ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label ထိုင်းဟင်းလျာ ချက်ပြုတ်နည်း. Show all posts
Showing posts with label ထိုင်းဟင်းလျာ ချက်ပြုတ်နည်း. Show all posts

Thursday, November 7, 2013

ထိုင်းကြက်သားသုပ်




ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၀ ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၂။ ကြက်သွန်နီ – ၁လုံးခွဲ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၅။ ပြောင်းဖူးသေး – ၅ခု (နှုတ်နှုတ်ဆင်းပါ)
၆။ စပါးလင် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၇။ ရှမ်းနံနံ – ၂ပင် (အစောင်းလှီးပါ)
၈။ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၉။ ငရုတ်သီးနီိ – ၆ခု (အစောင်းလှီးပါ)
၁၀။ နံနံပင် – ၁စည်း
၁၁။ သံပရာသီး – ၁လုံး
၁၂။ ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
၁၃။ အုန်းနို့မှုန့် (Coconut Powder) (သို့) Coconut Cream – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို ဆီထိုးပေးပါ။
၂။ ထို့နောက် ပြောင်းဖူးသေး၊ စပါးလင် ထည့်မွှေပါ။
၃။ ငရုတ်သီးနီ၊ ကြက်သား ထည့်မွှေ။ အရသာအပေါ့အငံအတွက် ခရုဆီ၊ ဆား(လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သံပရာသီး ညှစ်၊ ငံပြာရည်၊ ထည့်မွှေပေးပါ။
၎။ အုန်းနို့မှုန့် ထည့်မွှေပေးပါ။ ပြီးလျှင် အပေါ်မှ ရှမ်းနံနံ၊ နံနံပင် အုပ်ပေးပါ။
၅။ ထိုင်းစတိုင် အရသာရှိသော ကြက်သားသုပ်ကို မြိန်ရှပ်စွာစားသုံးနိုင်ပါပြီး။
ဟင်းအကြောင်း
- ၀တ်ရည်က ထိုင်းကြက်သားသုပ်ကို အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ ထူးခြားမူကြောင့်ပါ။ တခြားအသုပ်တွေနဲ့ မတူပဲ သူရဲ့ထူးခြားမူက ဟင်းလိုချက်ရတာပါပဲ.. အုန်းနို့ထည့်ရတဲ့ အတွက် အရသာက အနည်းငယ်စပ်ပြီး စိမ်၍ မွှေးနေပါတယ်။ ထိုင်းစားသောက်ဆိုင်ကြီးများမှာ မှာယူစားသောက်နိုင်ပါတယ်။

PDF ဖြစ် ဒေါင်းရန်

ထိုင်းငါးခူမွကြော်သုပ်




ထိုင်းငါးခူမွကြော်သုပ်ကို မြန်မာပြည်က ထိုင်းစားသောက်ဆိုင်တွင်မှာ မှာယူစားသောက်နိုင်သလို လူကြိုက်များတဲ့ ထိုင်းအသုပ်တစ်ခုပါ။ ကိုယ်တိုင်လည်း အိမ်မှာ ချက်စားနိုင်စေရန် တင်လိုက်ခြင်းဖြစ်ပါတယ်…..
ပါဝင်သောပစ္စည်းများ
၁။ ငါးခူ – ၆၀ကျပ်သား (မီးကင်ပေးပါ)
၂။ သီဟိုစေ့ – စားပွဲတင်ဇွန်း ၄ဇွန်း
၃။ သရက်သီးစိမ်း (အချဉ်) – ၁လုံး (ပေါက်ပေးပါ)
၎။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပေးပါ)
၅။ ကြက်သွန်မြိတ် – ၂စည်း (ပါးပါးလှီးပေးပါ)
၆။ ငရုတ်သီးစိမ်း – ၄ခု (ပါးပါးလှီးပေးပါ)
ဆော့တွင် ပါဝင်သောပစ္စည်းများ
၁။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
၂။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ဆော့ပြုလုပ်နည်း
၁။ သကြား၊ ငါးငံပြာရည်၊ သံရာရည် အားလုံးကို ခွက်တစ်ခုထဲထည့် ရောမွှေလိုက်ပါ။
၂။ ပြီးလျှင် ဒယ်ထဲ ရောမွှေထားသော သကြား၊ ငါးငံပြာရည်၊ သံပရာ၇ည် တို့ကို မီးနည်းနည်းဖြင့် စက္ကန့်၂၀ခန့် တည်ထားပေးပါ။
၃။ ပြီးလျှင် ဆော့အရည်ကို  ခွက်တစ်ခုထဲထည့်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ငါးခူကို မီးကင်ပေးပြီး ခဏအခြောက်ခံထားပါ။



၂။ ပြီးမှ ငါးခူအရေခွံကို ဖယ်ပြီး အသားများကို ခရင်းဖြင့် မွ၍နွင်းပေးပါ။ အရိုးမပါပါစေနှင့်။
၃။ မွထားသော ငါးခူများကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ရောမွှေပေးပါ။
၎။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီး မွထားသော ငါးခူများကို နည်းနည်းစီခွဲပြီး ၄ခါ အညှိရောင်သန်းလာသည် အထိ ကြော်ပေးပါ။
၅။ ကြော်ပြီးလျှင် ဇကာဖြင့် ဆီပြန်စစ်ထားပေးပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။



၆။ ပြီးလျှင် သီဟိုစေ့များကို ဒယ်ထဲ ထည့်ပြီး အညှိရောင်သန်းလာသည် အထိကြော်ပေးပါ။
၇။ ကြော်ပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ကြော်ထားသော ငါးခူ၊ သီဟိုစေ့၊ (ပေါက်ထားသော) သရက်သီး၊ (ပါးပါးလှီးထားသော) ကြက်သွန်နီ၊ (ပါးပါးလှီးထားသော) ငရုတ်သီးစိမ်း၊ (ပါးပါးလှီးထားသော) ကြက်သွန်မြိတ် ထည့်ပါ။
၈။ ထို့နောက် အပေါ်မှ ဆော့အရည်ကို ဆမ်းပေးပြီး အားလုံးကို ရောမွှေလိုက်ပါ။



၉။ ထိုင်းစတိုင် ငါးခူမွကြော်သုပ်ကို မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီး….

