ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Showing posts with label ဘလော့နည်းပညာများ. Show all posts
Showing posts with label ဘလော့နည်းပညာများ. Show all posts

Tuesday, November 29, 2016

အလွယ်ဆုံး Blog Facebook Like Box ထည့်နည်း



Blog မှာအလွယ်ကူဆုံး Facebook Like Box ထည့်နည်းလေးပါ သိလွန်းတတ်လွန်းလို့တော့မဟုတ်ပါ မနေ့ကမှ Blog စသုံးတဲ့ Blogger သစ်တွေအတွက် ညံ့ဖျင်းစွာနဲ့ မျှဝေလိုက်ပါတယ် ပထမဦးဆုံး Blog ကို Login ဝင်လိုက်ပါပြီးတာနဲ့ Layout ကိုသွားလိုက်ပါ ပြီးတာနဲ့ Add a gadget ကိုဆက်နှိပ်ပါ ပြီးရင် HTML/javascript ကိုလိုက်ရှာပြီးဖွင့်လိုက်ပါ သူကိုဖွင့်ပြီးတာနဲ့ အောက်မှာပေးထားတဲ့ Code တွေကိုထည့်လိုက်ပါ

<iframe src="//www.facebook.com/plugins/likebox.php?href=ဒီနေရာမှာဖေ့ဘုတ်လင့်ကိုထည့်လိုက်ပါ#&amp;width=292&amp;height=258&amp;colorscheme=light&amp;show_faces=true&amp;border_color&amp;stream=false&amp;header=false&amp;" style="border:none; overflow:hidden; width:292px; height:258px;" ></iframe>

ထည့်ပြီးတာနဲ့ Save လုပ်လိုက်ပါ ဒါဆိုရင်ရပါပြီ ပြီးတာနဲ့ ကိုယ်ရဲ့ Website  လေးကိုသွားကြည့်လိုက်ပါ Facebook Like Box လေးကိုတွေ့ရပါပြီ မသိသေးတဲ့သူတွေအတွက် ညံ့ဖျင်းစွာနဲ့ မျှဝေခြင်းသာဖြစ်ပါသည် Blogger များအားလုံးကိုလေးစားလျှက်ပါ

လင်း သူငယ်ချင်းမှ ကူးယူထားပါတယ်။

www.itkms.blogspot.com

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။

Blogger-Backgrounds တွေကို စိတ်တိုင်းကျ အလွယ်ဆုံး ပုံအစားထိုးနည်း

ဘလော့ကာ ညီငယ်လေးတစ်ယောက် မေးထားလို့ ဒီပို့လေးကို တင်ပေးလိုက်ပါတယ်။
တစ်ခြားမသိသေးကြတဲ့ ဘလော့ကာသူငယ်ချင်းတွေလည်း  အသုံးပြုလို့ရအောင်ပေါ့နော်။
သိကြတဲ့ သူငယ်ချင်းတွေကတော့ ကျော်သွားပေးပါဗျာ .ကျနော်လည်း ဘလော့ကာ ဆရာတစ်ယောက်မဟုတ်ပါ သိတာလေးတွေကို ပြန်လည် မျှဝေလိုက်ရတာပါ။
ဘလော့မှာ ပုံလေးတွေကို ထည့်မယ်ဆိုရင်တော့ ဒီဆိုဒ်မှာ တော်တော်လည်း စုံတာတွေ့ရပါတယ်။ပုံတွေလည်း အရမ်းလှပပြီး စိတ်တိုင်းကျ ထည့်လို့ ရပါတယ်ဗျာ။ ပုံသွားရွေးမယ်ဆိုရင် အောက်ကလင့်ကနေ ဝင်သွားလိုက်ပါ။

ဒီမှာ သွားလိုက်ပါ

အဲ့ဒီမှာ ထည့်ချင်တဲ့ ပုံရွေးပါ တွေပြီးဆိုရင် ပုံရဲ့အောက်က  get the code ကို နှိပ်လိုက်ပါ။


 get the code ဆိုတာလေးက နှိပ်ပြီးပါက ကုတ်ဘောက်လေး ကျလာရင်  အဲဒီကုတ်တွေကို ကော်ပီကုတ်းပြီး



