ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, March 10, 2013

HTC ဖုန်းများအား root လုပ်နည်း နှင့် Custom ROM တင်နည်း


လိုအပ်တဲ့ software တွေကိုအရင်ရယူလိုက်ပါ။
Titanium Backup အားရယူရန်
HTC driver အားရယူရန်
Revolutionary 0.4 pre4 အားရယူရန်
ROM Manager အားရယူရန် သုံးဖိုင်စလုံးကို download လုပ်ပြီးပြီဆိုရင် HTC driver ကိုကွန်ပျူတာထဲမှာ အရင်ဆုံး install လုပ်ထားလိုက်ပါ။
ပြီးရင် Titanium Backup ကို ဖုန်းထဲမှာ install လုပ်ထားပါ။ ပြီးရင် Titanium Backup ကိုသုံးပြီးဖုန်းထဲက data တွေကို backup လုပ်ထားရပါမယ်။ ပြီးရင် backup လုပ်လို့ရတဲ့ဖိုင်ကို
sd card ထဲမှာပဲသိမ်းထားပါ။
နောက်ထပ်လိုအပ်တာကတော့ Rebolutionary 0.4 ထဲမှာထည့်ဖို့ ကိုယ့်ဖုန်းရဲ့ Beta Key ပါ။ အဲဒီ key ကို http://revolutionary.io မှာ သွားရောက် download လုပ်ရမှာပါ။
download နေရာမှာ Download for windows ဆိုတာကို နှိပ်လိုက်ရင် အပြာရောင် box လေးတစ်ခုပေါ်လာပါမယ်။ အောက်ပုံအတိုင်းပါ။

အဲဒီ box ထဲမှာ ကိုယ့် HTC ဖုန်းအမျိုးအစား တွေဘာတွေရွေး ၊ပြီးရင် Serial number ထည့်ရပါမယ်။ Serial number က ဖုန်း Battery ကိုဖြုတ်ကြည့်လိုက်ပါ။
ပြီးရင် Serial number ဖြည့်ပြီးရင် Generate Key ကိုနှိပ်လိုက်ပါ။ Beta Key ရလာပါလိမ့်မယ်။ Key ကိုခဏမှတ်ထားလိုက်ပါ။ အောက်အဆင့်ကျရင် ပြန်သုံးမှာပါ။
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပါ။ ခုနက download လုပ်ထားတဲ့ Revolutionary 0.4 pre4 zip ဖိုင်လေးကို ဖြည်ပြီး အဲဒီထဲက Revolutionary.exe ကို run ပါ။


command screen တွေပေါ်လာပြီး Beta Key တောင်းရင် ခုနက ရထားတဲ့ Beta Key ကိုထည့်ပေးလိုက်ပါ။ Beta Key ကိုထည့်ပြီြး့ပီဆိုရင်တော့ ဖုန်းက
Temporary root လုပ်ပါလိမ့်မယ်။ root ပြီးသွားတာနဲ့ ဖုန်းက S-OFF ဖြစ်သွားပြီး reboot လုပ်ပါလိမ့်မယ်။ ပြီးရင် ဖုန်းထဲကို ကိုယ်ကြိုက်တဲ့ Custom Rom တင်ပါမယ်။ နောက်ဆုံးထွက် Custom Rom ကို တင်ချင်ရင် ဒီနေရာ မှာဝင်ရောက်ရယူပါ။
ရယူပြီးပြီဆိုရင် SD card ထဲကိုထည့်ထားပါ။ ပြီးရင် download လုပ်ထားတဲ့ROM Manager ကို ဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် ROM Manager ထဲကိုဝင်ပြီး install from SD card
ကိုနှိပ်ပြီး ခုနက SD card ထဲကိုထည့်ထားတဲ့ Custom ROM ကို ရွေးပေးလိုက်ရင် သူ့ဘာသာသူ reboot ဖြစ်သွားပြီး install လုပ်ပါလိမ့်မယ်။


install ပြီးသွားလို့ နောက်ထပ် reboot ဖြစ်သွားပြီးရင် ROM တင်လို့ပြီးပြီဖြစ်ပါတယ်။

No comments:

Post a Comment