PDF ဖြစ် ဒေါင်းရန်

ထိုင်းစတိုင် ပဲကြာဇံသုတ်




ပါဝင်သောပစ္စည်းများ
၁။ ပဲကြာဇံ – ၁စည်း (ရေနွေးဖျော်ထားပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ)
၂။ မီးနီ ပုဇွန် – အကောင်၂၀ (ဆားအနည်းငယ်ထည့်ပြီး လှော်ပေးပါ)
၃။ အားလူး – ၂လုံး (နူးအောင် ပြုတ်ပေးပြီး အရှည်လေးပြန်လှီးပေးပါ)
၎။ ခရမ်းချဉ်သီး – ၁လုံး ( အစေ့ထုတ်ပြီး အရှည်လှီးပေးပါ)
၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း (ကျေညက်အောင် ထောင်းပေးပါ)
၆။ ငရုတ်သီးစိမ်း – ၁၀တောင့် (ကျေညက်အောင် ထောင်းပေးပါ)
၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
၈။ နံနံပင် – တ၀က် ( ၅ပိုင်းပိုင်ပေးပါ)
၉။ ကြက်သွန်မြိတ် – ၁စည်း
၁၀။ သံပရာသီး – ၁လုံး (အကြီး)
၁၁။ မြေပဲ – စားပွဲတင်ဇွန်း တ၀က် (မညက်တညက်ထောင်းထားပေးပါ)
၁၂။ ပဲငံပြာရည် အကြည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သုတ်နည်း
၁။ ရေနွေးဖျော်ပြီးသား ပဲကြာဇံကို ပန်းကန်ခွက် တစ်ခုထဲထည့်ပါ။
၂။ ပြီးလျှင် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်နုယ်ပေးပါ။
၃။ ဒယ်ထဲ ဆီ စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပြီး ငရုတ်သီးမှုန့် ထည့် ငရုတ်သီးဆီသပ်ပေးပါ။
၎။ ထိုဆီသပ်ထားသော ငရုတ်သီးအနှစ်များကို ပဲကြာဇံသုပ်သော ခွက်ထဲထည့်ပေးပါ။
၎။ ပြီးနောက် လှော်ထားသော ပုဇွန်၊ ခရမ်းချဉ်သီး၊ အားလူး၊ ပုဇွန်ခြောက်၊ မြေပဲ တို့ကို ထည့်ရောမွှေပေးပါ။
၅။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်၊ သံပရာသီး ၁လုံးကို ညှစ်ထည့်ပေးပါ။
၆။ ထို့နောက် အရသာ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်တို့ ဖြူးပေးပြီး အားလုံးကို ရောမွှေလိုက်ပါ။



၇။ ထိုင်းစတိုင် ပဲကြာဇံသုပ် စပ်စပ်လေးကို စားသုံးနိုင်ပါပြီး…

PDF ဖြစ် ဒေါင်းရန်

ဝက်သားသုံးထပ်သားကင်




ဒါကတော့ ထိုင်းစတိုင် ၀က်သားသုံးထပ်သားကင်လေးပါ။ ထိုင်းလို “Khao Moo Krob” လို့ခေါ်ပါတယ်။ ဒီချက်နည်းလေးကို ucancookthai ၀က်ဆိုက်က ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါနဲ့ ၀တ်ရည် ညနေစာအတွက် ၀က်သားသုံးထပ်သားကင်လေးကို ချက်စားဖြစ်သွားတာပါ။ ထိုင်းစတိုင် ၀က်သားသုံးထပ်သားကင်က အရသာအရမ်းကို ထူးခြားကောင်းမွန်တာမို့ ဟင်းချက်မောင်နှမများအတွက် ချက်နည်းနှင့်တကွ လုပ်ပုံအဆင့်ဆင့်ပါ မျှဝေပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ ဝက်သားသုံးထပ်သား – ၁၀ကျပ်သား
၂။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း တ၀က်
၅။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆော့လုပ်ရန် ပါဝင်သောပစ္စည်းများ




၁။ ခရမ်းချဉ်သီးဆော့ (Tomato Ketchup) – စားပွဲတင်ဇွန်း ၂ဇွန်း
၂။ ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ တရုတ်ဟင်းခတ်အမွှေးအကြိုင် (Five Spices Powder) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၅။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ရေ – နို့ဆီခွက် တ၀က် (Rice Cooker ဆန်ချိန်ခွက်)
၈။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ဝက်သားသုံးထပ်သားကင်နည်း
၁။ အရင်ဆုံး ၀က်သားသုံးထပ်သားကို အတုံးလိုက်ကို အရသာများ စိမ့်ဝင်စေရန် ခရင်း(သို့)စူးဖြင့် ထိုးပေးပါ။
၂။ ပြီးမှ ပဲငံပြာရည်(စားပွဲတင်ဇွန်းတ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခရုဆီ(စားပွဲတင်ဇွန်း၁ဇွန်း)တို့ဖြင့် ရောနုယ်ပြီ နာရီဝက်ခန့်ကြာအောင် နုပ်ထားပေးပါ။
၃။ နာရီဝက်ခန့်နုပ်ပြီလျှင် ၀က်သားကို မကင်ခင် နူးအိစေရန် ၀က်သားကို ရေမြုပ်ရုံထည့်ပြီ အဖုံးအုပ်ပြီ တည်ထားပေးပါ။ ရေခန်းလျှင် ၀က်သားနူးအိသည်အထိ နောက်တစ်ရေ ထည့်၍ မီးပြင်းပြင်းဖြင့် နာရီဝက်ခန့် တည်ထားပေးပါ။



