ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Wednesday, March 13, 2013

Pen Drive (သို့) Memory Stick ကို အတု၊အစစ် စစ်ဆေးနည်း


မင်္ဂလာပါ။အခုတလော Pen Drive ပဲဖြစ်ဖြစ် Memory Card ပဲဖြစ်ဖြစ် ၀ယ်တဲ့ အခါမှာ သိတိထားသင့်ပါတယ်။ဈေးနည်းတယ်
ဆိုပြီး မ၀ယ်သင့်ပါဘူး။အခုအချိန်မှာ အတုတွေတော်တော်များ
ဈေးကွက်ထဲကိုရောက်နေပါတယ်။တကယ်လို့သင်ဟာ သင့်ရဲ့ Pen Drive  (သို့) Memory Card ကို အတုလား အစစ်လားသိချင်ရင် အခုကျွန်တော်တို့ ပြောပြမယ့်နည်းနဲ့စမ်းသပ်
နိုင်ပါတယ်။ကဲကြည့်ရအောင်။







Pen Drive (သို့) Memory Stick ကို အတု၊အစစ် စစ်ဆေးနည်း


  • ပထမဦးဆုံး h2testw ကို Download လုပ်ပါ။

  • Zip file ဖြစ်တဲ့အတွက်ကြောင့် Extract လုပ်ပေးပါ။
  • Extract လုပ်ပြီးသွားရင် exe file တစ်ခုတွေ့ပါလိမ့်မယ် အဲ့ဒီ exe File ကို Run ပေးပါ။
  • Program ကို Run လိုက်ပြီ ဆိုရင် ညာဘက်ထိပ်မှာရှိတဲ့ English ကိုနှိပ်ပေးပါ။
  • Target ဆိုတာကိုရွေးပြီး သင့်ရဲ့ Pen Drive (သို့) Memory Card ကိုရွေးပေးပါ။(Format လုပ်ထားရပါမယ်)
  •  Write+Verify ကိုနှိပ်ပြီး စစ်ဆေးနိုင်ပါပြီ။Pen Drive ရဲ့ Size ပေါ်မှာ မှုတည်ပြီး အချိန်ကြာပါလိမ့်မယ်။
  • စစ်ဆေးလို့ပြီးသွားတဲ့ အချိန်မှာ Completed without any errors လို့ပြရင် သင့်ရဲ့ Pen Drive ဟာအစစ်ဖြစ်တယ်လို ယူဆနိုင်ပါတယ်။
  • ဒါမှာမဟုတ် Error တစ်ခုခုပြနေတယ်ဆိုရင် သင့်ရဲ့ Pen Drive ဟာ အတု ဖြစ်ပါတယ်။

Pen Drive တွေ Memory Card တွေကို အတုအစစ်ခွဲနည်း ဆိုတာဒါပါပဲ။ကျွန်တော်တို့ရေးတဲ့ Post တွေဟာ ကျွန်တော့်တို့ ညီအကိုမောင်နှမများအတွက် နည်းနည်းလေးမျှ အသုံးဝင်တယ်ဆိုရင်
ကျေးဇူးပြုပြီး ညာဘက်မှာ ရှိတဲ့ Like Box မှာ Like လုပ်ပေးနိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment