ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label HTC ဖုန်း Root လုပ်နည်းများ. Show all posts
Showing posts with label HTC ဖုန်း Root လုပ်နည်းများ. Show all posts

Sunday, August 25, 2013

HTC ရဲ့ Official Website ကို မြန်မာလို ကြည့်နိုင်ပြီ..


HTC သမားတွေ သိပြီးသားလည်းဖြစ်နိုင်ပါတယ်.. မသိသေးသူတွေအတွက် HTC ရဲ့ Official Website ကို မြန်မာလို ကြည့်နိုင်ပါတယ်..

အဲဒါကတော့ http://www.htc.com/mm/ ဖြစ်ပါတယ်ခင်ဗျာ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

HTC ဖုန်းများအတွက် CWM များစုစည်းမှု


HTC တွေအတွက် CWM တွေဖြစ်ပါတယ်.. Service သမားတွေနဲ့ ဖုန်းကလိနေသူတွေ လိုအပ်မှာပါ.. ဖိုင်တွေကို စိတ်ရှည်လက်ရှည် တင်ထားပေးသူကတော့  Chteau Man လို့သိရပါတယ်.. သူ့ရဲ့ Blog နဲ့ Website လိပ်စာမသိရတဲ့အတွက် လင့် ညွှန်းမပေးနိုင်တာ နားလည်ပေးပါ.. အောက်မှာဖေါ်ပြထားတဲ့ HTC Model တွေရဲ့ CWM တွေပါ.. လင့်တွေက များလွန်းတော့ ပြန်ပြီး တင်ပေးနေရရင် ပို့စ်တစ်ပုဒ်နဲ့တင် မိတ်ဆွေများ အချိန်ကြာသွားနိုင်တဲ့အတွက် Notepad လေးလုပ်ပြီး တင်ပေးလိုက်ပါတယ်.. လင့်တွေ အကုန်လုံးရှိပါတယ်. စစ်ပြီးပါပြီ..
HTC Amaze              
HTC Desire              
HTC Desire CDMA      
HTC Desire HD         
HTC Desire S             
HTC EVO 3D (GSM)   
HTC Droid DNA          
HTC Evo                   
HTC EVO 3D             
HTC Evo Shift           
HTC EVO View 4G     
HTC EVO LTE           
HTC G2                   
HTC Hero (CDMA)    
HTC Hero (GSM)      
HTC HD2                
HTC Holiday            
HTC Incredible (CDMA)
HTC Incredible 2         
HTC Magic                  
HTC MyTouch 4G         
HTC Incredible S         
HTC MyTouch 4G Slide 
HTC One S                  
HTC One X (GSM)        
HTC Pico                     
HTC Thunderbolt          
HTC Rezound               
HTC Sensation             
Dream                        
Wildfire S CWMA          
Wildfire S                    
HTC ClickTattoo               


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

HTC ဖုန်းများအတွက် All In One Toolkit တွေ စုစည်းမှု


 HTC ဖုန်းများအတွက် All In One Toolkit တွေ စုစည်းထားတဲ့ နေရာတစ်ခု တွေ့ထားလို့ ပြန်လည် မျှဝေလိုက်ပါတယ်.. ဗားရှင်းအဟောင်းတွေကနေ နောက်ဆုံးထွက် ဗားရှင်းထိ တင်ထားတာတွေ့ပါတယ်.. အောက်က ဖုန်း Model တွေအလိုက် ဒေါင်းလို့ရပါတယ်....
Desire C   
 Desire S   
 Desire V   
 Desire X   
 Droid DNA
 Droid Incredible 4G LTE
 Evo 4G LTE
 Explorer
 First
 MyTouch 4G Slide   
 Nexus 7 (2013 Model/Flo/Deb)
 One (ALL VARIANTS)
 One S
 One V
 One X (International Model/Tegra 3)
 One X Plus
 One X/Evita (ATT/Roger/Telstra)
 Rezound   
 Sensation   
 Vivid
 Wildfire S


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Thursday, May 30, 2013

RegawMOD EVO 4G LTE Rooter သုံးပြီး HTC EVO 4G LTE ကို Root နည်း


RegawMOD EVO 4G LTE Rooter သုံးပြီး HTC EVO 4G LTE ကို Root လို့ရတဲ့နည်းလေး မျှဝေချင်ပါတယ်..
ပထမဆုံး လိုအပ်တာလေးတွေ. ဒေါင်းပါ..
1. RegawMOD EVO 4G LTE Rooter For 32bit  HERE or HERE
    RegawMOD EVO 4G LTE Rooter For 64bit        HERE
2. HTC Driver
3. .Net Frame 4.0

ဒေါင်းပြီးသွားရင်.. Driver နဲ့ .Net 4.0 မရှိသေးသူက Install လုပ်လိုက်ပါအုံးနှော်..
ကဲ. စမယ်..
1. ကိုယ့် Windows OS အလိုက် RegawMOD EVO 4G LTE Rooter For 32bit (သို့မဟုတ်) RegawMOD EVO 4G LTE Rooter For 64bit ကို Run ပါ..
2. ဖုန်းကို USB Debugging နဲ့ Unknown Source ကို On ထားပြီး USB ကြိုးသုံးကာ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ..
3. Driver ကိုသိတယ်. ဆိုရင် Computer မှာ ဖုန်းပုံတက်လာပြီး အဲဒီထဲမှာ ROOT ME ဆိုပြီး ပေါ်လာမှာဖြစ်ပါတယ်.. အဲဒါကိုနှိပ်လိုက်ပါ.. အဲဒီမှာ Warning တွေ တက်လာနိုင်ပါတယ်.. USB Debugging ကို On မထားတာတို့. Driver မသိတာတို့ပေါ့ဗျာ.. အားလုံး သိတယ် . ဆိုရင်တော့ အဆင်ပြေပါတယ်.. သူ့အလိုလိုလုပ်သွားပါလိမ့်မယ်.. နောက်ဆုံး ပြီးခါနီးလေးမှာ Root ပြီးကြောင်းကို Warning တက်သလို တက်လာမှာဖြစ်ပါတယ်.. ဒီအတိုင်းထားလိုက်ပါ.. ဖုန်းပုံမှာ အစိမ်းရောင်စာတွေ အလုပ်လုပ်ရင်း နောက်ဆုံးတော့ အားလုံးပြီးဆုံးသွားမှာဖြစ်ပါတယ်..

Sunday, March 10, 2013

HTC Desire HD ကို root လုပ်နည်း

ဒီနည်းလမ်းက HTC Desire HD ဖုန်းတွေအတွက်ပါ။ root လုပ်နည်းကလည်းလွယ်ပါတယ်။ VISIONary plus လို့ခေါ်တဲ့ ဖုန်းထဲမှာ
သွင်းရတဲ့ root လုပ်တဲ့ application ကို download လုပ် VISIONary ကိုအောက်မှာရယူနိုင်ပါတယ်။
VISIONary plus အားရယူရန်
ဖုန်းထဲမှာသွင်းရတဲ့ root လုပ်တဲ့ application ကို ။ ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် အဲဒီ application လေးထဲဝင်ပြီး the ‘Set system r/w after root’ ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် Temproot now ကိုနှိပ်ပြီး root လုပ်လိုက်။အောက်ကပုံအတိုင်းပါ