၎။ ၀က်သားနူးအိသွားလျှင် ၀က်သားကို ရေခန်းစေပြီ ၀က်သားအတုံးကြီးကို နှစ်ပိုင်းပိုင်းပြီ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း တ၀က်)၊ သကြား(စားပွဲတင်ဇွန်း တ၀က်)ထပ်နုယ်လိုက်ပါ။



၅။ ခုဝက်သားသုံးထပ်သားကို စကင်ပါတော့မယ်။ Oven ၂၀၀ဒီဂရီထားပြီ ၁၅မိနစ်ခန့်ကင်ပေးပါ။



၆။ ကင်ပြီသော ၀က်သားသုံးထပ်သားများကို အရှည်လိုက် ပါးပါးလှီးလိုက်ပါ။



ရ။ ပြီလျှင် ပန်းကန်ပေါ်တွင် ထမင်းနဲ့ ပြင်ဆင်လိုက်ပါ။



ဆော့ရည်ချက်ပြုတ်နည်း
၁။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများ ဖြစ်သော ( ခရမ်းချဉ်သီးဆော့၊ ပဲငံပြာရည်အကြည်၊ ခရုဆီ ၊ Five Spices Powder၊ သကြား၊ နှမ်းဆီ၊ ရေ) တို့ကို ဒယ်တစ်ခုထဲ ရောထည့်လိုက်ပြီ တည်ထားပေးပါ။
၂။ ပွက်ပွက်ဆူလာလျှင် ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ပြီ လောင်းထည့်လိုက်ပါ။
၃။ ၀က်သားသုံးထပ်သားကင်အတွက် အနီရောင် ဆော့ရည်ကို ရရှိပါပြီ။



၎။ ထို့ဆော့ရည်ကို ၀က်သားသုံးထပ်သား ပြင်ဆင်ထားသော ပန်းကန်ပေါ်သို့ ဆမ်းလိုက်ပြီ ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။



PDF ဖြစ် ဒေါင်းရန်

ကြက်သား ထမင်း




ဒီကြက်သား ထမင်းက ထိုင်းအစားအသောက် တစ်မျိုးပါ။ ခုတစ်လောက် ထိုင်းဟင်းတွေ ဓာတ်စာကျနေတာမို့ ချက်စားဖြစ်သွားတာပါ။ အရသာရော ပုံစံကရော ဒန်ပေါက်လိုလို၊ ထောပတ်ထမင်းလိုလို တော်တော်လေးကို ဆင်ပါတယ်။ သူရဲ့ ထူးခြားမူက ထောပတ် ထမင်းလို လုံးဝမအီပဲ အရမ်းလည်း စားလို့ ကောင်းခြင်း ဖြစ်ပါတယ်။ လုပ်စားရလည်း လွယ်ကူပြီ ဆွမ်းကျွေး၊ အလှူပွဲတွေမှာလည်း လုပ်စားနိုင်တာမို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်…
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၅ကျပ်သား (ရေဆေးပြီ အတုံးကြီးများတုံးပါ)
၂။ ထမင်း (မချက်ရသေး) – ဆန်ချိန်ခွက် ၂ခွက်
၃။ ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
၎။ နို့ – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၆။ ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်များ
၁။ ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၃။ နံနံမှုန့် (coriander powder) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၎။  ဇီယာမှုန့် (cumin powder) – လကဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
၆။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ သစ်ဂျပိုး (cinnamon) – ၂ခု
၈။ ကလဝေရွက် (Bay Leave) – ၂ရွက်
ချက်ပြုတ်နည်း
၁။ ပါဝင်သောဟင်းခတ်အမွှေးအကြိုင် တ၀က် ဆီကို ခွဲ၍ ပန်းကန်လုံး နှစ်ခုထဲသို့ ထည့်ထားလိုက်ပါ။
၂။ ထို့နောက် ကြက်သားတုံးများကို ဟင်းခတ်အမွှေးအကြိုင် တ၀က်( ကြက်သားမှုန့်ဲ(စားပွဲတင်ဇွန်း တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ နံနံမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဇီယာမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း တ၀က်)၊ သစ်ဂျပိုး(၁ခု)၊ ကလဝေရွက်(၁ရွက်)) တို့ဖြင့် ဇလုံ တစ်ခုထဲတွင် ရောနုယ်လိုက်ပါ။
၃။ ပြီးမှ ရောနယ်ထားသော ဇလုံထဲသို့ နို့(စားပွဲတင်ဇွန်း ၄ဇွန်း)ကို ထည့်လိုက်ပြီ ၁နာရီကြာအောင် ရေခဲသေတ္တာထဲထည့်၍ နုပ်ထားပေးပါ။