Blog ကို Login ဝင်လိုက်ပါပြီးတာနဲ့ Layout ကိုသွားလိုက်ပါ- ပြီးတာနဲ့ Add a gadget ကိုဆက်နှိပ်ပါ ပြီးရင် HTML/javascript ကိုလိုက်ရှာပြီးဖွင့်လိုက်ပါ သူကိုဖွင့်ပြီးတာနဲ့ ခုနားက ကူးလာတဲ့ Code ကိုတွေကိုထည့်ပြီးရင်  Save  လိုက်ပါ ။  ဒါဆို အဆင်ပြေပါပြီး။
     
 
ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

Monday, November 21, 2016

မိမိ Blogger မှာ တင်သမျှ ပိုစ့်တွေကို Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း




မင်္ဂလာဗျာ.. ကျနော် ဘလော့နည်းပညာပိုစ့်တွေကို   ရေးလည်း ရေးထ မရှိပါဘူး။ ကျနော်ထက် ကျွမ်းကျင်တဲ့ ဘလော့ကာဆရာတွေ အများကြီးမို့လို့ပါ.... ဒီပိုစ်ကိုလည်း ကျနော်ရဲ့ ချစ်အကိုကြီး သင်ဆရာ မြင်ဆရာဖြစ်တဲ့ ဘလော့ခရီးသည် က ညီရေးပေးပါလို့ တကူးတက တောင်းဆိုးထားလို့ မတတ်တစ်ခေါက်နဲ့ သိတာလေးတွေကို အရှင်းလင်းဆုံး ရေးထားပေးလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။
ဒီပိုစ့်လေးက ကျနော်တို့ ဘလော့ကာ  ညီအကို သူငယ်ချင်း တွေအတွက် အရေးပါ အရာရောက်တဲ့ ပိုစ့်လေးဆိုလည်း မမှားပါဘူး။  ကျနော်တို့ Blogger မှာ တင်သမျှ ပိုစ့်တွေကို ပြန်ပြီ ရှယ်စရာမလိုပဲ့ Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း ဖြစ်ပါတယ်။

           အောက်မှာ ပုံလေးတွေနှင့် တကွ သေခြာ ရှင်းပြထားတာ မို့ တစ်ဆင့်ချင်း  ပြုလုပ်သွားရုံနဲ့                  အဆင်ပြေလိမ်မယ်လို့  ယုံကြည့်ပါတယ်ဗျာ။  

ပထမဆုံးအနေနဲ့   အောက်က လင့်ကို  ကလစ်ပြီ ဝင်လိုက်ပါ


                               

   
အဲမှာ အပေါ်က ပြထားတဲ့အတိုင်း Start Free Trial ဆိုတဲ့ စာတန်းလေးကို  ကလစ်ပါ။


ဒီမှာတော့  Facebook နဲ့ Sing Up  အရင်ပြုလုပ်ရမှာဖြစ်ပါတယ် ၊ ဘောက်ရဲ့ အောက်နားလေးက Okay ဆိုတာလေးကို ပြန် ကလစ် ပေးပါ။


 Facebook နဲ့ Sing Up ဝင်ပြီး www.symphonytools.com ဆိုဒ်မှာ အကောင့်ရပါပြီ ။


ဒီအဆင့် မှာ အပေါ်က Naxt Step ဆိုတာကို နှိပ်ပြီလည်း ဝင်လို့ရသလို့  အောက်က Add Profiles and Blogs နှိပ်ပြီ ဝင်လို့ ရပါတယ်။ ကျနော်ကတော့ Add Profiles and Blogs နှိပ်ပြီ အရင်ဝင်လိုက်ပါတယ်။
အဆင်ပြေသလို့ပေါ့ ဗျာ။


Connect Your Social Profiles  ဆိုတဲ့ ဘောက်လေး တက်လာရင်  Blogger မှာ တင်သမျှ ပိုစ့်တွေကို Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း ရဲ့ အရေးကြီးတဲ့ Blog/ Rss/ Website  ကို အရင် ပြုလုပ်ရပါမယ်။ ဒီနေရာမှာ အထူးသတိထားဖို့ လိုအပ်တယ်ဗျာ။ Blog/ Rss/ Website ဆိုတာကို အရင် ကလစ်ပါ။

Register a New Blog ရဲ့ ဘောက်လေးမှာ Website Link  နေရာလေးမှာ မိမိဘလော့ ဆိုဒ်လင့်ကို ထည့်သွင်းပေးပြီး Next ဆိုတာကို ဆက်ပြီး ကလစ်သွားပါ။


