လိုက်ပါ။ပြီး၇င် Properties ကိုသွားလိုက်ပါ။ ကျလာ
   တဲ့ Box လေးထဲမှ change icon ကိုနှိပ်ပြီးပြောင်းလိုက်ယုံပါပဲ။အောက်မှာလဲပုံလေးတွေနဲ့ပြထားပေးပါ
   တယ်။


Windows XP Control Panel အားအသုံးပြုခြင်း

Windows XP Control Panel အားအသုံးပြုခြင်းနှင့်ပတ်သတ်ပြီး ကိုစံငြိမ်းေ၇းသားထားတာကို
ပြန်၇ှယ်ပေးလိုက်ပါတယ်ခင်ဗျာ.... အားလုံးပဲကျွန်တော်နဲ့အတူမျှဝေခံစားနိုင်ကြပါစေ......
စေတနာများစွာဖြင့်..........နေမင်း

ကွန်ပျူတာတစ်လုံးမှာ control panel ဟာအခြေခံအကျဆုံးနဲ့ user တိုင်းအတွက် မရှိမဖြစ်မသိမဖြစ် လို အပ်ပါတယ်..ဘာကြောင့်လဲဆိုတော့ system management နဲ့ ပက်သက်တာကို ဒီနေရာက နေ အများကြီးလုပ်ဆောင်နိုင်လို့ ပဲဖြစ်ပါတယ်..ခေါင်းစဉ်က xp အတွက်လို့ ရေးထားပေမဲ့  အခြား OS ဖြစ်တဲ့ windwos vista နဲ့ windows 7 တွေမှာလည်းအနည်းငယ်ခြားနားမှုလေး တွေသာရှိပါတယ်.. detail မဟုတ်ပေမဲ့ အနည်းဆုံးတော့ ကွန်ပျူတာမှာ အနည်းငယ်တိုင်းစောင်းမှုလေးတွေဖြစ်လာရင် control panel ထဲမှာ မိမိဘာသာမိမိ ဆောင်ရွက်တတ်စေဖို့ အတွက်အောက်မှာ လေ့လာနိုင်ပါ တယ် ခင်ဗျာ..

Click this bar to view the full image.

Accessibility Options
Accessibility options မှာ keyboard,mouse ,display နဲ့ sound setting တွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်တယ်..
Add Hardware
Windows ကနေပြီးတော့မှ သူမှာတပ်ဆင်ထားတဲ့ hardware device တွေကို မမှတ်မိတော့တဲ့အခါဒီ Add Hardware မှာလာပြီးတော့ add လုပ်ပေးရပါတယ်..
Add or Remove Programs
အကယ်၍ များ software တွေကို ထပ်ထည့်မယ် uninstall(remove) လုပ်မယ်ဆိုရင် ဒီ Add or Remove Programs မှာလာပြီးတော့ပြင်ပါတယ်..ဆိုပါစို့ မိမိကွန်ပျူတာမှာ software တစ်ခုက အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်ရတော့မယ် uninstall လုပ်မယ်ဆိုရင် ဒီကနေ မလိုချင်တဲ့  ဆော့ဝဲကို Double click ခေါက်ပြီးတော့ အဆင့်ဆင့် uninstall လုပ်နိုင်တယ်..(uninstaller tools တွေကိုသုံးပြီးတော့လဲ Remove လုပ်နိုင်တယ်)
Administrative Tools.
ကွန်ပျူတာ managementပြုလုပ်ခြင်း၊မော်နီတာ ရဲ့ performance ပြုပြင်ခြင်း၊windows ရဲ့  security ပိုင်းဆိုင်ရာကိုဆောင်ရွက်ခြင်း၊ကွန်ပျူတာရဲ့ service တွေကို Administering လုပ်ခြင်းတွေကို ဆောင် ၇ွက်နိုင်တယ်..
Automatic Updates
ကွန်ပျူတာက ဘယ်လို update လုပ်မလဲ ဘယ်အချိန်မှာ Update လုပ်မလဲ လာရောက်ပြုပြင်ပေးထားလို့ ရတယ်..ဘယ်ချိန်မှာ installer packet တွေကို ဒေါင်းလုပ်လုပ်မှာလဲ..Installer packet တွေကိုဒေါင်းလုပ်မလုပ်ခင် userကိုမေးဦးမှာလား စတဲ့ setting တွေကို ပြုလုပ် ထားနိုင်တယ်….
Bluetooth Devices
ကိုယ်က Bluetooth devices အသုံးပြုနေသူတစ်ယောက်ဖြစ်နေလျင် ဒီမှာ Bluetooth ကို Add ပေးထားရပါတယ် မသုံးတော့ဘူးဆိုရင်လည်း ဒီနေရာကပဲ remove လုပ်နိုင်တယ်..
Date and Time.
အတော်များများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒီ Date and Time setting ကတော့ ရက်စွဲ အချိန်တွေ နေရာတွေကို လာရောက်ပြုပြင်နိုင်တယ် ကွန်ပျူတာမှာ date time မှားနေရင်လည်း ဒီ option ကပဲ လာရောက်ပြုပြင်ပေးနိင်တယ်…ကိုယ်က Date and Time အမှန်တိုက်ထားပါလျက်နဲ့  ခနကြာတဲ့  အခါ မှားယွင်းစွာပြနေတာကတော့ cmos battery အားနည်းသွားတာဖြစ်နိင်ပါတယ်..
Display.
Display setting က မော်နီတာပေါ်မှာမြင်ရတဲ့ မြင်ကွင်းတွေအားလုံးကို မိမိလိုသလိုပြုပြင်ပြောင်း လဲနိုင်တဲ့ နေရာတစ်နေရာဖြစ်တယ်..မော်နီတာရဲ့ resolution တွေ color depth တွေ ကိုချိန်ညှိ ပေးနိုင်တယ် desktop background နဲ့ screensaver တို့ ကိုမိမိ ထားချင်တဲ့ Setting ပုံစံအတိုင်းပြု လုပ်ပေးနိုင်တယ်….
Folder Options
ကွန်ပျူတာထဲမှာရှိတဲ့ file အနေထား folder အနေအထား တွေကိုပြင်နိုင်တယ်..file တွေကို hide လုပ်ထားတာလား virus တွေက hide file အနေနဲ့ ဝင်နေတာလားဆိုတာ ဒီ folder option ရဲ့  viewsMenu ကနေကြည့်နိုင်တယ်..ဖိုင်ရဲ့ extension တွေကိုဖော်ပြထားချင်တယ်…security tab တွေကို hide လုပ်မယ်ဆိုရင် ဒီနေရာကပဲ လာရောက် management လုပ်နိုင်တယ်..တခါတစ်ရံ mouse က Single click ၀င်နေတာမျိုးဖြစ်ခဲ့ရင် လည်းပြုပြင်ပြောင်းလဲနိုင် တဲ့နေရာတစ် နေရာဖြစ် တယ်..folder option က virus ရေးတဲ့ သူတွေရဲ့  tarket တစ်ခုအဖြစ်ထားခြင်းကိုခံရပါတယ် ဘာကြောင့်လဲဆိုတော့ folder option ကနေထိန်းချူပ်နိုင်တဲ့ နေရာက အများအပြားဖြစ်နေလို့ ပါပဲ..