၎။ ကြက်သားနုပ်ထားပြီလျှင် ဒယ်ထဲကို ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်သွန်နီ တ၀က်ကို ဒယ်ထဲ ထည့်၍ ရောမွှေလိုက်ပါ။
၅။ ပြီးလျှင် နုပ်ထားသော ကြက်သားများကိုပါ ဒယ်ထဲထည့်မွှေလိုက်ပါ။



၆။ ကြက်သားကို အရောင်ရရန် ဆီပူ ထိုးပေးပါ။ ပြီးမှ ကြက်သားနူးရန် ရေ(ဆန်ချိန်ခွက် တခွက်) ခန့်ထည့််ပြီ မီးနည်းနည်းဖြင့် အဖုံးအုပ်ထားပေးပါ။
ရ။ ကြက်သားနူးပြီဆိုလျှင် ရေခန်း၍ ပန်းကန်တစ်ခုထဲ ဖယ်ထားပေးပါ။
၈။ ဆန်ကို စချက်ပါမည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်လိုက်ပါ။
၉။ ပြီးလျှင်ကျန်သော ဟင်းခတ်အမွှေးအကြိုင် တ၀က် ( ကြက်သားမှုန့်ဲ(စားပွဲတင်ဇွန်း တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ နံနံမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဇီယာမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း တ၀က်)၊ သစ်ဂျပိုး(၁ခု)၊ ကလဝေရွက်(၁ရွက်)) ကို ဒယ်ထဲထည့်လိုက်ပြီ ဆန်များပါ ထည့်၍ ရောမွှေလိုက်ပါ။
၁၀။ ၁မိနစ်လောက် မွှေပြီလျှင် ဆန်ချက်ရန် ထမင်းအိုးထဲသို့ ထည့်လိုက်ပါ။



၁၁။ ထို့နောက် ချက်ထားသော ကြက်သားများကို ထမင်းအိုးထဲသို့ အပေါ်မှ ထည့်လိုက်ပါ။



၁၂။ ပြီလျှင် ထမင်းချက်သည့် အတိုင်းပင် ဆန်၂လုံး အတွက် ရေ(ဆန်ချိန်ခွက် ၃ခွက်) လောင်းထည့်လိုက်ပါ။



၁၃။ ထို့နောက် ထမင်းချက်သည့်အတိုင်း ချက်လိုက်ပါ။



၁၄။ ယခု အရသာရော အနံ့ရော အလွန်ကောင်းမွန်သည့် ကြက်သားထမင်းကို ရရှိပါပြီ။ ထမင်းနှင့် ကြက်သားပေါ်သို့ ကြက်သွန်ကြော်လေးများ ဖြူးပြီ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်

ကြက်ခြေထောက် တုံယမ်းဟင်းချို



 
ဒီ ကြက်ခြေထောက် တုံယမ်းဟင်းချိုက အရသာရော၊ အနံ့ပါ သင်းပြီ အလွန်ကောင်းမွန်သော ဟင်းချို တစ်ပွဲပါပဲ။ ဒီချက်နည်းလေးကို ၀တ်ရည် အကိုကြီးဆီမှ တောင်းယူပြီ ချက်ပြုတ်ထားခြင်း ဖြစ်ပါတယ်။ တုံယမ်းဟင်းချိုက ထိုင်းစတိုင် ဟင်းလျာများနှင့်လည်း အလွန်လိုက်ဖက်ပါတယ်။ တုံယမ်းဟင်းချိုကောင်းကောင်း ကြိုက်သူများအတွက် ချက်နည်းကို မျှဝေပေးလိုက်ပါတယ်…
အဓိက ပါဝင်သောပစ္စည်များ
၁။ ကြက်ခြေထောက် -၁၀ခု (တ၀က်ဝက်ပါ)
၂။ တုံယမ်း (အခဲ) – ၂တုံး
၃။ တုံယမ်း အနှစ် – တ၀က်
၎။ အုန်းနို့ – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ ငုန်းဥ -၁၀လုံး (အရင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
ပါဝင်သော ဟင်းရွက်များ
၁။ ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
၂။ မုန်လာဥနီ – ၂ခု (အ၀ိုင်း ပါးပါးလှီးပါ)
၃။ မျှစ်(အချို) – ၅ခု (အ၀ိုင်း ပါးပါးလှီးပါ)
၎။ ပြောင်းဖူးသေး – ရခု (အစောင်း ပါးပါးလှီးပါ)
၅။ ပဲပြား – ၁တုံး ( အရှည်ပါးပါး လှီးပါ)
၆။ Tofu – ၂ခု ( အ၀ိုင်း လေးများ လှီးပြီ ဆီများများဖြင့် ပြန်ကြော်ထားပေးပါ)
ရ။ သံပရာသီး – ၁လုံး
၈။ နံနံပင် – ၁စည်း ( ပါးပါးလှီးပါ)
၉။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၁၀။ ပဒယ်ဂေါ – ၁ခု (ပါးပါးအစောင်း လှီးပါ)
၁၁။ ရှမ်းနံနံ – အနည်းငယ် (ပါးပါးလှီးပါ)
၁၂။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်ဆင်းပါ)
၁၄။ ငရုတ်သီးစိမ်း – ၄ခု ( တ၀က်ဝက်ပါ)
အရသာအတွက် ပါဝင်သောပစ္စည်များ
၁။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၂။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၃။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပြင်ဆင်ထားပုံ 
 
 
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်ခြေထောက်များကို ရေစင်အောင် ဆေးပြီ တ၀က်ပိုင်းလိုက်ပါ။
 