ဒီမှာတော့  This Website  အစရှိနေသော စာတန်းလေးကို အမှတ် ခြစ်ပေးပြီး  Next ကိုဘဲ့ ဆက်ပြီး ကလစ်သွားလိုက်ပါ။


        အခုဆိုရင်တော့ ကျနော်ဆိုဒ် Register ပြုလုပ်ထားတဲ့  Blog/ Rss/ Website ရဲ့ 
        ဘောက်လေး ကို  တွေ့ရပါပြီ၊ အဓိကတော့ ဒီဘောက်လေးရှိနေဖို့ပါ  ဒါမှလည်း လုံးဝ  အဆင်ပြေမှန်၊


ပြီးရင်တော့ ဒီမှာ Add Profiles and Blogs  ဆိုတာကို နှိပ်ပြီ  ပြန်ဝင်ရပါမယ်။


 ဒီ Connect Your Social Profiles ရဲ့  ဘောက်လေးမှာ Facebook ,Twitter,LinkedIn သုံးခုမှာ
မိမိ နှစ်သက်ရာ အကောင့်တွေကို ဝင်နိုင်ပါတယ်။ ကျနော်ကတော့  Facebook ကို အရင် ဝင်လိုက်ပါတယ်။


ဒီမှာတော့ Facebook  နဲ့  Log In ဆိုတာကလစ်ပြီး  အောက်နားလေးက Okay ဆိုတာလေးကို ပြန်နှိပ်ပေးရပါမယ်။


ပြီးရင်ဒီဘောက်လေး ပေါ်လာရင်  အောက်နားလေးက Okay ဆိုတာလေးကို ပြန်နှိပ်ပေးလိုက်ပါ။


ဒီမှာလည်းဘဲ  Okay  ပေါ့နော်။


ပြီးရင်တာ့ Connect Your Social Profiles  ရဲ့ ဘောက်လေးမှာ မိမိ Facebook မှာ ရှိနေတဲ့ ,Page,နဲ့ Group တွေကို တွေ့ရပါပီ ။ Page,နဲ့ Group တော့မှာတော့ မိမိ အင်မင် ဖြစ်ထားဖို့လိုတယ်  နောဆိုရင် မရဘူး၊ အပေါ်က ပုံစံအတိုင်းလည်း တွေ့ရမှာ မဟုတ်ပါဘူး။ ခုမြင်တွေ့နေရတဲဟာတွေကတော့ ကျနော် ကိုယ့်ပိုင်  Facebook ,Page,Group, တွေပါ  အဲ့ဒါတွေကို Select ကို နှိပ်ပြီ  Selected ဖြစ်အောင် ကလစ်ပြီး အမှတ်လေး ဖြစ်အောင်  လုပ်ပေးရပါမယ်။


ကိုယ့် ရှယ် ချင်သလောက်ကို  Select ကို နှိပ်ပြီ  Selected လုပ်ပြီးရင်တော့ အောက်ဆုံးက Done ကို နှိပ်ပေးလိုက်ပါ။


ခုနားက Join ထားတဲ့ Facebook ,Page,Group တွေကို အပေါ်မှာ အခု တွေ့ရပါပြီ၊၊
ဒီလိုပဲ့ Twitterနဲ့ ,LinkedIn တွေကိုလည်း  မိမိ အကောင့်နဲ့  Log In  ဝင်ပြီ  ထည့်သွားနိုင်ပါတယ်၊၊
Twitter,နဲ့ LinkedIn တွေရဲ့ Join နည်းကို မရေးတော့ပါဘူး  အတူတူမို့လို့ပါ။

ပြီးရင်တော့ အပေါ်မှာ တွေ့နေရတဲ့ Next Step ကို ပြန်ဆက်နှိပ်ပေးရပါမယ်။

အပေါ်ကဆုံးက Welcome to your ....      Features ရှိနေတဲ့ စာတန်းလေးရဲ့ အောက်က Next Step  ကို ဆက်ကာ ဆက်ကာ နှိက်သွားပေးရမှာ ဖြစ်ပါတယ်။


ဒီမှာလည်းဘဲ့  .. Next Step  ပေါ့နော်။


 Next Step   ကိုဘဲ  ပြန်နှိပ်ပါ။


Next Step  တွေကိုပဲ့ ဆက်နှိပ်ပြီးရင်တော့ Done  တစ်ချက်နှိပ်ပြီးရင်တော့ ပြီးပါပြီ။