၁ မိနစ်လောက်ကြာရင် temproot လုပ်လို့ပြီးပါပြီ။ ပြီးရင် ‘Attempt Permroot Now!’ ကိုနှိပ်ပြီး permroot လုပ်ပါ ။ Permroot လုပ်လို့ပြီးပြီဆိုရင် ဖုန်းက reboot လုပ်ပါလိမ့်မယ်။ ဒါဆိုရင် HTC Desire HD ကို root လုပ်လို့ပြီးပါပြီ။
‘Temproot now’ အဆင့်မှာတင် ဖုန်းက root လုပ်ပြီးသားဖြစ်နေပါပြီ။ (ဒါပေမယ့် တစ်ခုသတိပေးချင်တာက ဒီနည်းနဲ့ root လုပ်တာက ဖုန်းကို power ပိတ်ပြီးပြန်ဖွင့်တာပဲဖြစ်ဖြစ် ၊ ဖုန်းကို reboot လုပ်တာပဲဖြစ်ဖြစ် လုပ်မိရင် ဖုန်းက unroot ပြန်ဖြစ်သွားပါတယ်။ အဲဒိလိုဖြစ်သွားရင် ခုနက လုပ်ခဲ့တဲ့အတိုင်း VISIONary application လေးထဲဝင်ပြီး Temproot now ကိုနှိပ်ပြီး root ပြန်လုပ်ပေးလိုက်ပါ။) အဲဒါကြောင့် Attempt Premroot Now အဆင့်ထိပြီးအောင်လုပ်ပေးပါ။

HTC ဖုန်းများအား root လုပ်နည်း နှင့် Custom ROM တင်နည်း


လိုအပ်တဲ့ software တွေကိုအရင်ရယူလိုက်ပါ။
Titanium Backup အားရယူရန်
HTC driver အားရယူရန်
Revolutionary 0.4 pre4 အားရယူရန်
ROM Manager အားရယူရန် သုံးဖိုင်စလုံးကို download လုပ်ပြီးပြီဆိုရင် HTC driver ကိုကွန်ပျူတာထဲမှာ အရင်ဆုံး install လုပ်ထားလိုက်ပါ။
ပြီးရင် Titanium Backup ကို ဖုန်းထဲမှာ install လုပ်ထားပါ။ ပြီးရင် Titanium Backup ကိုသုံးပြီးဖုန်းထဲက data တွေကို backup လုပ်ထားရပါမယ်။ ပြီးရင် backup လုပ်လို့ရတဲ့ဖိုင်ကို
sd card ထဲမှာပဲသိမ်းထားပါ။
နောက်ထပ်လိုအပ်တာကတော့ Rebolutionary 0.4 ထဲမှာထည့်ဖို့ ကိုယ့်ဖုန်းရဲ့ Beta Key ပါ။ အဲဒီ key ကို http://revolutionary.io မှာ သွားရောက် download လုပ်ရမှာပါ။
download နေရာမှာ Download for windows ဆိုတာကို နှိပ်လိုက်ရင် အပြာရောင် box လေးတစ်ခုပေါ်လာပါမယ်။ အောက်ပုံအတိုင်းပါ။

အဲဒီ box ထဲမှာ ကိုယ့် HTC ဖုန်းအမျိုးအစား တွေဘာတွေရွေး ၊ပြီးရင် Serial number ထည့်ရပါမယ်။ Serial number က ဖုန်း Battery ကိုဖြုတ်ကြည့်လိုက်ပါ။
ပြီးရင် Serial number ဖြည့်ပြီးရင် Generate Key ကိုနှိပ်လိုက်ပါ။ Beta Key ရလာပါလိမ့်မယ်။ Key ကိုခဏမှတ်ထားလိုက်ပါ။ အောက်အဆင့်ကျရင် ပြန်သုံးမှာပါ။
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ ခုနက download လုပ်ထားတဲ့ Revolutionary 0.4 pre4 zip ဖိုင်လေးကို ဖြည်ပြီး အဲဒီထဲက Revolutionary.exe ကို run ပါ။


command screen တွေပေါ်လာပြီး Beta Key တောင်းရင် ခုနက ရထားတဲ့ Beta Key ကိုထည့်ပေးလိုက်ပါ။ Beta Key ကိုထည့်ပြီြး့ပီဆိုရင်တော့ ဖုန်းက
Temporary root လုပ်ပါလိမ့်မယ်။ root ပြီးသွားတာနဲ့ ဖုန်းက S-OFF ဖြစ်သွားပြီး reboot လုပ်ပါလိမ့်မယ်။ ပြီးရင် ဖုန်းထဲကို ကိုယ်ကြိုက်တဲ့ Custom Rom တင်ပါမယ်။ နောက်ဆုံးထွက် Custom Rom ကို တင်ချင်ရင် ဒီနေရာ မှာဝင်ရောက်ရယူပါ။
ရယူပြီးပြီဆိုရင် SD card ထဲကိုထည့်ထားပါ။ ပြီးရင် download လုပ်ထားတဲ့ROM Manager ကို ဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် ROM Manager ထဲကိုဝင်ပြီး install from SD card
ကိုနှိပ်ပြီး ခုနက SD card ထဲကိုထည့်ထားတဲ့ Custom ROM ကို ရွေးပေးလိုက်ရင် သူ့ဘာသာသူ reboot ဖြစ်သွားပြီး install လုပ်ပါလိမ့်မယ်။


install ပြီးသွားလို့ နောက်ထပ် reboot ဖြစ်သွားပြီးရင် ROM တင်လို့ပြီးပြီဖြစ်ပါတယ်။

HTC Sensation 4G ကို Root လုပ်နည်း

HTC ဖုန်းတွေဟာ Security မြင့်မားတာကြောင့် ဖုန်းကို root လုပ်ရာမှာ တခြားဖုန်းတွေထက် ပိုပြီး ခက်ခဲပါတယ်။ အခုပြောပြမှာက HTC Sensation ကို root လုပ်တဲ့နည်းပါ။
ဖုန်းဆိုင်တွေမှာ သွားပြီး root လုပ်ရင် အနည်းဆုံး သောင်းဂဏန်းလောက်ပေးရမှာဆိုတော့ ကိုယ့်ဘာသာ လုပ်နိုင်အောင် မြန်မာ Mobile Application Store မှတင်ပြလိုက်ရပါတယ်။
HTC Sensation ကို root လုပ်ဖို့ရာအတွက် ပထမဆုံးအနေနဲ့ ဖုန်းကို S-OFF ဖြစ်အောင်လုပ်ရပါမယ်။ S-OFF ဖြစ်အောင်လုပ်တဲ့နည်းကိုအရင်ပြောပါမယ်။
ROM Manager Premium အားရယူရန်
ROM Manager Premium ကို download လုပ်ပြီးပြီဆိုရင် ဖုန်းမှာ install လုပ်လိုက်ပါ။
နောက်ထပ်လိုအပ်တာကတော့ Rebolutionary 0.4 ဆော့ဝဲပါ ။ အဲဒီ ဆော့ဝဲကို ကို http://revolutionary.io မှာ သွားရောက် download လုပ်ရမှာပါ။
download နေရာမှာ Download for windows ဆိုတာကို နှိပ်ပြီး download လုပ်ပါ။ ပြီးတော့ခုနက Download for windows ကိုနှိပ်လိုက်ရင် အပြာရောင် box လေးတစ်ခုပေါ်လာပါမယ် ။
အဲဒီ box ထဲမှာ ကိုယ့် HTC ဖုန်းအမျိုးအစား HTC Sensation ကိုရွေး ၊ပြီးရင် Serial number ထည့်ရပါမယ်။ Serial number က ဖုန်း Battery ကိုဖြုတ်ကြည့်လိုက်ပါ။
ပြီးရင် Serial number ဖြည့်ပြီးရင် Generate Key ကိုနှိပ်လိုက်ပါ။ Beta Key ရလာပါလိမ့်မယ်။ Key ကိုခဏမှတ်ထားလိုက်ပါ။ အောက်အဆင့်ကျရင် ပြန်သုံးမှာပါ။
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ ခုနက download လုပ်ထားတဲ့ Revolutionary 0.4 pre4 zip ဖိုင်လေးကို ဖြည်ပြီး အဲဒီထဲက Revolutionary.exe ကို run ပါ။
command screen တွေပေါ်လာပြီး Beta Key တောင်းရင် ခုနက ရထားတဲ့ Beta Key ကိုထည့်ပေးလိုက်ပါ။ Beta Key ကိုထည့်ပြီြး့ပီဆိုရင်တော့ ဖုန်းက
S-OFF ဖြစ်အောင်လုပ်ပါလိမ့်မယ်။ S-OFF ဖြစ်သွားပြီဆိုရင် ဖုန်းက auto reboot လုပ်ပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင် ဖုန်းက S-OFF ဖြစ်သွားပါပြီ။
ဒုတိယအဆင့်အနေနဲ့ ဖုန်းထဲကို ClockModRecovery ဖိုင် ကိုသွင်းရပါမယ်။ ClockModRecovery ဖိုင်ကိုအောက်မှာရယူလိုက်ပါ။
ClockModRecovery ဖိုင်အားရယူရန်
download လုပ်လို့ရလာတဲ့ ClockModRecovery ဖိုင်ရဲ့နာမည်က PG58IMG ဆိုတဲ့နာမည်လေးနဲ့ ဇစ်ဖိုင်လေးပါ။ အဲဒီဖိုင်လေးကို ဖုန်းရဲ့ SD card ထဲကို copy ကူးထည့်ထားပါ။
ပြီးရင် ခုနက ဖုန်းထဲမှာသွင်းထားတဲ့ ROM Manager Premium ထဲကိုဝင်ပြီး Reboot into Recovery ထဲကိုဝင်လိုက်ပါ။ Recover ထဲကိုဝင်မှာလားလို့မေးရင်
Yes လုပ်ပြီး Recovery ထဲကိုဝင်ပါ။ ဖုန်းက auto reboot လုပ်ပြီး recovery ထဲကိုဝင်ပါလိမ့်မယ်။ recovery mode ထဲကိုရောက်ပြီဆိုရင်
၅ကြောင်းမြောက်က “ install zip from sdcard” ထဲကို ၀င်လိုက်ပါ။ အဲဒီထဲက နှစ်ကြောင်းမြောက်မှာ “ choose zip from sdcard” ဆိုတာလေးပါပါတယ်။
အဲဒီထဲကိုဝင်ပြီး စောစောက sd card ထဲကို ထည့်လိုက်တဲ့ PG58IMG.zip ဖိုင်ကိုရွေးပေးပြီး recovery လုပ်ပါ။ ပြီးရင် ဖုန်းက auto reboot ဖြစ်သွားပါမယ်။
နောက်ဆုံးအဆင့်အနေနဲ့ HTC Sensation ကို root လုပ်ဖို့အတွက် ဆက်ပြောပါမယ်။ လိုအပ်တဲ့ tool ကို အောက်မှာ ရယူလိုက်ပါ။
Su-2.3.6.3-ef-signed.zip ဖိုင်အားရယူရန်
download လုပ်ပြီးပြီဆိုရင်တော့ဖုန်းရဲ့ SD card ထဲကို copy ကူးထည့်လိုက်ပါ။ ခုနကအတိုင်းပဲ ဖုန်းထဲမှာသွင်းထားတဲ့ ROM Manager Premium ထဲကိုဝင်ပြီး
Reboot into Recovery ထဲကိုဝင်လိုက်ပါ။ Recover ထဲကိုဝင်မှာလားလို့မေးရင်Yes လုပ်ပြီး Recovery ထဲကိုဝင်ပါ။ ဖုန်းက auto reboot လုပ်ပြီး recovery ထဲကိုဝင်ပါလိမ့်မယ်။
recovery mode ထဲကိုရောက်ပြီဆိုရင်၅ကြောင်းမြောက်က “ install zip from sdcard” ထဲကို ၀င်လိုက်ပါ။ အဲဒီထဲက နှစ်ကြောင်းမြောက်မှာ “ choose zip from sdcard” ဆိုတာလေးပါပါတယ်။
အဲဒီထဲကိုဝင်ပြီး စောစောက sd card ထဲကို ထည့်လိုက်တဲ့ Su-2.3.6.3-ef-signed.zip ဖိုင်ကိုရွေးပေးပြီး root လုပ်ပါ။ root process ပြီးပြီဆိုရင်
ဖုန်းက auto reboot လုပ်ပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့ HTC Sensation ဖုန်းဟာ root ဖြစ်သွားပြီဖြစ်ပါတယ်။

HTC ဖုန်းတွေကို Root/S-Off /Unlock BootLoader လုပ်ဖို့ HTC Super Tool v3



HTC ဖုန်းတွေကို Root/S-Off /Unlock BootLoader လုပ်ဖို့ HTC Super Tool v3 ကိုတင်ပေးလိုက်ပါတယ်။ ဒီ Tool လေးကို XDA Developer Forum မှ FRIGID ကရေးသားထားခြင်းဖြစ်ပါတယ်။ ဒီ Tool လေးနဲ့ root/S-OFF/unlock bootloader လုပ်လို့ရတဲ့ HTC Devices တွေကတော့
HTC Sensation, Evo Design 4g, Evo 4g, Evo 3d, Evo Shift, G2, MT3Gs, MT4G, MT4Gs, Inspire, Sensation, Incredible, Wildfire S စတဲ့ဖုန်းများပဲဖြစ်ပါတယ်။

(ဒီနည်းလမ်းဟာ Software version 1.19.651.1 နှင့် အဲဒီအရင်ထုတ် version တွေအတွက်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)
အရင်ဆုံးလိုအပ်တဲ့ Tools တွေကိုအရင်ရယူလိုက်ပါ။
HTC Super Tool v3 အားရယူရန်
HTC ဖုန်း Driver အားရယူရန်
နှစ်ခုစလုံးကို download ရယူပြီးပြီဆိုရင်တော့ HTC Driver ကိုကွန်ပျူတာမှာအရင် install လုပ်ထားပါ။ ပြီးရင် HTC Super Tool v3 ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။
ဖြည်လိုက်ရင် Super Tool.exe နဲ့ Root ဆိုတဲ့ဖိုင်လေးနှစ်ဖိုင်ရပါမယ်။ အောက်ပုံအတိုင်းပါ။
ပြီးရင်မိမိကွန်ပျူတာနဲ့ဖုန်းကို USB Cable ဖြင့်ချိတ်ဆက်ပါ။ ဖုန်းကို USB Debugging Enabled မလုပ်ရသေးပါက ဖုန်းရဲ့ Settings> Application> Development ထဲက USB Debugging ကို အမှန်ခြစ်ပေး(Enabled)လိုက်ပါ။

ပြီးလျှင် Super Tool.exe ကို run လိုက်ပါ။
အဲဒီမှာ Root,S-OFF,Unlock Bootloader စတာတွေကို 1,2,3,4 စတဲ့သက်ဆိုင်ရာခလုတ်တွေကိုနှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
root လုပ်မယ့်သူများအနေနဲ့ဖုန်းက S-OFF ဖြစ်ပြီးသွားဆိုရင်တော့ 1 (Prep Using zergRush)ခလုတ်ကိုနှိပ်ပြီးခဏစောင့်ပါ။ စက္ကန့်အနည်းငယ်လောက်စောင့်ပြီးရင် 3(Attempt to perm Root) ခလုတ်ကိုနှိပ်ပါ။ Root လုပ်တာပြီးပြီဆိုရင်တော့ ဖုန်းကို reboot လုပ်ပါ။ ပြန်တက်လာပြီဆိုရင် ဖုန်းထဲမှာ ယုန်အရိုးခေါင်းပုံလေးနဲ့ SuperUser application လေးကိုမြင်ရပြီဆိုရင် အဲဒီ application လေးထဲကိုဝင်ပါ။

SuperUser Request တောင်းလာရင် Allow ကိုနှိပ်ပါ။ ဒါဆိုရင် root လုပ်လို့ပြီးစီးပြီဖြစ်ပါတယ်။
Source: XDA Developer

HTC ဖုန်းများကို root လုပ်ခြင်း (How to root HTC)


အခုနောက်ပိုင်းထွက်တဲ့ HTC ဖုန်းများဟာ one click root နဲ့ တင် root လုပ်လို့မရတော့ပါဘူး။ ဒါဆို အခုပြောမယ့် step တွေအတိုင်း မိမိတို့ရဲ့ HTC ဖုန်းကို root လုပ်ကြရအောင်။
Requirement တွေအနေနဲ့ကတော့ 1.Htc Driver ( Download form mediafire http://www.mediafire.com/?jfi4bq3udrabw5a)

2.Htc Super Tool v.3 (Download ACS HTC Super Tool @ Goo-Inside.me )

3.htcdev.com မှာ register လုပ်ရပါ့မယ်။(ဒီနေရာမှာ account register လုပ်တာကိုမပြောတော့ပါဘူး။လုပ်ရတာလွယ်ပါတယ်)
ကဲစလိုက်ရအောင်
htc driver ကို install လုပ်ပါ။
www.htcdev.com မှာ register လုပ်လိုက်ပါ။
ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး Usb debugging ကို အမှန်ချစ်ပေးထားပါ။ဖုန်းမှာ Htc sync ပေါ်လာရင် cancle လုပ်ပေးလိုက်ပါ။
win key+R ကနေ cmd ကိုခေါ်ပါ။
cmd မှာ fastboot oem get_identifier_token လို့ရိုက်ပါ။

ဒါဆိုရင်တော့ အောက်ကပုံ ၂  ပုံ (တပုံမဟုတ်တပုံ) မှာပြထားတဲ့အတိုင်း စာတွေပေါ်လာလာလိမ့်မယ်။အဲ့ဒီစာတွေထဲ့က hight light ပြထားတဲ့စာတွေကိုကူးပါ။ ( Right Click > Mark > highlight the block of text >enter ခေါက်လိုက်ရင် clipboard ပေါ်မှာကော်ပီကူးပြီးသားဖြစ်သွားပါလိမ့်မယ်).




ကော်ပီကူးရမယ့်စာသားအစက
<<<< Identifier Token Start >>>>  ဖြစ်ပြီး
အဆုံးလိုင်းက
<<<<< Identifier Token End >>>>> ဖြစ်ပါတယ်။

စောနက select မှတ်ပြီး copy ကူးထားတဲ့ စာတွေကို token field မှာဖြည့်ပြီး ကိုယ့်ဖုန်းအတွက် unlock binary file ကို
http://htcdev.com/bootloader/unlock-instructions/page-3/
ကနေ တောင်းရမှာပါ။
Example:

ဒီ form ထဲက  enter token ဆိုတဲ့နေရာမှာ ဖြည့်ရမှာပါ။

http://dl.dropbox.com/u/9552633/upload%20imgs/token.png
Submit ကိုနှိပ်ပြီး တဲ့အခါမှာတော့ htcdev ကနေပြီး သင့်အီးမေးလ်ကို Unlock_code.bin ဆိုတဲ့ attachment တခုနဲ့ အီးမေးလ်တစောင်ပို့ပါလိမ့်မယ်။အဲ့ဒီ .bin ကို htcsupertool ရှိတဲ့ folder ထဲ မှာ ထည့်လိုက်ပါ။
http://dl.dropbox.com/u/9552633/upload%20imgs/unlock%20code.png
  1. cmd မှာ fastboot flash unlocktoken Unlock_code.bin လို့ရိုက်ပါ။အောက်ကပုံအတိုင်း ပေါ်ပါလိမ့်မယ်။
  2. ဒါကဖုန်းမှာပေါ်လာတဲ့ပုံပါ။

ဖုန်းမှာအခုလိုပုံပေါ်လာရင် vol up key ကိုနှိပ်ပြီး power ကိုနှိပ်ပြီး bootloader ကို unlock လုပ်တာကို accept လုပ်ရမှာပါ။သတိထားရမှာက အခုလိုလုပ်လိုက်တဲ့အခါ ဖုန်းက factory reset ကြသွားမှာဖြစ်တဲ့အတွက် back up လုပ်ထားဖို့လိုပါလိမ့်မယ် ( contact တွေ message တွေ)။Accept လုပ်လိုက်ရင် ဖုန်း restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာတော့ boot loader unlock ဖြစ်သွားပါပြီ။
boot loader unlock ဖြစ်သွားတဲ့အတွက် S-Off ဖြစ်သွားပါပြီ။
htc super  tool v.3 ကို ဖွင့်ပါ။
http://dl.dropbox.com/u/9552633/upload%20imgs/htctool.png
ကျွန်တော်ကတော့ 1 နဲ့ 2 ကို နှိပ်လိုက်တယ်။ပြီးရင် 3 ကိုနှိပ်လိုက်တယ်။အောက်ကပုံအတိုင်းဖြစ်သွားတယ် :D
http://dl.dropbox.com/u/9552633/upload%20imgs/rooted%20htc.png
Well done.ဖုန်းမှာ super user ပုံလေးပေါ်ပြီဆိုရင် root လုပ်လို့ပြီးသွားပါပြီ။

HTC ဖုန်းများကို root လုပ်ခြင်း (last update)