 
၂။ ပြီးလျှင် ဒယ်အိုးကြီး တစ်ခုထဲ ရေ ၃၀၀ မီလီ လီတာမျှ ထည့်ပြီ ကြက်ခြေထောက်များ နူးသည်အထိ တည်ထားပေးပါ။
(မှတ်ချက်။ ။ ၀တ်ရည်က ကြက်ပြုတ်ရည် လိုချင်၍ ကြက်ခြေထောက်များကို ထည့်ပြုတ်ခြင်း ဖြစ်ပါသည်။ အကယ်၍ တုံယမ်းချက်မှ ကြက်ခြေထောက်များ ထည့်ချက်လျှင်လည်း ရပါသည်)
၃။ ယခု တုံယမ်း ဟင်းချို စချက်လို့ ရပါပြီ။
၎။ တုံယမ်းချက်ရန် ဒယ်ပြားကြီး တစ်ခုထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ကြက်သွန်ဖြူ၊ နီ၊ ပဒယ်ဂေါ၊ ငရုတ်သီးစိမ်းများ ထည့် မိနစ်ဝက်မျှ ဆီသပ်ပေးပါ။
၅။ ပြီးမှ ဟင်းရွက်များဖြစ်သော (မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ခရမ်းချဉ်သီး၊မျှစ်) တို့ကို ထည့်ရောမွှေလိုက်ပါ။
၆။ ထို့နောက် ကြက်ခြေထောက်ပြုတ်ထားသော ကြက်ပြုတ်ရည်များနှင့် ကြက်ခြေထောက်များကို ဒယ်ထဲ ဖြည်းဖြည်းခြင်း လောင်းချလိုက်ပါ။
ရ။ အဖုံးအုပ်၍ ၂မိနစ်မျှ ဆူပွက်အောင် တည်ထားပေးပါ။
၈။ ပြီးနောက် တုံးယမ်းအခဲနှင့် တုံယမ်းအနှစ်များကို ထည့်၍ ရောမွှေလိုက်ပါ။
၉။ အရသာ အနေတော်လျှင် ငုန်းဥ၊ ပဲပြား၊ Tofuထည့်လိုက်ပါ။
၁၀။အရသာ အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်တို့ကို ထည့်လိုက်ပါ။
၁၁။ နောက်ဆုံးမှ အုန်းနို့ ထည့်မွှေလိုက်ပြီ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံတို့ အုပ်ပေးပြီ ထိုင်းစတိုင် အရသာရော၊ အနံ့ရော သင်းပျံ့နေသည့် တုံယမ်းဟင်းချိုကို သုံးဆောင်နိုင်ပါပြီ…

PDF ဖြစ် ဒေါင်းရန်

ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်




ထိုင်းစတိုင် ၀က်သားကင် ထမင်းကြော်လေးက လုပ်ရလည်း လွယ်ပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ ထိုင်းမှာတော့ ၀က်သားကင်ပြီသားတွေ ရနိုင်တော့ အဲဒါကိုပဲ အတုံးလေးများ တုံးပြီ ထမင်းကြော်ထည့် ထည့်ကြော် လိုက်ရုံပါပဲ။ ကိုယ်တိုင်ကင်ပြီ ထည့်လည်း ပိုတောင် အရသာ ကောင်းပါသေးတယ်။ ထူးခြားချက်လေးကတော့ ၀က်သားကင် ထမင်းကြော်က ချိုစိမ့်ပြီ စားလို့ ကောင်းပါတယ်။ ဒါကြောင့် ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်…
ပါဝင်သောပစ္စည်းများ
၁။ ၀က်သားကင်ပြီသား – ၂၀၀ဂရမ် (အတုံးသေးများ တုံးပေးပါ)
မှတ်ချက် ။ ။ ၀က်သားကို Red ဆော့ဖြင့် နုယ်ပြီ မိနစ် ၃၀ခန့်ကင်ပေးပါ။ ReadyMade ကင်ပြီသား ၀က်သားကင်များလည်း ၀ယ်နိုင်သည်။
၂။ ၀က်အူချောင်း – ၂ချောင်း ( အရင်ကြော်ထားပြီ အစောင်းပါးပါးလှီးပါ)
၃။ မုန်လာဥနီ – ၁ဥ (အတုံးသေးများ တုံးပေးပါ)
၎။ ဘိုစားပဲ – ၅ခု ( ပါးပါးလှီးပါ)

၎။ ချက်ပြီသား ထမင်း – နို့ဆီဗူး ၁လုံးစာ
၅။ ကြက်ဥ – ၂လုံး (ဆားအနည်းငယ်ထည့်ပြီ ခလောက်ထားပါ)
၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
ရ။ ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
၈။ ခရုဆီ – စားပွဲတင်ဇွန်း – ၁ဇွန်းခွဲ
၉။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ပဲငံပြာရည် (အချို) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၁။ သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း



ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူများကို ဆီသပ်ပေးပါ
၂။ ပြီလျှင် မုန်လာဥနီ၊ ဘိုစားပဲများ ထည့်ပြီ ရောမွှေလိုက်ပါ။ ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံးစာ) ထည့်ပေးပါ)
၃။ နောက်မှ ၀က်အူချောင်း (ကြော်ပြီသား)၊ ၀က်သားကင်တုံးလေးများကို ထည့်ပေးပါ။
၎။ ပြီးလျှင် ပဲငံပြာရည်(အကြည်)၊ ခရုဆီ၊ ပဲငံပြာရည်အချို၊ သကြား အားလုံးကို အရသာအပေါ့အငံ့အတွက် ထည့်ပေးပါ။
၅။ နောက်ဆုံးမှ ချက်ပြီသား ထမင်းများကို လက်ဖြင့် အသာလေး ဖွပေးပြီ ထည့်ရောမွှေလိုက်ပါ။
(မှတ်ချက်။ ။ ထမင်းများကို အတုံးအခဲလိုက် မထည့်ပါနှင့်)
၆။ ပြီါ်နောက် အပေါ်မှ ပါးပါးလှီးထားသော ကြက်သွန်မြိတ်လေးများကို ဖြူးပေးလိုက်ပါ။
ရ။ ကြက်ဥကို ဒယ်သပ်သပ်ဖြင့် အပါးကြော်ပြီ ၀က်သားကင်ထမင်းကြော်နှင့် တွဲဖက်ကာ ပူပူနွေးနွေး စားသုံးနိုင်ပါပြီ…..