Auto Post your biogs to facebook and Twitter ရဲ့ ဘောက်မှာ အောက်က် Setup Syndcation ဆိုတာကို ပြန်ကလစ်ပေးလိုက်ပါ။


၁။ Choose a biog :  မှာ   မိမိဘလော့နာမည်ကို ရွေးပေးပြီး
၂။ Choose where to publish posts  မှာတော့ Sing Up ဝင်ထားတဲ့ Facebook ရဲ့ email အကောင့်ကို Verify ဖြစ်အောင် အရင်လုပ်ပေးဖို့ email  သို့ အရင်ပြန်သွားပါ။


ဒါမှ မဟုတ်  Account Settings >email Settings  ကိုသွားပြီး  မိမိအသုံးပြုချင်တဲ့ email  အသစ် တစ်ခုကို ချိန်းပြီး အစားထိုးပြီး ပြုလုပ်နိုင်ပါတယ်။ အဓိကတော  email  Verify ဖြစ်ဖိုပဲ့ လိုပါတယ်။


ကဲ့ email အကောင့်ကို ပို့လာတဲ့ စာအိပ်လေးမှာ Click here to Verify  your email. address. ဆိုတဲ့ စာတန်းလေးဖြင့်  ကလစ်ပေးရပါမယ်။

 Thanks your  email is Verified  စာတန်းအောက်က Continue ဆိုတာကို ထပ်ပြီ ကလစ်ပေးပါ။


ပြီးရင်တော့ Auto Post your biogs to facebook and Twitter ရဲ့ ဘောက်မှာ အောက်က  Setup Syndcation ဆိုတာကို ပြန်ကလစ်ပေးလိုက်ပါ။


၁။ Choose a biog :  မှာ မိမိ ဘလော့နာမည်ကို ရွေးပေးပြီး
၂။  အောက်ဆုံးက စာတန်း ဖြစ်တဲ့ Setect Profiles to publish To ကို ပြန် ကလစ်ပေးလိုက်ပါ။


 ခုမြင်တွေ့နေရတဲ့ Facebook ,Page,Group, တွေကို Select ကို နှိပ်ပြီ  Selected ဖြစ်အောင် ကလစ်ပြီး အမှတ်လေး လုပ်ပြီးရင်တော့  Done ပေါ့နော်..ဒါဆိုတော့ အဆင်ပြေပါပြီ။


ဒါကတော့ ကျနော်အခု   ပြုလုပ်တဲ့ Blogger မှာ တင်သမျှ ပိုစ့်တွေကို ပြန်ရှယ်ဖို့ အတွက် Facebook ,Page,Group တွေ ဖြစ်ပါတယ်။  ဒီလို့ ဖြစ်နေရင်တော့ ကိုယ့် ဘလော့မှာ နေ့စဉ် တင်နေတဲ့ ပိုစ့်တွေဟာ ကိုယ်တိုင် အချိန်ပေးပြီး ပြုလုပ်စရာ မလိုပဲ့ အော်တိုဘဲ့  Facebook ,Page,Group တွေ  ရောက်နေမှာပါဗျာ။


အသုံးမပြုချင်ဘူးဆိုရင်လည်း   Account Settings ကိုသွားပြီး  Delete Account  ကို နှိပ်ပြီး Save နဲ့ ဖျက်လိုက်ရုံပါဘဲ့။

ဒီလောက်ဆိုတော့ ဘလော့ နည်းပညာ ညီအကို သူငယ်ချင်းတွေ နည်းလည် သဘောပေါက် လုပ်တတ်လိမ့်မယ်လို့  ယုံကြည်ပါသည်။

တစ်ကယ့်လို့  နားမလည် ခဲ့ပါက ကျနော်ကို  တိုက်ရိုက် မေးမြန်းနိုင်ပါတယ် ကူညီပေးဖို့ အသင့်ပါပဲ့။
 အားလုံး အဆင်ပြေကြပါစေလို့ ။


၊၊မျှော်လင့်လျှက်ပါ။

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။

Saturday, November 9, 2013

ဘလော့မှာ Video တင်နည်း ( အသစ်များအတွက်)