အရင်ဆုံး HTC Driver ကို download လုပ်ပြီး ကွန်ပျူတာထဲမှာ install လုပ်ထားပါ။
HTC Driver အားရယူရန် ပြီးရင်မိမိရဲ့ဖုန်းကို USB Debugging enabled လုပ်ထားပါ။ ဖုန်းရဲ့ Settings> Application> Development ထဲက USB Debugging ကို အမှန်ခြစ်ပေး(Enabled)လိုက်ပါ။
root လုပ်ဖို့အတွက် အရင်ဆုံးဖုန်းကို S-OFF ဖြစ်အောင်လုပ်ရပါမယ်။ S-OFF ဖြစ်အောင်လုပ်ဖို့အတွက် မိမိဖုန်းရဲ့ Serial number, HBoot Version တွေကိုသိထားရပါမယ်။ မိမိဖုန်းရဲ့ Serial number ကိုကြည့်ဖို့အတွက် Settings > About Phone > Phone Identity ထဲသို့သွားပါ။ မိမိဖုန်းရဲ့ Serial number ကိုတွေ့ရပါမယ်။ အဲဒီ serial number ကို notepad ပေါ်မှာခဏမှတ်ထားပါ။ ပြီးရင် မိမိဖုန်းရဲ့ HBoot version ကိုကြည့်ရပါမယ်။ HBoot Version ကိုကြည့်ရင်းနဲ့ အဲဒီနေရာမှာ တစ်ခါတည်း မိမိဖုန်းက S-ON လား S-OFF လားကြည့်ရမှာပါ။ S-OFF ဖြစ်နေပြီးသားဆိုရင်တော့ အောက်ကအဆင့်တွေလုပ်ဖို့မလိုပါဘူး။ root တန်းလုပ်ရုံပါပဲ။ HBoot Version ကြည့်ဖို့လွယ်ကူတဲ့နည်းကိုပဲပြောပါ့မယ်။
အရင်ဆုံး HTC Super Tool v3 ကိုအရင်ရယူပါ။
HTC Super Tool v3 အားရယူရန်
ပြီးရင် HTC Super Tool ဇစ်ဖိုင်ကို ဇစ်ဖြေပြီး SuperTool.exe ကို run ပါ။
အောက်ကပုံအတိုင်းပေါ်လာရင် HBoot ကြည့်ဖို့အတွက် ဖုန်းရဲ့ Fastboot setting ထဲကိုဝင်ရပါမယ်။ 4 ခလုတ်ကိုနှိပ်ပြီး enter ခေါက်ပါ။
Press Any Key To continue လို့ပေါ်လာရင် Enter ထပ်ခေါက်ပါ။
“Go To htcdev.com and register an account and login” ဆိုတာပေါ်လာရင် Enter ထပ်ခေါက်ပါ။
“Rebooting To Fastboot”လို့ပေါ်လာပြီး ဖုန်းရဲ့ fastboot setting ထဲကိုစ၀င်ပါလိမ့်မယ်။ ဖုန်းမှာ အလိုအလျောက် reboot ကျသွားပြီး အဖြူရောင် screen နဲ့ fastboot ထဲကိုရောက်သွားပါလိမ့်မယ်။ fastboot ထဲက ဒုတိယမြောက်စာကြောင်းမှာ HBOOT 1.17.1011 ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒါ မိမိဖုန်းရဲ့ HBoot version ပါပဲ။ အဲဒီ HBoot version ကိုလဲ ခဏနေကျရင်သုံးရမှာမို့လို့ သေချာမှတ်ထားပါ။ ပြီးရင် FastBoot ထဲကနေပြန်ထွက်ပါမယ်။ အလွယ်ဆုံးကတော့ ဖုန်းရဲ့ Battery ကိုဖြုတ် ၊ ပြန်ထည့်ပြီး ဖုန်းကိုဝါပါပြန်ဖွင့်လိုက်ပါ။ (ခုနက FastBoot ထဲမှာတုန်းက ပထမဆုံးအကြောင်းမှာ S-ON ဆိုတဲ့စာလုံးပါရင် မိမိဖုန်းကို S-OFF ဖြစ်အောင် လုပ်ရမှာပါ။ အောက်ပုံအတိုင်းပါ)
ပြီးရင် http://revolutionary.io မှာ S-OFF လုပ်ဖို့ ဆော့ဝဲကိုရယူပါ။ Download လင့်ကိုနှိပ်လိုက်တဲ့အခါမှာ ဆော့ဝဲကိုစတင် download လုပ်ပါ။ တစ်ဆက်တည်းပဲ အဲဒီမှာ အောက်ကပုံအတိုင်းပေါ်လာရင် မိမိကွန်ပျူတာရဲ့ Operating System , Device အမျိုးအစားတွေ ,ခုနကကြည့်ထားတဲ့ HBoot Version နဲ့ ခုနက ခဏမှတ်ထားတဲ့ မိမိဖုန်းရဲ့ Serial number တွေကိုထည့်လိုက်ပါ။
အဲဒါဆိုရင် Beta Key ပြန်ပေးပါလိမ့်မယ်။ အဲဒီ Beta Key ကိုခဏသိမ်းထားပါ။
ပြီးရင် ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ခုနက download လုပ်ထားတဲ့ revolutionary-0.4pre4 ဇစ်ဖိုင်လေးကို ဇစ်ဖြည်ပြီး အထဲက revolutionary.exe ကို run ပါ။ HTC Driver install လုပ်ပြီးဖြစ်ပါက မိမိဖုန်းကို အလိုလျောက်သိနေပါလိမ့်မည်။ အဲဒီမှာ Beta Key တောင်းပါလိမ့်မယ်။
ခုနက revolutionary ကနေ မိမိဖုန်းရဲ့ version,serial တွေနဲ့ရယူထားတဲ့ beta key ကိုထည့်ပါ။ Beta Key ထည့်တာ မှန်တယ်ဆိုရင် ဖုန်းသည် လေးကြိမ်းခန့်အလိုအလျောက် Fast boot ထဲဝင်ပါလိမ့်မည်။ နောက်ဆုံးတစ်ကြိမ် reboot လုပ်ပြီးလျှင် မိမိဖုန်းသည် FastBoot ထဲသို့ရောက်သွားပါလိမ့်မည်။ အဲဒီကျရင် ဒုတိယမြောက်စာကြောင်းကိုကြည့်လိုက်ပါ။ ခုနက S-OFF ဖြစ်နေတာလေး အခု S-OFF ဖြစ်သွားသည်ကိုတွေ့ရပါမယ်။
root လုပ်ဖို့ကိုတော့ HTC Super Tool v3 နဲ့ပဲလုပ်ပါ။ HTc Super V3 ကိုဖွင့်ပြီး အဲဒီထဲက နံပါတ် ၁ ကဏ္ဍကိုစတင်လုပ်ဆောင်ပါမယ်။ 1 ကိုအရင်နှိပ်ပါ။ Enter ခေါက်ပါ။ ပြီးရင် နံပါတ်3 ကဏ္ဍကိုဆက်လုပ်ပါမယ်။ 3 ကိုနှိပ် Enter ခေါက်ပြီး root လုပ်ပါ။ ပြီးရင်ဖုန်းကို Reboot လုပ်ပါ။ ပြန်တက်လာရင် ယုန်အရိုးခေါင်းပုံနဲ့Super User ဆော့ဝဲလေးရောက်နေပြီလားကြည့်။ ရှိတယ်ဆိုရင် ၀င်ကြည့်။ Permission တောင်းရင် accept လုပ်။ ဒါဆို root ဖြစ်ပြီ ။


(တစ်ခါတစ်ရံကျရင် Super User application ထဲကိုဝင်သော်လည်း Permission Request မတောင်းပါဘူး။ အဲဒီကျရင် Root Explorer ဆော့ဝဲကို ဖုန်းထဲ install လုပ်ပြီး root explorer ဆော့ဝဲထဲကိုဝင်ကြည့်ပါ။ Super User Permission Request တောင်းတယ်ဆိုရင် root ဖြစ်ပါပြီ။ Accept လုပ်ပေးလိုက်ပါ)

HTC One S ကို root လုပ်နည်း



ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် ဖုန်းဟာ Bootloader Unlock ဖြစ်ရပါမယ်။ Bootloader Unlock လုပ်နည်းကို အောက်က link မှာဝင်ရောက်ကြည့်ရှုပါ။
HTC Bootloader Unlock လုပ်နည်း
ကွန်ပျူတာမှာ HTC ဖုန်း Driver သွင်းထားရပါမယ်။ မသွင်းရသေးဘူးဆိုရင် အောက်က link ကနေ driver ကိုရယူပြီး သွင်းထားပါ။
HTC Driver for Windows အားရယူရန်
HTC One S ကို root လုပ်ဖို့လိုအပ်တဲ့ tool ဖြစ်တဲ့ HTC One S All in One Toolkit ကိုရယူထားပါ။
HTC One S All in one tool kit အားရယူရန်
-download လုပ်လို့ရလာတဲ့ Onxr ဇစ်ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဖိုဒါတစ်ခုဆောက်ပြီး ဇစ်ဖြည်ထားပါ။
ဖုန်းရဲ့ USB Debugging ကို အမှန်ခြစ်ပေး (Enabled) လုပ်ထားပါ။ ဖုန်းရဲ့ setting ထဲက developer option ထဲမှာ USB Debugging ရှိပါတယ်။
ပြီးရင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးဖြင့်ချိတ်ဆက်ပါ။ ချိတ်ဆက်ရာမှာ ဖုန်းကို “Charge Only mode” မှာပဲထားပါ။ Charge Only mode ကိုဘယ်လိုထားရမလဲ ဆိုတော့ Notifications Bar ကိုဆွဲချလိုက်ပါ။ အဲဒီက USB Connection type ကိုနှိပ်လိုက်ပြီး “Charge Only” mode ကိုပြောင်းလို့ရပါတယ်။
ပြီးရင် ကွန်ပျူတာထဲမှာ download လုပ်ထားတဲ့ HTC One S All in One toolkit ကိုဇစ်ဖြည်လို့ရလာတဲ့ထဲက One S.exe ကို run လိုက်ပါ။
အောက်ကပုံအတိုင်းပေါ်လာပါမယ်။