PDF ဖြစ် ဒေါင်းရန်

သဘောင်္သီးထောင်း




ပါဝင်သောပစ္စည်းများ
၁။ သေဘာၤသီး – ၁လံုး
၂။ မြေပဲ – စားပွဲတင်ဇွန်း ၄ဇွန်းစာ (မညက်တညက်ထောင်းပေးပါ)
၃။ ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်းစာ
၎။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)

၅။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)
၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
ရ။ ပဲသီးရှည် – ၁ချောင်း (အရှည်အစောင်းလှီးပါ)
၈။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပြီ ဆီသပ်ထားပေးပါ)
၉။ ငရုတ်သီး – ၂ခု ( ထောင်းပေးပါ)
မှတ်ချက် ။ ။ အစပ်ကြိုက်ပါက ငရုတ်သီး ၆ခုထိ ထည့်နိုင်သည်
၁၀။ သကြားရည် (သို့) ထန်းလျက်ရည် – လက်ဖက်ရည် ပန်းကန်လုံး ၁လုံးစာ

ချက်ပြုတ်နည်း
၁။ သဘောင်္သီးကို ခြစ်တံဖြင့် အချောင်းရှည်လေးဖြစ်အောင် ခြစ်ပေးပါ။
၂။ ခြစ်ထားသော သဘောင်္သီးများကို ရေဆင်ဆေးပြီ ဇကာဖြင့်ပြန်စစ်ထားပါ။
၃။ ပြီးလျှင် ဇလုံတစ်ခုထဲသို့ (သဘောင်္သီး၊ မြေပဲထောင်း၊ ပုဇွန်ခြောက်မှုန့်၊ ပဲသီး၊ ငါးငံပြာရည်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးထောင်း၊ ကြက်သွန်ဖြူဆီသပ်) အားလုံးကို ရောမွှေလိုက်ပါ။
၎။ ပြီမှ သကြားရည်၊ သံပရာရည်၊ ငံပြာရည်တို့ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ အရသာအပေါ့အငံ့အနေတော်လျှင် ဇလုံထဲသို့ လက်ဖြင့် အနည်းငယ်ထောင်းပေးပါ။
၆။ အရသာရှိသော သဘောင်္သီးထောင်းကို စားသုံးနိုင်ပါပြီ။….

PDF ဖြစ် ဒေါင်းရန်

ပါမုန့် ၀က်သားကပ်ကြော်

 

ဒီ ပါမုန့်ဝက်သားကပ်ကြော်လေးက အစားပြေအဖြစ် အချိန်မရွေးမှာ စားသုံးနိုင်ပါတယ်။ စားလို့လည်း အရမ်းကောင်းပြီ ထိုင်းစတိုင် ဆော့လေးနဲ့လည်း အလွန်မှ လိုက်ဖက်လှသည်။ ၀တ်ရည်ကတော့ ထိုင်းဟင်းတွေကိုလည်း ကြိုက်တာမို့ မကြာခဏလိုလို လုပ်စားဖြစ်ပါတယ်။ ချက်နည်းလေးကလွယ်တာမို့ တူတူလုပ်စားကြည့်လိုက်ရအောင်…

ပါဝင်သောပစ္စည်းများ
၁။ ပါမုန့် (Bread)- ၅ချပ်
၂။ ၀က်သား (Pork)- ၁၅ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
၃။ ကြက်ဥ (Egg)- ၁လုံး (ခလောက်ထားပါ)
၎။ ခရုဆီ (Oyster Sauce)- စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ပဲငံပြာရည် အကြည် (Light Soy Sauce)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ဆား (salt)- လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရ။ သကြား (Sugar)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် (Black pepper)- လက်ဖက်ရည်ဇွန်း ၁ဇွန်း
၉။ တရုတ်နံနံပင် (Spring Cilantro)
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ သခွာသီး – တ၀က် (ပါးပါးအရှည်လှီးပါ)
၂။ ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးပါ) (ပါးပါးလှီးပါ)
၃။ ငရုတ်သီးတောင့်ပွ(အရှည်) – ၁ခု(ပါးပါးအ၀ိုင်းလှီးပါ)
၎။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၅။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ဗီနီဂါ – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ ရေနွေး – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပါမုန့်၁ချပ်ချင်းဆီကို ၄ပိုင်းပိုင်းလိုက်ပါ
၂။ ပြီလျှင် ကျန် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်ဥ၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ တရုတ်နံနံပင်) အားလုံးတို့ကို ဇလုံတစ်ခုထဲတွင် ရောနုယ်လိုက်ပါ။



၃။ ထို့နောက် ပါမုန့်ပေါ်သို့ နုယ်ထားသော ၀က်သားများကို ပုံတွင် ပါသည့်အတိုင်း ကပ်လိုက်ပါ။



၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်၍ ဆီပူလာလျှင် ၀က်သားကပ်ထားသည့် ဘက်သို့ အရင်ကြော်ပြီ ကျက်လျှင် နောက်တစ်ဘက်သို့ ပြန်လှန်ပေးပါ။



၅။ နီညှိုရောင်သန်းလာလျှင် ပါမုန့်လေးများကို ပြန်ဆယ်ပေးပြီ ဆီစုတ်စက္ကူပေါ်တွင် တင်ပေးထားပါ။



၆။ ထိုနည်းအတိုင်း ကျန်ပါမုန့်များကို ဆက်ကြော်ပေးပါ။
ရ။ ပါမုန့် ၀က်သားကပ်ကြော်လေးများ ရပြီ ဆိုလျှင် ဆော့ပြုလုပ်ပါ့မယ်။
၈။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ သကြား၊ ဗီနီဂါ၊ ရေနွေး)တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။
၉။ ပြီမှ သခွာသီး၊ ငရုတ်ပွတောင့်၊ ကြက်သွန်မြိတ်ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ခြင်းဖြင့် ဆော့ရရှိပါပြီ။



၁၀။ ပါမုန့် ၀က်သားကပ်ကြော်လေးများကို ဆော့ဖြင့်တွဲစားသုံးနိုင်ပါပြီ….


PDF ဖြစ် ဒေါင်းရန်

ထိုင်းစတိုင် ပြည်ကြီငါးသုတ်




ဒါကတော့ ထိုင်းစတိုင် သုတ်ထားတဲ့ ပြည်ကြီးငါးသုတ် လေးပါ။ လုပ်ရလည်း လွယ်ပြီ အရသာလည်း ကောင်းမွန်ပါတယ်။ ပြည်ကြီးငါး ညှိနံ့ကင်းအောင် ရှာလကာရည်၊ ဂျင်းတို့ကို အသုံးပြုထားပါသေးတယ်။ အရသာကလည်း ချဉ်ချဉ် စပ်စပ်လေးမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ပြည်ကြီးငါး – ၂၀ ကျပ်သား
၂။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)
၃။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ပါးပါးအရှည်လှီးပါ)
၎။ ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)

၅။ သံပရာသီး – နှစ်စိပ်
၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ရ။ ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)
၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
၁၁။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ပြည်ကြီးငါးကို အညှိအချွဲများ သန့်စင်ပေးပါ။ ပြီမှ ပြည်ကြီးငါးကို ဓားဖြင့် ကြက်ခြေခတ်ပုံလေးများ မွှန်းပေးပါ။
၂။ ထို့နောက် ရေပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ဂျင်း၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပြီမှ ကြက်ခြေခတ်ပုံ မွှန်းထားသော ပြည်ကြီးငါးများကို အနံ့ပျောက်အောင် ထိုအိုးထဲသို့ ထည့်လိုက်ပါ။
၃။ ပြီလျှင် ဇကာဖြင့် ပြည်ကြီးငါးများကို ပြန်ဆယ်ထားပါ။
၎။ ပြီနောက် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ဆီသပ်ပေးပါ။
၅။ ပြီမှ ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ)၊ ဆနွင်းမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်ပြီ မီးပြန်ပိတ်လိုက်ပါ။ ကြက်သွန်ဖြူ ဆီချက်များကို ခွက်တစ်ခုထဲ ပြန်ဖယ်ထားပေးပါ။
သုတ်နည်း
၁။ ခုပြည်ကြီးငါး သုတ်ပါတော့မည်။ ဇလုံတစ်ခုထဲသို့ (ပြည့်ကြီးငါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက်၊ ငရုတ်သီး၊ ငါးငံပြာရည်၊ သံပရာရည်၊ နံနံပင်)တို့ကို ရောနုယ်လိုက်ပါ။



၂။ ပြီမှ အရသာအပေါ့အငံ့မြည်းပြီ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။
၃။ ချဉ်စပ် ပြည်ကြီးငါးသုတ်လေးကို ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်

ကြက်သားကင် ဆလတ်သုတ်




ဒါကတော့ ထိုင်းစတိုင် ကြက်သားကင် ဆလတ်သုတ်လေးပါ။ ကြက်ရင်ဗုံသားကို ကင်ပြီမှ ထိုင်းစတိုင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပရာရည်၊ ငရုတ်သီးမှုန့်လေးနှင့် ရောစားရတာပါ။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၂ခု (တကိုက်စာ အတုံးလေးများ တုံးထားပေးပါ)
၂။ မကျည်းရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
၎။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

၅။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
ရ။ ကြက်သွန်နီ -  ၁လုံး (အ၀ိုင်း ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ်
၉။ ငရုတ်ပွရှည်ထောင့် – ၁ထောင့် (ပါးပါးလှီးပါ)
၁၀။ သံပရာရည် – ၁လုံး (တ၀က်ကို အရည်ညှစ်ပြီ၊ ကျန်တ၀က်ကို စိတ်ပေးထားပါ)
၁၁။ ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်စီ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး အသားကင်ရန် ၀ါးတုတ်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။
၂။ ပြီလျှင် အတုံးတုံးထားသော ကြက်သားများကို ခွက်တစ်ခုထဲ ထည့်လိုက်ပါ။
၃။ ထို့နောက် ကြက်သားကို (မန်ကျည်းရည်၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆား၊ ကြက်သားမှုန့် ) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။
၎။ ပြီနောက် ဆလတ်သုတ်ရန် အတွက် ပန်းကန်တစ်ခုထဲ (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နံနံပင်)တို့ကို ရောမွှေလိုက်ပြီ အပေါ်မှ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သံပရာရည်တို့ ဖြူးလိုက်ပါ။