မင်္ဂလာပါဗျာ... သည်နေ့ရေးမဲ့နည်းပညာလေးကတော့ ဘောလ့ကာ အသစ်လေးတွေအတွက် လာရောက်
တောင်းဆိုထားလို့   ဘလော့မှာ Video တွေတင်တဲ့နည်းလေးဖြစ်ပါတယ်... အရင်ကလည်းတင်ဖူးပါတယ်
ဒါကတော့ video တင်နည်းဘဲ သီးသန့် တင်ပေးလိုက်ပါတယ်နော်... အောက်မှာ ပုံလေးတွေနဲ့ သေသေခြာခြာ ရှင်းပြထားပါတယ်.....လေ့လာလိုက်ပါနော် သိသူများကျော်သွားပေးကြပါ
   အဆင့်  (၁) ....................  မိမိဘလေးကာကို   Sing In   ၀င်လိုက်ပါနော်....
                                      ဒါဆို အောက်မှာ ပြထားသလို မိမိ ဘလော့ကာရဲ့ New Post ဆိုတာလေး.
 ပုံမှာ ပြထားသလိုဘဲ  အပေါ်က ပုံလေးကလစ်ပေးလိုက်ရမှာ ဖြစ်ပါတယ်...နော်...အဲခါမှာ  ဆက်ကြည့်ပါ
   အဆင့်  ( ၂ )  ..................ကတော့ ကွန်ပျူတာထဲကတင်မလား ယူကျုကလားပေါ့
အဲလိုကျလာပါမယ်... မိမိအနေနဲ့ ဒေါင်းယူထားပြီးသော မိမိ စက်ထဲမှာ video များကိုတင်မည်ဆိုပါက
အလယ်က Choose a video upload  ဆိုတာကိုကလစ်ပြီးတင်ရမှာဖြစ်ပါတယ်..
ယူကျုကနေ တင်မယ်ဆိုပါက  From YouTube ဆိုတာကိုကလစ်ရပါမယ်.....နော်
   အဆင့်  (၃ )  .........................  ကတော့ ကွန်ပျူတာကတင်တဲ့ခါ ကျလာတဲ့ ဖိုင်ပါ..
 
ကွန်ပျူတာက တင်တဲံခါ  ကွန်ပျူတာ ဇယားလေးခုလိုကျလာပါတယ်.. အဲထဲက မိမိတို့တင်လိုသော video ဖိုင်သိမ်းရာနေရာ အရောက်သွားလိုက်ပါ တွေကတာနဲ့ တင်မဲ့ ဟာကို တချက်ကလစ်ပါ အောက်က Open ဆိုတာကိုကလစ်ပြီးတင်လိုက်ရုံပါဘဲနော်....
   အဆင့်  (၄ ) ..................ကတော့ တင်ထားတာလေး upload နေတာပါေ အာက်မှာ တင်နေတဲ့ အခြေနေလေးပြထားပါတယ်....
 ကွန်ပျူတာက တင်တဲ့အခါ အချိန်သင့်တင့် ကြာပါလိမ့်မယ်.. စောင့်ပေးလိုက်ပါ  Uploading Video ဆိုပြီး
အော်တို တင်နေပါမည်.... စောင့်ဆိုင်းနေလိုက်ပါနော်....
   အဆင့် (၅)..............ယူကျုကနေတင်မယ်ဆိုရင်တော့ အောက်ကလိုလေးကျလာမှာ ဖြစ်ပါတယ်နော်..
ဒါဆို အပေါ်က ဘောက်လေးမှာ ကိုယ်တင်ခြင်သော video ရဲ့ link ကိုဖြစ်စေ  တင်ခြင်တဲ့ သီချင်း...အဆိုရှင်   ...ဇာတ်လမ်း  အမည်ကိုဖြစ်စေ ရေးပြီးရှာလိုက်ပါ..ရှိတယ်ဆို ပုံမှာ ပြသလို ကျလာမှာဖြစ်ပါတယ်... ကျလာတာထဲက တင်ခြင်တာတခုကို  ကလစ်လိုက်ပါ  နောက် အောက်က Select ကိုကလစ်ပြီးတင်ပေးလိုက်ပါနော်..
    အဆင့်  (၆ ) ..........  အနေနဲ့ကတော့   တင်ထားတဲ့ Video ဆိုဒ်ကို ထပ်ပြီးချဲ့မယ် ဆိုတဲ့ နည်းလေးပါ
အဲလို Videoိကုတင်ပြီးပြီဆိုတာနဲ့ သေးနေပါက ချဲ့ လို့ရပါတယ်.. အဲတာကတော့ အပေါ်က Html ဆိုတာလေးကို ကလစ်ပေးလိုက်ပါ ဒါဆို အောက်မှာပြထားသလိုကုဒ်တွေ ဘဲမြင်နေရမယ်...နော်