အပေါ်ပုံမှာတွေ့ရတဲ့အတိုင်း Commands ဆိုတဲ့အကွက်ထဲမှာ Boot into Recovery ဆိုတာပါပါတယ်။ အဲဒါကို select ပေးပြီး Run ခလုတ်ကိုနှိပ်လိုက်ပါ။
ဒါဆို၇င် ဖုန်းက reboot ကျသွားပြီ Recovery ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။
ပြီးရင် အပေါ်ပုံမှာတွေ့ရတဲ့အတိုင်း Extra ဆိုတဲ့အကွက်ထဲမှာ Perm Root(GB/ICS) ဆိုတာပါ ပါတယ်။ အဲဒါကို select ပေးပြီး Run ခလုတ်ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်တော့ root process စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ root လုပ်ပြီးသွားရင် စက်က rebootကျပါလိမ့်မယ်။ ပြန်တက်လာပြီဆိုရင်တော့
All Application ထဲမှာ “#” သင်္ကေတလေးနဲ့ Super User ဆော့ဝဲလေးရှိနေပြီလားကြည့်ပါ။ ရှိနေပြီဆိုရင်တော့ root လုပ်တာအောင်မြင်ပြီဖြစ်ပါတယ်။

HTC sensation ICS 4.0.3, hboot 1.27.0000 ကို root လုပ်နည်း၊ မြန်မာဖောင့် ထည့်နည်း

Myanmar Mobile App ရဲ့ Myanmar Mobile Users Group မှ Ko Wunna ရေးသားထားသောပို့စ်တစ်ခုဖြစ်ပါတယ်။ Myanmar Mobile App မှ Users များလေ့လာနိုင်အောင်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ပို့စ်ရေးသားသူ- Ko Wunna

HTC sensation ကိုလဲ OTA update ပီးခဲ့တဲ့ ရက်ပိုင်းက release လုပ်ပေးပါတယ်။ Android version 4.0.3 (ICS) နှင့် Sense 3.6 ပါ။


Root လုပ်ပီး မြန်မာဖောင့် ထည့်ချင်သူတွေအတွက် အောက်ပါနည်းအတိုင်း လုပ်ကြည့်ပါ။ အဆင်ပြေပါတယ်.. ကိုယ်တိုင် လုပ်ကြည့်ပီးသားပါ။

လိုအပ်တာလေးကို ဒေါင်းလိုက်ပါ
https://www.box.com/s/8a4ca9aba980a6cd3653 (ဒေါင်းပီး extract လုပ် Window C: တွင် folder အလိုက်ထည့်ထား၇န်)
HTC Driver https://www.box.com/s/4fcb6ca270b332db6fbc (မရှိမှ ဒေါင်း၇န် )

၁။ ပထမဆုံး HTCDEV မှာ bootloader ကို unlock လုပ်ရပါမယ်။ အသေးစိတ် လုပ်နည်းကြည့်လိုပါက
http://www.myanmarmobileapp.com/?p=13592


၂။ Recovery ( CWM ) ကို အင်စတော လုပ်ပါမယ်။


( အပေါ်မှာ ဒေါင်းထားတဲ့ Android ဆိုတဲ့ zip file ကို extract လုပ်ပီး Window C မှာ ထည့်ထားတယ်လို. ယူဆပါတယ် )
ဖုန်းမှာ fastboot ကို disable လုပ်ပါ ( phone setting > power > fastboot > remove mark
ဖုန်းမှာ usb debugging ကို enable လုပ်ပါ ( phone setting > development > Enable usb debugging)

ပီးရင် ဖုန်းကို ပိတ်လိုက်ပါ။ volume down ကို ဖိထားပါ၊ ပီးရင် power ကို ဖိထားပါ bootloader ထဲ ရောက်သွားပါမယ်။ ဖုန်းနဲ ကွန်ပြူတာကို usb ကြိုးနဲ ဆက်လိုက်ပါ။ fastboot usb plug လို ပေါ်လာရင် power button ကို နှိပ်ပီး ရွေးလိုက်ရင် FASTBOOT USBှဆိုတဲ့ စာတန်း ပေါ်ရပါမယ် မပေါ်ရင် မှားနေပါသေးတယ်။ ဒါမှမဟုတ် htc driver install မလုပ်ရသေးလို.ပါ။

cmd ကို ဖွင့်ပီး run as administrator အဖြစ်နဲ run ပါ။ ပီးရင် cmd မှာ အောက်က စာကို ရိုက်ပါ။

cd c:Android ( bootloader unlock လုပ်တုန်းကလဲ လုပ်ဖူးမှာပါ )
fastboot flash recovery recovery.img ( flash လုပ်ပါလိမ့်မယ် )
ဘာပြဿနာမှ မတွေ.ရင် recovery cwm install လုပ်ပီးသွားပါပီ။


recovery mode ရမရ စစ်ကြည့်နည်းကတော့ bootloader ( vol down + power ) ထဲ ၀င်လိုက်ပီး recovery ဆိုတာလေးကို vol down နဲ ရွေးပီး power button ကို နှီပ်ကြည့်လိုက်ပါ အောက်ပါ ပုံစံအတိုင်း ပေါ်လာပါမယ်။

( Recovery လုပ်လို. ရသွားပီဆိုရင် recovery mode ကနေ.. backup လုပ်ထားစေချင်ပါတယ်။ Nandroid backup လို. ခေါ်ပါတယ်။ အလွန်ကောင်းပါတယ်။ ဖုန်းကို ကလိတာ လွန်သွားလို. တခုခုဖြစ်သွား၇င် backup ကို restore လုပ်ပေးလိုက်ရင် အကုန် ပြန်ကောင်းပါတယ်)

၃။ Root လုပ်နည်း


ဒေါင်းထားတဲ့ Android folder ထဲမှာ ပါတဲ့ CWM_SuperSU_v0.89 ဆိုတဲ့ zip ဖိုင်လေးကို ဖုန်း SD card ထဲ ထည့်လိုက်ပါ။ ဘယ် folder ထဲကိုမှ မထည့်ပါနဲ။
ပီးရင် ဖုန်းကို ပိတ်လိုက်ပီး Recovery CWM ထဲကို ၀င်လိုက်ပါ။ ( vol down + power button)
( use vol down & up to navigate and use power button to choose )

install zip from sdcard ဆိုတာကို ရွေးပေးပါ..ပီးရင် အခုန ထည့်ထားတဲ့ CWM_SuperSU_v0.89 လိုက်ရှာပီး flash လုပ်လိုက်ပါ Super user ကို အင်စတော လုပ်ပေးပါလိမ့်မယ်။
ပီး၇င် reboot system now ကို ရွေးပီး ပြန်ထွက်လိုက်ပါ။
SuperSU (superuser) ကို အင်စတော လုပ်ပီးသွားရင် root လုပ်တာ ပီးသွားပါပီ.. root access ရပါပီ။

၎။ မြန်မာဖောင့် ထည့်နည်း၊ ကီးဘုတ် အင်စတောလုပ်နည်း
Root explorer နဲ လုပ်တဲ့ နည်းကို recommend လုပ်ပါတယ်..
http://www.myanmarmobileapp.com/?p=2521
Font Changer ကို သုံးပီးလဲ ထည့်လို. ရပါတယ်

HTC Sensation XL ICS 4.0.3 ကို root လုပ်နည်း နှင့် မြန်မာဖောင့်ထည့်သွင်းနည်း



### This root guide is for htc sensation XL with ICS 4.0.3 , hboot 1.28.0006
( hboot version သတိပြုရန်)

လိုအပ်တာတွေကို ဒိကနေ ဒေါင်းလိုက်ပါ 23.3 Mb ရှိပါတယ်။ အထဲမှာ လိုအပ်တာတွေကိုပဲ အကုန်ထည့်ပေးထားပါတယ်။ ဒေါင်းနေတဲ့ အချိန်မှာ ပိုစ်ကို ဖတ်ကြည့်ပါ။ https://www.box.com/s/8a4ca9aba980a6cd3653

ဒိနည်းက HTC sensation XL ကို ICS တင်ပီးတော့မှ root လုပ်ချင်တဲ့သူတွေအတွက် ပါ။
ကျနော်ကိုယ်တိုင် လုပ်ပီးလို. အားလုံးအောင်မြင်ပါတယ်။

htc ကို Root လုပ်ကြတာ များသောအားဖြင့်ကတော့ Myanmar font ကို အသုံးပြုချင်လို. များပါတယ်။
# Root လုပ်ပီး မြန်မာဖောင့် အင်စတော လုပ်ရုံအတွက်သာဆိုရင် နံပါတ် 1,2,3,4 ကိုသာ လုပ်ရန်
# custom Rom တွေ တင်ချင်လို.၊ ဒါမှမဟုတ်..စူးစမ်းလုပ်ရတာ သဘောကျတဲ့သူတွေအတွက်တော့ S-off ပါ လုပ်ထားလိုက်ပါ


နံပါတ် (၁ ) HTCDEV ကနေ တဆင့် bootloader ကို unlock လုပ်ရပါမယ်။ http://www.htcdev.com/bootloader/
( unlock လုပ်နည်းကိုတော့ ရှည်မှာ စိုးလို. အသေးစိတ်ရေးမပြတော့ပါဘူး၊ အကျဉ်းချုပ်အနေနဲ gmail နဲ အကောင့်တခုလုပ်၊ ဖုန်း list မှာ sensation xl ပေါ်မနေရင် all other supported models ကိုသာ ရွေးပေးလိုက် ပီး သူတို. ရှင်းပြထားတဲ့အတိုင်း instruction တွေကို တခုပီး တခု လိုက်လုပ်သွားရင် gmail ကို unlock_code.bin ဆိုတာလေး ပို.ပေးပါမယ်။ အဲဒါလေးကို adb & fastboot folder ထဲမှ ထည့်ပေးပီး cmd ကနေ တဆင့် unlock လုပ်ရမှာပါ. cmd အသုံးပြနည်းက အသေးစိတ် ရှင်းပြထားပါတယ်။ download တွေကိုတော့ ဒိအောက်ကနေပဲ ဒေါင်းလိုက်ပါ။ သူတို. ဒေါင်းခိုင်းတာတွေကို တခုမှ မဒေါင်းပါနဲတော့။ တကယ်လိုအပ်တာပဲ ဆွဲထုပ်ပေးထားတာပါ။
** htc driver မရှိသေးပါက အင်စတော လုပ်ရပါမယ်။ htc syn install လုပ်ထားပါက အင်စတော လုပ်ရန်မလို htc syn ကို uninstall လုပ်ပီး driver only ကိုသာချန်ထားရန်။
** အပေါ်မှာ ဒေါင်းထားတဲ့ Android ဆိုတဲ့ zip file ကို extract လုပ်ပီး Window C မှာ ထည့်ထားလိုက်ပါ။
** download လုပ်ခိုင်းသည်များကို ဒေါင်းရန် မလိုပါ။ အပေါ်ဆုံး ဒေါင်းသည့် အထဲတွင် အကုန်ပါ။

unlock bootloader လုပ်ပီးပါက bootloader ထဲ ၀င်ကြည့်ပါက unlocked ဆိုတာ ပေါ်နေပါလိမ့်မယ်. bootloader ကို ၀င်နည်း မသိပါက (phone setting > power > fastboot > remove mark & power 0ff and then press & hold vol ( — ) and power button together )

နံပါတ် (၂ ) Recovery ( CWM ) ကို အင်စတော လုပ်ပါမယ်။
( အပေါ်မှာ ဒေါင်းထားတဲ့ Android ဆိုတဲ့ zip file ကို extract လုပ်ပီး Window C မှာ ထည့်ထားတယ်လို. ယူဆပါတယ် )
ဖုန်းမှာ fastboot ကို disable လုပ်ပါ ( phone setting > power > fastboot > remove mark
ဖုန်းမှာ usb debugging ကို enable လုပ်ပါ ( phone setting > development > Enable usb debugging)

ပီးရင် ဖုန်းကို ပိတ်လိုက်ပါ။ volume down ကို ဖိထားပါ၊ ပီးရင် power ကို ဖိထားပါ bootloader ထဲ ရောက်သွားပါမယ်။ ဖုန်းနဲ ကွန်ပြူတာကို usb ကြိုးနဲ ဆက်လိုက်ပါ။ fastboot usb plug လို ပေါ်လာရင် power button ကို နှိပ်ပီး ရွေးလိုက်ရင် FASTBOOT USBှဆိုတဲ့ စာတန်း ပေါ်ရပါမယ် မပေါ်ရင် မှားနေပါသေးတယ်။ ဒါမှမဟုတ် htc driver install မလုပ်ရသေးလို.ပါ။

cmd ကို ဖွင့်ပီး run as administrator အဖြစ်နဲ run ပါ။ ပီးရင် အောက်က စာကို ရိုက်ပါ။ (တကြောင်းပီးမှ တစ်ကြောင်း ရိုက်ရန် )

cd c:Android ( bootloader unlock လုပ်တုန်းကလဲ လုပ်ဖူးမှာပါ )
fastboot flash recovery recovery_for_1.28.img ( flash လုပ်ပါလိမ့်မယ် )

ဘာပြဿနာမှ မတွေ.ရင် recovery cwm install လုပ်ပီးသွားပါပီ။
recovery mode ရမရ စစ်ကြည့်နည်းကတော့ bootloader ( vol down + power ) ထဲ ၀င်လိုက်ပီး recovery ဆိုတာလေးကို vol down နဲ ရွေးပီး power button ကို နှီပ်ကြည့်လိုက်ပါ အောက်ပါ ပုံစံအတိုင်း ပေါ်လာပါမယ်

( Recovery လုပ်လို. ရသွားပီဆိုရင် recovery mode ကနေ.. backup လုပ်ထားစေချင်ပါတယ်။ Nandroid backup လို. ခေါ်ပါတယ်။ အလွန်ကောင်းပါတယ်။ ဖုန်းကို ကလိတာ လွန်သွားလို. တခုခုဖြစ်သွား၇င် backup ကို restore လုပ်ပေးလိုက်ရင် အကုန် ပြန်ကောင်းပါတယ်)
နံပါတ် (၃ ) Root လုပ်နည်း

ဒေါင်းထားတဲ့ Android folder ထဲမှာ ပါတဲ့ CWM_SuperSU_v0.88 ဆိုတဲ့ zip ဖိုင်လေးကို ဖုန်း SD card ထဲ ထည့်လိုက်ပါ။ ဘယ် folder ထဲကိုမှ မထည့်ပါနဲ။
ပီးရင် ဖုန်းကို ပိတ်လိုက်ပီး Recovery CWM ထဲကို ၀င်လိုက်ပါ။ ( vol down + power button)
( use vol down & up to navigate and use power button to choose )

install zip from sdcard ဆိုတာကို ရွေးပေးပါ..ပီးရင် အခုန ထည့်ထားတဲ့ CWM_SuperSU_v0.88 လိုက်ရှာပီး flash လုပ်လိုက်ပါ Super user ကို အင်စတော လုပ်ပေးပါလိမ့်မယ်။
ပီး၇င် reboot system now ကို ရွေးပီး ပြန်ထွက်လိုက်ပါ။
SuperSU (superuser) ကို အင်စတော လုပ်ပီးသွားရင် root လုပ်တာ ပီးသွားပါပီ.. root access ရပါပီ။