Fonts
ဒီ Fonts option မှာ တစ်ခုထက်မကပိုတဲ့ font မျိုးစုံသုံးစွဲတဲ့အခါမှာ လာရောက် ထည့်သွင်းပေး ရပါတယ် ဥပမာ ဇော်ဂျီဝမ်းသုံးနေတယ်ဆိုပါစို့ မိမိက win innwa ဖောင့်နဲ့  စာစီစာရိုက်လုပ်ချင်တဲ့  အခါ စက်ထဲမှာ win အင်းဝ font ရှိနေဖို့ လိုပါတယ်..win innwa font သွင်းထားမှသာလျင် မိမိလိုချင်တဲ့ win innwa font ပေါ်မှာဖြစ်ပါတယ် ဒါဆိုရင် win innwa font ကို မိမိက copy ကူးပြီးတော့ ဒီ Fonts ဆိုတဲ့ နေရာလေးမှာ paste လုပ်ပေးလိုက်ရင် သုံးလို့  ၇ပြီဖြစ်ပါတယ်..အခြား fonts များကိုသွင်းတာလည်းထိုနည်းတူပါပဲ..
Game Controllers
မိမိက game ကစားတဲ့သူဖြစ်တယ် joystick , steering wheel စတဲ့  game တွေဆော့တော့ မယ်ဆိုရင် အချို့ သော joystick ကကွန်ပျူတာကမသိတဲ့အခြေနေတွေမှာ ဒီမှာလာပြီးတော့ Add လုပ်ပေးရတယ်..ခုနောက်ပိုင်းတော်တော်များများမှာတော့ Auto detect သိတာများပါ တယ်.. သိပ်ထွေ ထွေထူးထူးလုပ်စရာမလိုပါဘူး…
Internet Options
အင်တာနက် အသုံးပြုတဲ့အခါမှာ web browsing ပိုင်းဆိုင်ရာတွေကိုပြုပြင်ပြောင်းလဲခြင်း ၊လုံခြုံရေးဆိုင်ရာ web history ကို သတ်မှတ်ခြင်း ၊connection တွေကိုထည့်ခြင်း ဖြုတ်ခြင်း proxy setting တွေကိုပြုပြင်ခြင်း စတာတွေကိုလုပ်ဆောင်နိုင်တဲ့ နေရာဖြစ်တယ်..
Keyboard
ကီးဘုတ်ရဲ့ စာရိုက်နှန်း အနှေးအမြန် cursor ရဲ့ အနှေးအမြန်နဲ့  blink rate တွေကိုသတ်မှတ်နိုင် တယ်..တစ်ခါတရံ Driver ကြောင့်ကီးဘုတ်က ရိုက်လို့ မရတော့ဘူးဆို၇င် update driver လုပ်ပေးဖို့  လိုအပ်လာတဲ့အခါ hardware ဆိုတဲ့ အောက်မှာ update driver လုပ်ဆောင်ပေးနိုင်တယ်
Mouse
Mouse speed တိုးခြင်းလျှော့ခြင်း၊ scrolling အနှေးအမြန်ြပုလုပ်ခြင်း၊mouse pointer ကိုပြုပြင် ပြောင်းလဲခြင်း စတဲ့ Adjusting လုပ်ငန်းကို လုပ်ဆောင်နိုင်တယ်..
Network Connections
Network connection အသစ်တည်ဆောက်ခြင်း connection setting ပြုပြင်ခြင်းနဲ့  troubleshooting လုပ်ခြင်းတို့ ကို ဒီ network connection ကနေလုပ်ဆောင်နိုင်တယ်..local area network ပေါ်မှာ right click ထောက်ပြီး properties ကိုသွားရင် network နဲ့  ပတ်သက် တဲ့ specifications တွေကိုလေ့လာနိုင်တယ်..