ဒါဆို ကုဒ်တွေထဲကနေ ချဲ့ရပါမယ်... အဲမှာ ရှာလိုက်ပါ  widget  နဲ့ hight ဆိုတာတွေပါနေမယ်... အဲထဲက နံပါတ်တွေကိုဘဲပြုပြင်ရမှာ ဖြစ်ပါတယ်... widget ဆိုတာကတော့ အလျှား ရဲ့ နံပါတ်တွေပေါ့
hight ဆိုတာကတော့ အပေါ်အောက် ပေါ့နော်... ဒါဆို လိုအပ်သလိုချဲ့ပေးလိုက်ပါ.... ကျွန်တော် အမြဲ ချဲကနေကျကတော့  widget 550  နဲ့ hight  400 ဘဲဖြစ်ပါတယ်.. ဒါတော့ မိမိတို့ တက်ပလက် အပေါ်မူတည်ပြီး လိုသလို ချဲကနိုင်ပါတယ်...ပြီးတာနဲ့ html ရှေ့က compose ဆိုတာကို ကလစ်ကြည့်ပါ..


ကဲကဲကဲ ဗျာ................သည်လောက်ဆို အဆင်ပြပါပြီနော်.... မိမိတင်သော video ရဲ့အမျိုးအစားကို
ညာဘက်က labels ကိုကလစ်ပြီး ထည့်ပါ... ဥပမာ။    ။ အချစ်သီချင်း။ မြန်မာသံစဉ်။ခေတ်ပေးတေး။
ဘာဘာညာညာ ပေါ့ဗျာ...ေိေိ... မိမိတင်တဲ့ သီချင်း (သို့) video ရဲ့ခေါင်းစဉ်အမည်ကိုတော့ အပေါ်က
post title ဆိုတဲ့နေရာမှာ ရေးပေး၇မှာ ဖြစ်ပါတယ်...နော်...အိုခေ..
အားလုံူးအဆင်ပြပါပြီ.... အားလုံးသေခြာ စီစစ်ပြီးးတာနဲ့   Publish ကိုကလစ်တင်လိုက်ပေါ့နော်..
ဘိုင်....ဘိုင်......တာ့တာ.....ပျော်ပါစေ

Tuesday, October 29, 2013

ကိုယ်ပိုင် Blog/site ပိုင်ဆိုင်သူများအတွက် SEA Games ဆီးဂိမ်း သီချင်းPlayer ထည့်လို့ရပြီ

ရွှေမြန်မာတွေအတွက် SEA Games ဆီးဂိမ်း သီချင်းတောင်းဆိုထားတယ်ဆိုလို့ ပြန်လည် သင်တို့ Website/Blog ပေါ်ထည့်ချင်သူများအတွက်ပါ။ သီချင်းကော ၊ ပုံစံ အစစ်အမှန်ကော ၊ Widgets ပါ အောက်ပါအတိုင်း ယူလိုက်ပါ။ အဆင်ပြေပါစေ။

Sunday, October 20, 2013

ဆီးဂိမ်းအတွက် မြန်မာအလံနဲ့ ကြိုဆိုရေးငှက်

SeaGame အတွက် အမှတ်တရလက်ဆောင်လေးပါ။
သူငယ်ချင်းတို့ရဲ့ဘလော့စ်မှာ Seagame အတွက် ဒီလိုပုံလေးထားချင်ရင်အောက်မှာ ကုဒ်ကိုယူပြီး
မိမိဘလော့စ်ရဲ့  Add a Gadget >> HTML Java Script မှာထည့်ပေးလိုက်ပါ။
<center><a href="http://www.mm-knowledge.com/"  target="_blank"><img src="http://i41.tinypic.com/wluqlk.gif" border="0" alt="http://mm-knowledge.com/" /><br /></a></center>
မိမိရဲ့ ဘလော့စ်မှာ အောက်ကလိုမျိုး မြန်မာနိုင်ငံ အလံပုံလေးထားချင်ရင် အပေါ်ကလိုမျိုးပဲ
ကုဒ်ကို ယူပြီးမိမိဘလော့စ်ရဲ့  Add a Gadget >> HTML Java Script မှာထည့်ပေးလိုက်ပါ။
<center><a href="http://www.mm-knowledge.com/"  target="_blank"><img src="http://api.ning.com/files/PITcqz*43Rlcf2hgM294x2ngNk6QHfIRJz*lnkfRDk0TpqsLYWRnFjHLa5cYz5Kaq69UEPgesyaD1YVRBIDiNNtURyuwYKxk/shanflag1.gif" border="0" alt="http://mm-knowledge.com/" /><br /></a></center>

Tuesday, September 24, 2013

blog မှာနံပါတ်နဲ့ newer post နဲ့ older post ကိုပုံစံအမျိုးမျိုးနဲ့ထားမယ်..