နံပါတ် (၄) မြန်မာဖောင့် ထည့်နည်း၊ ကီးဘုတ် အင်စတောလုပ်နည်း

Root လုပ်ပီးသွားရင်တော့ မြန်မာဖောင့်ထည့်နည်းတို. ကီးဘုတ် သွင်းနည်းတို.ကတော့ MMUG မှာ မေးလိုက်ရင် ဖြေချင်တဲ့သူတွေ တန်းစီနေပါလိမ့်မယ်.. :P
Root explorer သုံးပီး ထည့်တဲ့ နည်းကို recommend လုပ်ပါတယ်.
font changer သုံးရင်တော့ busybox.apk ကို အင်စတော လိုပါတယ်



နံပါတ် ( ၅ ) S-off လုပ်နည်း ( security-off)
S-off လုပ်တာကတော့ လူတိုင်းမလိုပါဘူး။ Custom Rom တွေ တင်ချင်တဲ့သူတွေ။ ဒါမှမဟုတ်.. Android ကို စိတ်ဝင်စားလို. ကလိချင်တဲ့သူတွေအတွက် ဖုန်းတခုလုံးကို control ရသွားအောင် လုပ်တဲ့နည်းပါ။ ကိုယ်ထည့်ချင်တာတွေ ထည့်လို. ရပါတယ်.. kernel, hboot, radio.. etc.
Custom Rom ဆိုတာတွေကတော့ ဖြတ်ညှပ်ကပ် လုပ်ထားတဲ့ Rom တွေပါ။ original rom ကိုပဲ ဖြစ်ဖြစ် မလိုတာတွေကို ဖြုတ်.. လိုတာတွေ ထည့် အကောင်းဆုံးဖြစ်အောင် ပြုပြင်ထားတဲ့ Rom အမျိုးအစားတွေပါ ။ ဒါမှမဟုတ် တခြားဖုန်းအမျိုးအစားက Rom ကို ကိုယ်ဖုန်းမှာ တင်လို. ရအောင် ပြုပြင်ပေးထားတာ ဥပမာ One- X, One-S က နောက်ဆုံးပေါ် Rom ကို ကိုယ်ဖုန်းကို တင်လို.ရအောင် ပြလုပ်ပေးထားတဲ့ Rom တွေ။
စိတ်ပါဝင်စားလို. S-off လုပ်ချင်သပ ဆိုရင်တော့ အောက်ပါ site အတိုင်းသာ လိုက်လုပ်လိုက်ပါ။
အရမ်းရှည်နေမှာ စိုးလို. အသေးစိတ်မရှင်းပြတော့ပါဘူး။ မရှင်းတဲ့ နေရာ မေးနိုင်ပါတယ်။
http://unlimited.io/runnymede/



(မှတ်ချက် hboot 1.25.xxxx အတွက် recovery cwm ကို Android.zip တွင် ထည့်မပေးထားပါ။ မိမိ hboot က 1.25.xxxx ဖြစ်နေပါက 1.28.xxxx နေရာတွင် အစားထိုးရပါမည်။

HTC Wildfire S A510e (software no- 2.26.165.1) အတွက် Root လုပ်နည်း


ဒီRoot နည်းလေးက MMUG MEMBER ကို ဟန်ဝင်းသူ  ရေးသားချက်ကို  ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
HTC ဖုန်းတွေဟာ Security ပိုင်းမြင့်မားတဲ့အတွက် Root လုပ်ရာမှာ One Click Rooting Application မျိုးတွေနဲ့ တော်ရုံအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်လုပ်ကြည့်ပြီး (Li J Min/
ကိုရန်နိုင် နှင့် Jo Gar တို့ရဲ့လမ်းပြချက်အရ) သိရှိထားတဲ့ Root လုပ်နည်းလေးတစ်ခုကို MMAS မှ Member များနဲ့ ၀င်ရောက်ကြည့်ရှုသူများအတွက် (ကိုမျိုးကရေးဖို့အားပေးတဲ့အတွက်) ဖော်ပြလိုက်ပါတယ်။
လိုအပ်ချက်များအနေနဲ့ -
ပထမဦးဆုံး သင့်ရဲ့ဖုန်းဟာ Bootloader Unlock လုပ်ဖို့လိုပါလိမ့်မယ်။
Bootloader Unlock လုပ်နည်းအား ဒီ Link မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်
https://www.facebook.com/groups/mmua.mobile/doc/358196730929542/
Bootloader Unlock ဖြစ်သွားပြီဆိုရင်တော့ Recovery Mode နဲ့ Root မှာဖြစ်တဲ့အတွက် ဒုတိယအဆင့်အနေနဲ့ Clockwork Mod သွင်းဖို့လိုပါလိမ့်မယ်။

Clockwork Mod သွင်းရန် ဒီ Link မှာ ကြည့်ပါ
https://www.facebook.com/groups/mmua.mobile/doc/352248658191016/
Clockwork Mod သွင်းပြီးသွားရင်တော့ root.zip ဖိုင်လေးကို ဒေါင်းပြီး ဖုန်းရဲ့ SD ကဒ်ထဲကိုထည့်လိုက်ပါ။
root.zip
http://forum.xda-developers.com/attachment.php?attachmentid=672519
ပြီးရင်ဖုန်းကိုပိတ်လိုက်ပါ။
- ဖုန်းရဲ့ Power Button နဲ့ Volume Down Button ကို တွဲပြီး စက္ကန့်အနည်းငယ်ကြာတဲ့အထိ နှိပ်ပါ။
HBOOT Screen ပေါ်လာလျှင် Volume Down Key နဲ့ Recovery ကိုသွားကာ Power Key ကိုနှိပ်ပါ။
ဖုန်းက Beep တစ်ချက်ဖြစ်ပြီး HTC Logo တက်လာကာ ClockworkMod Recovery ထဲကိုရောက်သွား ပါလိမ့်မယ်။
Volume Down Key နဲ့ – install zip from sdcard ဆိုတာကိုရွေးပြီး Power Key ကိုနှိပ်ပါ။

choose zip from sdcard ဆိုတာကို ထပ်ရွေးပါ။ root.zip ဆိုတာကိုရှာပြီး ရွေးပေးပါ။ ပြီးလျှင် YES ကိုရွေးပါ။ ထို့နောက် ပုံအတိုင်း Install
လုပ်သွားပါလိမ့်မယ်။

 
 
Install လုပ်ပြီးသည်နှင့် Install from sdcard complete ဆိုတာပေါ်လာပါမယ်။
Go Back ကိုရွေးပါ။ power off ဆိုတာကိုရွေးပြီးသည်နှင့် ဖုန်းကပါဝါပိတ်သွားပါလိမ့်မယ်။
ဖုန်းပြန်ဖွင့်လိုက်လျှင်တော့ သင့်ဖုန်းထဲမှာ Super User Icon လေးရှိနေတော့မှာပါ။
တချို့ဖုန်းတွေမှာ Super User Icon လေးမပေါ်တတ်ပါဘူး။ Super User.apk ဆိုတာလေးကို Install လုပ်ပေးရတတ်တယ်လို့ သိရပါတယ်။ ဒါဆိုရင် Root
Explorer လို Application တွေတင်ပြီးတော့ စမ်းသပ်ကြည့်လိုက်ပါ။