Phone and Modem Options
မိမိကွန်ပျူတာမှာ dialup connection အသုံးပြုဖို့ အတွက် modem တပ်ဆင်ထားတယ်ဆိုရင် modem နဲ့ ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နိုင်တဲ့ နေရာဖြစ်တယ်
Power Options
Power options က ကွန်ပျူတာရဲ့ power setting တွေကို Adjust လုပ်နိုင်တယ် windows ကနေပြီးတော့ မတူညီတဲ့ power scheme တွေကိုတည်ဆောက်ထာတယ်..monitor ကိုဘယ် အချိန်မှာ အနားပေးမယ်..stanby mode ဖြစ်နေတဲ့အချိန်မှာ hard disk power ကို Turn off လုပ်မယ် မလုပ်ဘူးဆိုတာကို save လုပ်ထားနိုင်တယ်..power hibernation လုပ်ခြင်းကိုဒီနေရာကနေလုပ်ဆောင်တယ်..hibernation လုပ်တယ်ဆိုတာ မိမိက အကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာရှေ့ ကနေ တစ်နာရီ ၂ နာရီကျော်ကြာကြာထွက်ခွာသွားပြီ ဆိုရင်ကွန်ပျူတာက သူ့ အလိုလိုအလျောက် hard disk, monitor နဲ့  လက်ရှိလုပ်နေတဲ့အလုပ် တွေအားလုံးကိုခဏနားလိုက်ပါတယ်..user က ကွန်ပျူတာရှေ့ ကိုပြန်ရောက်လို့ ကီးဘုတ်(သို့  ) mouse ကိုထိလိုက်တာနဲ့ အလျင်အမြန်ပြည်လည်ပြီးတော့အလုပ်လုပ်ပါတယ်..အဲလို လူမရှိတဲ့ အချိန်မှာ computer sleep ဖြစ်နေပြီး user ပြန်ရောက်လာတဲ့အခါ လျင်မြန်စွာ quickly wake up လုပ်တာကို hibernation လို့ ခေါ်ပါတယ်..
Printers and Faxes
ကိုယ့်မှာ printer ရှိမယ်ဆိုရင် control panel ထဲမှာ printer ကို install လုပ်ရပါတယ် ဒါမှ ကွန်ပျူတာကသိမှာဖြစ်တယ်..Add printer wizard တည်ဆောက်ပြီးမှ printer ကိုအသုံးပြုလို့  ရမှာဖြစ်တယ်..printer sharing ယူတဲ့ စက်မှာကျတော့ Add printer wizard ကိုဆောက်စရာမလိုပါ ဘူး..printer နဲ့ ကွန်ပျူတာချိတ်ဆက်ထားတဲ့ စက်တစ်လုံးသာ လျင်လုပ်ဆောင်ရမှာဖြစ်တယ်..
Regional and Language Options
ဘာသာစကားတစ်ခုထက်ပိုတဲ့  language တွေကိုအသုံးပြုရတဲ့အခါမှာ ဒီနေရာမှာ လာပြီးတော့ add ပေးရတယ်..တရုတ်၊ဂျပန်၊ရုရှား စတဲ့  language တွေကို add ပေးလိုက်တာနဲ့ အသုံးပြုနိုင်တယ် ..သီးသန့် ဆော့ဝဲနဲ့ တင်ပေးစရာမလိုတော့ဘူး..ကီးဘုတ်မှ ကီးတွေ ရိုက်လို့ ကိုယ်လိုချင်တဲ့  language မထွက်တဲ့အခါမျိုး၊key setting Adjust လုပ်နိုင်တယ်..Alt+shift+Ctrl
ကီးတွေကို မိမိစိတ်ကြိုက်ပြောင်းပြီးတော့ထားနိုင်တယ်..
Scanners and Cameras
Scanner အသစ်ဆိုရင် ကွန်ပျူတာက ကိုယ်တပ်ဆင်လိုက်တဲ့ scanner ကို သိဖို့  ဒီနေရာမှာ လာပြီးတော့Add ပေးရတယ်…
Schesduled Task
ကွန်ပျူတာအသုံးပြုသူအနေဖြင့်အလုပ်များလို့ ပဲဖြစ်ဖြစ် ကွန်ပျူတာကို ဘယ်အချိန်ကျရင် maintainance လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ်မေ့နေရင် Scheduled Tasks ဆွဲပြီး လုပ် ဆောင်နိုင် တယ်..ဥပမာ defragment လုပ်မယ်ဆိုပါစို့ တစ်ပတ်မှာ ဘယ်နေ့ ဘယ်အချိန် မှာ defragmenent လုပ်မယ်ဆိုပြီးတော့ သတ်မှတ်ပေးလို့ ရပါတယ်..တစ်ခုတော့ရှိတယ်..scheduled tasks ဆွဲထား တဲ့အတိုင်းဖြစ်စေချင်တယ်ဆိုရင် ကွန်ပျူတာတော့ဖွင့်ထားဖို့ လိုမယ်..
