ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, September 21, 2011

Autorun Virus ကိုအလွယ်တကူကာကွယ်ရအောင်

ကျွန်တော့ကိုညီလေးတစ်ယောက်မေးဖူးပါတယ်..Autorun Virus တွေကိုဘယ်လို ကာကွယ်လို့ရ
မလဲလို့မေးဖူးပါတယ်..ကျွန်တော်လဲအဲ့ဒီညီလေးကို အကိုအဲ့ဒီအကြောင်းနဲ့ပါတ်သတ်ပြီး ပို့စ်တစ်ခု
တင်ပေးပါမယ်လို့ပြောခဲ့ပါတယ်..ကျွန်တော်လဲ ဒီကြားထဲမှာ ရပ်ဝန်းဘက်ကို အားရုံလှည့်နေရ
တာနဲ့ စာရေးတဲ့ဘက်ကို ဦးမတည်နိုင်ခဲ့ပါဘူး ..။ ဒါပေမယ့် ဒီနေ့တော့ Antirun ဆိုတဲ့ကောင်လေး
ကိုတွေ့လို့အားလုံးအတွက်အဆင်ပြေမယ်ထင်လို့ပြန်ရှယ်ပေးလိုက်ပါတယ်..ဒီကောင်လေးက သုံး
ရတာလဲ အဆင်ပြေပါတယ်..ဒီကောင်လေးကို မိမိတို့ရဲ့ကွန်ပျုတာမှာ Install လုပ်ထားလိုက်ယုံပါပဲ
ဘယ် USB Drive ကိုမဆိုမိမိတို့ရဲ့ကွန်ပျူတာမှာ တပ်လိုက်ပြီဆိုတာနဲ့ ဒီကောင်လေးက အချက်ပြ
ပါလိမ့်မယ်..တကယ်လို့ USB Drive မှာ Virusမရှိဘူးဆိုရင်  Autorun not detected  ဆိုပြီးပြနေ
ပါလိမ့်မယ်..ဒါဆိုရင်ကျွန်တော်တို့က Open Disk ကိုရွေးပြီး ဖွင့်လိုက်ယုံပါပဲ..။တကယ်လို့ မိမိတို့
တပ်လိုက်တဲ့ USB Drive မှာ Virus တစ်ခုခုပါလာပြီဆိုတာနဲ့ ဒီကောင်လေးကတန်းပြီးတော့
အချက်ပြပေးပါလိမ့်မယ်..သုံးရတာလဲအရမ်းကိုလွယ်ပါတယ်...အားလုံးပဲ အဆင်ပြေပါစေဗျာ...



ဒေါင်းရန်... တကူ သားလေး

No comments:

Post a Comment