ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }

Thursday, November 7, 2013

ထိုင်းကြက်သားသုပ်




ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၀ ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၂။ ကြက်သွန်နီ – ၁လုံးခွဲ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၅။ ပြောင်းဖူးသေး – ၅ခု (နှုတ်နှုတ်ဆင်းပါ)
၆။ စပါးလင် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၇။ ရှမ်းနံနံ – ၂ပင် (အစောင်းလှီးပါ)
၈။ ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၉။ ငရုတ်သီးနီိ – ၆ခု (အစောင်းလှီးပါ)
၁၀။ နံနံပင် – ၁စည်း
၁၁။ သံပရာသီး – ၁လုံး
၁၂။ ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
၁၃။ အုန်းနို့မှုန့် (Coconut Powder) (သို့) Coconut Cream – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီ၊ ဂျင်းကို ဆီထိုးပေးပါ။
၂။ ထို့နောက် ပြောင်းဖူးသေး၊ စပါးလင် ထည့်မွှေပါ။
၃။ ငရုတ်သီးနီ၊ ကြက်သား ထည့်မွှေ။ အရသာအပေါ့အငံအတွက် ခရုဆီ၊ ဆား(လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သံပရာသီး ညှစ်၊ ငံပြာရည်၊ ထည့်မွှေပေးပါ။
၎။ အုန်းနို့မှုန့် ထည့်မွှေပေးပါ။ ပြီးလျှင် အပေါ်မှ ရှမ်းနံနံ၊ နံနံပင် အုပ်ပေးပါ။
၅။ ထိုင်းစတိုင် အရသာရှိသော ကြက်သားသုပ်ကို မြိန်ရှပ်စွာစားသုံးနိုင်ပါပြီး။
ဟင်းအကြောင်း
- ၀တ်ရည်က ထိုင်းကြက်သားသုပ်ကို အရမ်းကြိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ ထူးခြားမူကြောင့်ပါ။ တခြားအသုပ်တွေနဲ့ မတူပဲ သူရဲ့ထူးခြားမူက ဟင်းလိုချက်ရတာပါပဲ.. အုန်းနို့ထည့်ရတဲ့ အတွက် အရသာက အနည်းငယ်စပ်ပြီး စိမ်၍ မွှေးနေပါတယ်။ ထိုင်းစားသောက်ဆိုင်ကြီးများမှာ မှာယူစားသောက်နိုင်ပါတယ်။

PDF ဖြစ် ဒေါင်းရန်

No comments:

Post a Comment