ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, March 10, 2013

HTC Wildfire S A510e (software no- 2.26.165.1) အတွက် Root လုပ်နည်း


ဒီRoot နည်းလေးက MMUG MEMBER ကို ဟန်ဝင်းသူ  ရေးသားချက်ကို  ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
HTC ဖုန်းတွေဟာ Security ပိုင်းမြင့်မားတဲ့အတွက် Root လုပ်ရာမှာ One Click Rooting Application မျိုးတွေနဲ့ တော်ရုံအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်လုပ်ကြည့်ပြီး (Li J Min/
ကိုရန်နိုင် နှင့် Jo Gar တို့ရဲ့လမ်းပြချက်အရ) သိရှိထားတဲ့ Root လုပ်နည်းလေးတစ်ခုကို MMAS မှ Member များနဲ့ ၀င်ရောက်ကြည့်ရှုသူများအတွက် (ကိုမျိုးကရေးဖို့အားပေးတဲ့အတွက်) ဖော်ပြလိုက်ပါတယ်။
လိုအပ်ချက်များအနေနဲ့ -
ပထမဦးဆုံး သင့်ရဲ့ဖုန်းဟာ Bootloader Unlock လုပ်ဖို့လိုပါလိမ့်မယ်။
Bootloader Unlock လုပ်နည်းအား ဒီ Link မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်
https://www.facebook.com/groups/mmua.mobile/doc/358196730929542/
Bootloader Unlock ဖြစ်သွားပြီဆိုရင်တော့ Recovery Mode နဲ့ Root မှာဖြစ်တဲ့အတွက် ဒုတိယအဆင့်အနေနဲ့ Clockwork Mod သွင်းဖို့လိုပါလိမ့်မယ်။

Clockwork Mod သွင်းရန် ဒီ Link မှာ ကြည့်ပါ
https://www.facebook.com/groups/mmua.mobile/doc/352248658191016/
Clockwork Mod သွင်းပြီးသွားရင်တော့ root.zip ဖိုင်လေးကို ဒေါင်းပြီး ဖုန်းရဲ့ SD ကဒ်ထဲကိုထည့်လိုက်ပါ။
root.zip
http://forum.xda-developers.com/attachment.php?attachmentid=672519
ပြီးရင်ဖုန်းကိုပိတ်လိုက်ပါ။
- ဖုန်းရဲ့ Power Button နဲ့ Volume Down Button ကို တွဲပြီး စက္ကန့်အနည်းငယ်ကြာတဲ့အထိ နှိပ်ပါ။
HBOOT Screen ပေါ်လာလျှင် Volume Down Key နဲ့ Recovery ကိုသွားကာ Power Key ကိုနှိပ်ပါ။
ဖုန်းက Beep တစ်ချက်ဖြစ်ပြီး HTC Logo တက်လာကာ ClockworkMod Recovery ထဲကိုရောက်သွား ပါလိမ့်မယ်။
Volume Down Key နဲ့ – install zip from sdcard ဆိုတာကိုရွေးပြီး Power Key ကိုနှိပ်ပါ။

choose zip from sdcard ဆိုတာကို ထပ်ရွေးပါ။ root.zip ဆိုတာကိုရှာပြီး ရွေးပေးပါ။ ပြီးလျှင် YES ကိုရွေးပါ။ ထို့နောက် ပုံအတိုင်း Install
လုပ်သွားပါလိမ့်မယ်။

 
 
Install လုပ်ပြီးသည်နှင့် Install from sdcard complete ဆိုတာပေါ်လာပါမယ်။
Go Back ကိုရွေးပါ။ power off ဆိုတာကိုရွေးပြီးသည်နှင့် ဖုန်းကပါဝါပိတ်သွားပါလိမ့်မယ်။
ဖုန်းပြန်ဖွင့်လိုက်လျှင်တော့ သင့်ဖုန်းထဲမှာ Super User Icon လေးရှိနေတော့မှာပါ။
တချို့ဖုန်းတွေမှာ Super User Icon လေးမပေါ်တတ်ပါဘူး။ Super User.apk ဆိုတာလေးကို Install လုပ်ပေးရတတ်တယ်လို့ သိရပါတယ်။ ဒါဆိုရင် Root
Explorer လို Application တွေတင်ပြီးတော့ စမ်းသပ်ကြည့်လိုက်ပါ။

No comments:

Post a Comment