ဘလော့ post တခုရဲ့အောက်ခြေမှာ newer post 123 older post
ဆိုတာကိုပုံစံဆန်းဆန်းလေးနဲ့ထားချင်ရင်ကျတော်အခုပေးမယ့်လင့်တွေမျာကိုယ်ကြိုက်တဲ့
ပုံကို ရွေးပြီး မိမိတို့ ဘလော့ကိုအလှဆင် နိုင်ပါတယ်... အောက်မှာ ဒီဇိုင်းမျိုးစုံစေတဲ့ နေရာသုံးနေရာကို
ပေးးထားပါတယ်.. ကြိုက်တဲ့နေရာကနေ ကြိုက်တာကို သုံးစွဲနိုင်ပါပြီ....
လုပ်နည်းကို အောက်မှာ ပုံနဲ့တစ်ကွ ရှင်းပြလိုက်ပါတယ်...
လုပ်မယ်ဆို အောက်က လင့် တွေဝင်ပြီးးလုပ်ရမှာဖြစ်ပါတယ်..





    လုပ်ဆောင်ချက်နည်းလမ်းရှင်းလင်းချက်


 အပေါ်က လင့်ကို ကလစ်တာနဲ့  ခုလို ကျလာမှာ ဖြစ်ပါတယ်.. ဒါကို မိမိတို့ နှစ်သက်တဲ့ ပုံစံကို ရွေးချယ်
ပေးလိုက်ပါ... နောက် စာမျက်နှာ အရေအတွက် တွေ  ရွေးချယ်ပြုပြင်နိုင်ပါသေးတယ်နော်....
ပြီးတာနဲ့ Genarate ဆိုတာကိုကလစ်ပေးလိုက်တာနဲ့... သူ့ဘေးကနေ   Add To Blogger  ဆိုတဲ့
ဘောက်လေးကျလာမယ်... အဲတာကို ကလစ်ပေးလိုက်ပါနော်.....။

Add to Blogger ဆိုတာကလစ်လိုက်တာနဲ့  အောက်ကပုံရဲ့ စာမျက်နှာကိုရောက်လာပါ့မယ်..
 ဒါဆို... Select Blog  ဆိုတာကို မိမိတို့ ဘလော့အမည် ကိုရွေးပေးရမှာ ဖြစ်ပါတယ်။
ပြီးတာနဲ့  Add Widget ဆိုတာကလစ်တာနဲ့ မိမိတို့ ဘလော့ကာ ထဲရောက်မှာ ဖြစ်ပါတယ်...
မှာခြင်တယ်.. ဘလော့ကာကို Sing In အရင်ဝင်ထားပိုကောင်းပါတယ်.. မဟုတ်ရင်  ၀င်နေရအုံးးမယ်လေ.....
မှတ်ချက်   ။              ။  လိုရမယ်ရပေါ့နော်... Add Widget ဆိုတာကလစ်လို့ အဆင်မပြေတာများ
 ကြုံလာခဲံမည်ဆိုပါက...ကြုံတော့ ကြုံခဲပါတယ်နော်...
အဲအပေါ်မှာ တွေ့လား   Edit Content  ဆိုတာလေ  အဲတာကလစ်တာနဲ့  ကုဒ်တွေ တွေ့မယ်.. အဲကုဒ်ကိုယူပြီးး မိမိတို့ဘလော့ကာ  Layout  ကနေ၀င်ပြီး  Add a gadget ကိုကလစ်လိုက်ပါ...
နောက်  အဲထဲက  Html/Java script  ဆိုတာကလစ် ကျလာတဲ့ဘောက်ထဲ ထည့်ပေးလိုက်ပေါ့
ကဲ ရှင်းပါတယ်နော်....အဆင်မပြေပါက  အော်ခဲ့နိုင်ပါတယ်..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.herostown.blogspot.com 
www.ledimyethar.com 
www.ninilayy.com