၅။ နုပ်ထားသော ကြက်သားများကို ရေစိမ်ထားသော ၀ါးတုတ်များဖြင့် သီပေးပါ။



၆။ မကင်ခင် ကင်ပြားကို ဆီသုတ်ပေးထားပါ။ ဂစ်သို့ မီးသွေး မိမိကြိုက်နှစ်သက်ရာနှင့် ကင်နိုင်ပါသည်။
ရ။ ကြက်သားမျာကို စကင်ပါတော့မည်။ ၁၀မိနစ်ခန့် ကြက်သားများ ကျက်သည်အထိ ကင်ပေးပါ။
ရ။ ကြက်သားကင်ပြီပြီ ဆိုလျှင် ဆလတ်သုတ်၊ သံပရာခြမ်းများဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်

Wednesday, November 6, 2013

နာနတ်သီး ထမင်းကြော်

 


ထိုင်းစတိုင် နာနတ်သီး ထမင်းကြော်လေးပါ။ နာနတ်သီးရဲ့ အချိုအရသာနဲ့ ကြက်သား၊ ပုဇွန်ရဲ့ အရသာပေါင်းစပ်မှုကြောင့် အလွန်စားလို့ကောင်းပါတယ်။ စားချင်စဖွယ်လည်း ကောင်းပြီ လုပ်ရတာလည်း လွယ်တာမို့၊ လုပ်နည်းကို ကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ထမင်း – ၃ယောက်စာ
၂။ နာနတ်သီး – ၁လုံး (မှည့်ရမည်)
၃။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အတုံးသေးလေးများ တုံးပါ)
၎။ ပုဇွန် ဘော်ကျိဒ် – ၁၀ကျပ်သား ( အခွံနွှာပြီ အတုံးသေးများ တုံးပါ)

၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်းစာ
၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
၇။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၈။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၉။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
၁၀။ ကြက်သွန်မြိတ် – စည်းတ၀က် (ပါးပါးလှီးပါ)
၁၁။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)
၁၂။ ငရုတ်သီးထောင့်ရှည် – ၁ထောင့် (အစေ့ထုတ် ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)
၁၃။ ၆။ ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပြီ ကြော်ထားပါ)

ပြင်ဆင်နည်း
၁။ မချက်ခင် နာနတ်သီးကို အလယ်မှ ထက်ပိုင်း ပိုင်းလိုက်ပါ။
၂။ ပြီလျှင် နာနတ်သီး အတွင်းသားကို ဓားဖြင့် ပတ်ပတ်လည် လှီးကာ ဇွန်းဖြင့် ကော်ထုတ်လိုက်ပါ။
၃။ ပြီမှ ထိုနာနတ်သီး အသားများကို အတုံးလေးများ တုံးပေးပါ။



ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သား နှင့် ပုဇွန်ကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) စီဖြင့် နုယ်ထားပေးပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ကို ထည့်ပြီ ဆီပူလာလျှင် ကြက်သား၊ ပုဇွန်များကို ထည့်ကြော်ပေးပါ။
၃။ ကြက်သား၊ ပုဇွန် ကျက်ပြီဆိုမှ (ထမင်း၊ ပုဇွန်ခြောက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၎။ ပြီမှ နာနတ်သီး၊ ကြက်သွန်မြိတ်များ ထည့်ပြီ  ၂မိနစ်၊ ၃မိနစ်ခန့် ထမင်းကြော်ကို ဆက်ကြော်ပေးပါ။



၅။ ပြီနောက် မီးပိတ်ပြီ နာနတ်သီးထမင်းကြော်များကို နာနတ်သီးထဲသို့ ထည့်လိုက်ပါ။
၆။ ထို့နောက် အပေါ်မှ နံနံပင်၊ ငရုတ်သီးထောင့်ရှည်၊ ကြက်သွန်ကြော်များဖြူး၍ သုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်



ကြက်တောင်ပံကို အရိုးထုပ်ပြီ ၀က်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်တောင်ပံ – ၄ခု
၂။ နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
၃။ ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)

၎။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
၅။ ၀က်သား – ၅ကျပ်သား (နှုတ်နှုတ်စဉ်းပေးပါ)
၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့အတွက် ပါဝင်ပစ္စည်းများ
၁။ ထိုင်းငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
၂။ ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်
၁။ အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။



၂။ ပြီးလျှင် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။



၃။ လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားတာကို တွေ့ပါလိမ့်မည်။




၎။ ထို့နောက် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်လို့ ရပါပြီ။




၅။ အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။



၆။ ကြက်တောင်ပံများကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ခရုဆီ(စားပွဲတင်ဇွန်း တ၀က်) ဖြင့် ရောနုယ်ထားပါ။
ကြက်တောင်ပံ အစားသွပ်ကြော်နည်း
၁။ ထို့နောက် ခွက်တစ်ခုထဲတွင် (၀က်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်) အားလုံးကို ရောနုယ်လိုက်ပါ။



၂။ ပြီမှ အရိုးထုတ်ထားသော ကြက်တောင်ပံထဲသို့ နုယ်ထားသော ၀က်သားများကို အစားသွပ်ပေးပါ။



၃။ ပြီနောက် ဒယ်အိုးတစ်ခုထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ကြက်တောင်ပံများကို အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။



၎။ ကြက်တောင်ပံများရပြီဆိုလျှင် ဆော့အတွက် ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။
၅။ ကြက်တောင်ပံကြော်များကို ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…



PDF ဖြစ် ဒေါင်းရန်