Security Center
Computer Security နဲ့ ပက်သက်တဲ့ virus protection ပြုလုပ်ခြင်း automatic updates ပြုလုပ်ခြင်း firewall on/off ပြုလုပ်ခြင်း စတဲ့ လုပ်ငန်းတွေကိုလာေ၇ာက်ပြီးပြုပြင်ပြောင်းလဲနိုင်တယ်
Sounds and Devices
အသံနဲ့ ပက်သက်တဲ့ sound setting ကိုပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ နေရာဖြစ်ပါတယ်..volume ကိုmute (ပိတ်ထားခြင်း)လုပ်ခြင်း taskbar မှာ speaker icon ထားခြင်း/ဖြုတ်ခြင်း sound channel ကို2.1(သို့ )5.1 ထားခြင်းစတာတွေကိုပြုလုပ်နိုင်တယ်..
Speech Properties
ကွန်ပျူတာမှ document တစ်ခုမှ text တစ်ပုဒ်ကို အသံထွက်ဘာသာပြန်ခိုင်းတယ်ဆိုပါစို့  အဲလိုဘာသာပြန်ရာမှာဒီနေရာကနေ မိမိလိုသလို အနှေးအမြန် သတ်မှတ်ပေးနိုင်တယ်….
System.
System ကနေဘာလုပ်လို့ ရနိုင်သလဲဆိုရင် computerရဲ့  configuration တွေ hardware profileတွေ ကို detail ကြည့်ရှု့ နိုင်တယ်..Device manager ကိုလဲသွားနိုင်တယ် virtual memory(page file ) တွေသတ်မှတ်ပေးနိုင်တယ်..ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံး remote desktop နဲ့ ဆက်သွယ်မယ်ဆို Allow ပေးဖို့ အတွက် Remote Desktop ကိုသုံးပြုနိုင်တယ်..
Taskbar and Start Menu.
Taskbar နဲ့ start menu မှာ မိမိလိုချင်တဲ့ icon တွေကို ဘယ်icon တွေကိုတော့ ထားမယ်/ဖြုတ်မယ်..taskbar ကို hide လုပ်မယ်/မလုပ်ဘူး စတာတွေပြင်နိုင်တယ်..
User Accounts.
User account တွေလုပ်မယ်..password ပေးမယ်(သို့ )password ကို remove လုပ်မယ်.account type တွေ change မယ် Account ရဲ့  icon တွေကို မိမိလိုချင်တဲ့ icon ပြောင်းလဲမယ်..စတာတွေကို လုပ်နိုင်တယ်..
Windows Firewall
Windows firewall on/off လုပ်မယ်ဆိုရင် ဒီနေရာမှာပြင်နိုင်တယ်..ဘာကြောင့်fire wall on/off
လုပ်ရသလဲဆိုရင် တစ်ချို့ သော sharing file တွေကျတော့ workgroup မှာလာလာညှိတတ်လွန်းလို့  firewall ကို off လုပ်ထားပေးမှရတာတွေရှိတယ်…နောက် virus အန္တရယ် ကိုလဲကာ ကွယ် ပေး နိုင်တယ်..
Wireless Network Setup Wizard
အချို့ သောWireless network ကိုအသုံးပြုမယ်ဆိုရင် စက်မှာအရင် setupလုပ်ပေးရတယ်..setup လုပ်ပေးဖို့ လိုအပ်တယ်ဆိုရင် ဒီနေရာမှာလုပ်ပေးရမယ်..ခုနောက်ပိုင်း တော်တော်များများတော့ တန်းချိတ်လို့ ရပါတယ်..
အဆင်ပြေပါကြပါစေခင်ဗျာ..