Saturday, September 14, 2013

မိတ်ဆွေများဆိုတဲ့ Blog List လေးတွေကို စကိုးဘားလေးနဲ့ ဖန်တီးမယ်


သည်နေ့ရေးဖြစ်တဲ့နည်းပညာလေးကတော့ ဘလော့ကာ အတော်များ သိနေပြီးးဖြစ်မှာပါ
မသိသေးတဲ့ မိတ်ဆွေများးအတွက်  ရည်ရွယ်ပြီးးတင်လိုက်ပါတယ်...
 ဒါကတော့ မိမိတို့ blog list ကနေ တင်ထားးတဲ့ မိတ်ဆွေ ဘေလာ့များ  ဆိုတာတွေကို
စကိုးဘားလေးနဲ့  ထားတဲ့နည်းလေးပါ  ဒါလေး လုပ်ထားခြင်းအားဖြင့်  မိမိတို့ ဘေလာ့မှာ
ထားတဲ့ တင်တဲ့ မိတ်ဆွေ ဘလော့တွေ များလာတဲ့အခါ နေရာ အရမ်းယူတတ်ပါတယ်... သည်တော့
ဘလော့ ဘယ်လောက်များများ ထည့်ထည့် သည်နည်းလေးသုံးဖြင်းဖြင့် နေရာလည်း မကုန်ဘဲ
စိတ်ကြိုက်  ထည့်နိုင်တဲ့ အကျိုးးရရှိစေပါမယ်... ကျွန်တော်  လုပ်ထားတဲ့  နည်းလမ်းလေးကို ကြည့်လိုက်ပါ... လုပ်နည်းးနဲ့ ပုံတွေ အောက်မှာ ရှင်းပြထားပါတယ်...
ပထမဆုံး  သည်နေရာကနေ မိမိတို့ လိုခြင်တဲ့ ဘလော့တွေကို ထည့်လိုက်ပါ....

အပေါ်ပုံတိုင်းးဘဲ ကလစ်ပြီး လိုခြင်တဲ့ ဘလော့လိပ်စာတွေ ထည့်လိုက်ပါ...ကြိုက်သလောက်ပေါ့နော်...
အဲခါ မိမိတို့ ဘေလာ့ပေါ်မှာ နေရာအတော်ယူနေပါလိမ့်မယ်..အဲတာကို စကိုးဘားလေးနဲ့ ပြန်ချုံ့ယူ
တဲ့နည်းလမ်းလေးဆို မမှားပါဘူးး ကြည့်လိုက်နော်..
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။ Html ၀င်ပါ
►-4  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

]]></b:skin> ကုဒ်ကို ရှာလိုက်ပါ တွေ့တာနဲ့ သူ့အပေါ်မှာဘဲ  အောက်ကပေးထားတဲ့ကုဒ်တွေကို ထည့်ပေးလိုက်ပါနော်..
သည်ကုဒ်ကို ရှာဖို့ ခက်ခဲ တတ်ပါတယ်.. ပုံစံပြောင်းနေတဲ့ html စတိုင်ကြောင့်ပါ ဒါကြောင့် b:skin  
ဆိုပြီး ရှာလိုက်ပါ တွေ့တာနဲ့ ဘယ်ဘက်ဘေးက စာတိုင် ၂၂ မှာ လား  ► သည်လိုလေးရှိမယ်  အဲတာလေးကို ကလစ်ပေးတာနဲ့  အောက်နားဆွဲကြည့်  လိုခြင်တဲ့ ကုဒ်ရှိပါတယ်... ကုဒ်တွေကို ၀ှက်ထား ခေါက်ထားတဲ့သဘောပေါ့.... ကဲ အောက်ကကုဒ်ကို ထညိ့လိုက်ပါနော်..
 /* AungAungms Style */
#BlogList1 .widget-content { height: 200px; overflow: auto; }
သည်မှာ 200px နေရာမှာ  300-400-500-  ကြိုက်သလို ပြောင်းးနိုင်ပါတယ်.. ကျွန်တော်ကတော့
400px ထားပါတယ်... အဲတာလေးပြီးးတာနဲ့ preview နဲ့ ကြည့်လိုက်ပါ သည်လိုလေးးးးနော်

                 အဆင်မပြေတာရှိရင်  အော်ခဲ့နော်...ဆဲတော့မဆဲကြေးးးေိေိ ကြောက်တတ်ရယ်...