ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, March 10, 2013

HTC Desire HD ကို root လုပ်နည်း

ဒီနည်းလမ်းက HTC Desire HD ဖုန်းတွေအတွက်ပါ။ root လုပ်နည်းကလည်းလွယ်ပါတယ်။ VISIONary plus လို့ခေါ်တဲ့ ဖုန်းထဲမှာ
သွင်းရတဲ့ root လုပ်တဲ့ application ကို download လုပ် VISIONary ကိုအောက်မှာရယူနိုင်ပါတယ်။
VISIONary plus အားရယူရန်
ဖုန်းထဲမှာသွင်းရတဲ့ root လုပ်တဲ့ application ကို ။ ဖုန်းထဲမှာ install လုပ်လိုက်ပါ ။ ပြီးရင် အဲဒီ application လေးထဲဝင်ပြီး the ‘Set system r/w after root’ ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် Temproot now ကိုနှိပ်ပြီး root လုပ်လိုက်။အောက်ကပုံအတိုင်းပါ

၁ မိနစ်လောက်ကြာရင် temproot လုပ်လို့ပြီးပါပြီ။ ပြီးရင် ‘Attempt Permroot Now!’ ကိုနှိပ်ပြီး permroot လုပ်ပါ ။ Permroot လုပ်လို့ပြီးပြီဆိုရင် ဖုန်းက reboot လုပ်ပါလိမ့်မယ်။ ဒါဆိုရင် HTC Desire HD ကို root လုပ်လို့ပြီးပါပြီ။
‘Temproot now’ အဆင့်မှာတင် ဖုန်းက root လုပ်ပြီးသားဖြစ်နေပါပြီ။ (ဒါပေမယ့် တစ်ခုသတိပေးချင်တာက ဒီနည်းနဲ့ root လုပ်တာက ဖုန်းကို power ပိတ်ပြီးပြန်ဖွင့်တာပဲဖြစ်ဖြစ် ၊ ဖုန်းကို reboot လုပ်တာပဲဖြစ်ဖြစ် လုပ်မိရင် ဖုန်းက unroot ပြန်ဖြစ်သွားပါတယ်။ အဲဒိလိုဖြစ်သွားရင် ခုနက လုပ်ခဲ့တဲ့အတိုင်း VISIONary application လေးထဲဝင်ပြီး Temproot now ကိုနှိပ်ပြီး root ပြန်လုပ်ပေးလိုက်ပါ။) အဲဒါကြောင့် Attempt Premroot Now အဆင့်ထိပြီးအောင်လုပ်ပေးပါ။

No comments:

Post a Comment