ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Sunday, March 10, 2013

HTC ဖုန်းတွေကို Root/S-Off /Unlock BootLoader လုပ်ဖို့ HTC Super Tool v3



HTC ဖုန်းတွေကို Root/S-Off /Unlock BootLoader လုပ်ဖို့ HTC Super Tool v3 ကိုတင်ပေးလိုက်ပါတယ်။ ဒီ Tool လေးကို XDA Developer Forum မှ FRIGID ကရေးသားထားခြင်းဖြစ်ပါတယ်။ ဒီ Tool လေးနဲ့ root/S-OFF/unlock bootloader လုပ်လို့ရတဲ့ HTC Devices တွေကတော့
HTC Sensation, Evo Design 4g, Evo 4g, Evo 3d, Evo Shift, G2, MT3Gs, MT4G, MT4Gs, Inspire, Sensation, Incredible, Wildfire S စတဲ့ဖုန်းများပဲဖြစ်ပါတယ်။

(ဒီနည်းလမ်းဟာ Software version 1.19.651.1 နှင့် အဲဒီအရင်ထုတ် version တွေအတွက်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)
အရင်ဆုံးလိုအပ်တဲ့ Tools တွေကိုအရင်ရယူလိုက်ပါ။
HTC Super Tool v3 အားရယူရန်
HTC ဖုန်း Driver အားရယူရန်
နှစ်ခုစလုံးကို download ရယူပြီးပြီဆိုရင်တော့ HTC Driver ကိုကွန်ပျူတာမှာအရင် install လုပ်ထားပါ။ ပြီးရင် HTC Super Tool v3 ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။
ဖြည်လိုက်ရင် Super Tool.exe နဲ့ Root ဆိုတဲ့ဖိုင်လေးနှစ်ဖိုင်ရပါမယ်။ အောက်ပုံအတိုင်းပါ။
ပြီးရင်မိမိကွန်ပျူတာနဲ့ဖုန်းကို USB Cable ဖြင့်ချိတ်ဆက်ပါ။ ဖုန်းကို USB Debugging Enabled မလုပ်ရသေးပါက ဖုန်းရဲ့ Settings> Application> Development ထဲက USB Debugging ကို အမှန်ခြစ်ပေး(Enabled)လိုက်ပါ။

ပြီးလျှင် Super Tool.exe ကို run လိုက်ပါ။
အဲဒီမှာ Root,S-OFF,Unlock Bootloader စတာတွေကို 1,2,3,4 စတဲ့သက်ဆိုင်ရာခလုတ်တွေကိုနှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
root လုပ်မယ့်သူများအနေနဲ့ဖုန်းက S-OFF ဖြစ်ပြီးသွားဆိုရင်တော့ 1 (Prep Using zergRush)ခလုတ်ကိုနှိပ်ပြီးခဏစောင့်ပါ။ စက္ကန့်အနည်းငယ်လောက်စောင့်ပြီးရင် 3(Attempt to perm Root) ခလုတ်ကိုနှိပ်ပါ။ Root လုပ်တာပြီးပြီဆိုရင်တော့ ဖုန်းကို reboot လုပ်ပါ။ ပြန်တက်လာပြီဆိုရင် ဖုန်းထဲမှာ ယုန်အရိုးခေါင်းပုံလေးနဲ့ SuperUser application လေးကိုမြင်ရပြီဆိုရင် အဲဒီ application လေးထဲကိုဝင်ပါ။

SuperUser Request တောင်းလာရင် Allow ကိုနှိပ်ပါ။ ဒါဆိုရင် root လုပ်လို့ပြီးစီးပြီဖြစ်ပါတယ်။
Source: XDA Developer

No comments:

Post a Comment