ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, November 7, 2013

ထိုင်းစတိုင် ပဲကြာဇံသုတ်




ပါဝင်သောပစ္စည်းများ
၁။ ပဲကြာဇံ – ၁စည်း (ရေနွေးဖျော်ထားပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ)
၂။ မီးနီ ပုဇွန် – အကောင်၂၀ (ဆားအနည်းငယ်ထည့်ပြီး လှော်ပေးပါ)
၃။ အားလူး – ၂လုံး (နူးအောင် ပြုတ်ပေးပြီး အရှည်လေးပြန်လှီးပေးပါ)
၎။ ခရမ်းချဉ်သီး – ၁လုံး ( အစေ့ထုတ်ပြီး အရှည်လှီးပေးပါ)
၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၃ဇွန်း (ကျေညက်အောင် ထောင်းပေးပါ)
၆။ ငရုတ်သီးစိမ်း – ၁၀တောင့် (ကျေညက်အောင် ထောင်းပေးပါ)
၇။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
၈။ နံနံပင် – တ၀က် ( ၅ပိုင်းပိုင်ပေးပါ)
၉။ ကြက်သွန်မြိတ် – ၁စည်း
၁၀။ သံပရာသီး – ၁လုံး (အကြီး)
၁၁။ မြေပဲ – စားပွဲတင်ဇွန်း တ၀က် (မညက်တညက်ထောင်းထားပေးပါ)
၁၂။ ပဲငံပြာရည် အကြည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သုတ်နည်း
၁။ ရေနွေးဖျော်ပြီးသား ပဲကြာဇံကို ပန်းကန်ခွက် တစ်ခုထဲထည့်ပါ။
၂။ ပြီးလျှင် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်နုယ်ပေးပါ။
၃။ ဒယ်ထဲ ဆီ စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပြီး ငရုတ်သီးမှုန့် ထည့် ငရုတ်သီးဆီသပ်ပေးပါ။
၎။ ထိုဆီသပ်ထားသော ငရုတ်သီးအနှစ်များကို ပဲကြာဇံသုပ်သော ခွက်ထဲထည့်ပေးပါ။
၎။ ပြီးနောက် လှော်ထားသော ပုဇွန်၊ ခရမ်းချဉ်သီး၊ အားလူး၊ ပုဇွန်ခြောက်၊ မြေပဲ တို့ကို ထည့်ရောမွှေပေးပါ။
၅။ အရသာ အပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ပဲငံပြာရည်၊ သံပရာသီး ၁လုံးကို ညှစ်ထည့်ပေးပါ။
၆။ ထို့နောက် အရသာ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်တို့ ဖြူးပေးပြီး အားလုံးကို ရောမွှေလိုက်ပါ။



၇။ ထိုင်းစတိုင် ပဲကြာဇံသုပ် စပ်စပ်လေးကို စားသုံးနိုင်ပါပြီး…

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment