အခုတင်ပေးလိုက်တဲ့ AntiVirus Uninstaller Tools Pack လေးကအားလုံးအတွက်အသုံးဝင်လိမ့်မယ်လို့ထင်
ပါတယ်..။ဘာလို့လဲဆိုတော့ယနေ့ခေတ်မှာအသုံးပြုနေကြတဲ့ဘယ်ကွန်ပျုတာမဆိုမိမိတို့စက်ကို Virus တွေ
အလွယ်တကူနဲ့မ၀င်ရောက်လာနိုင်ဖို့အတွက် Antivirus Software တွေကိုမဖြစ်မနေအသုံးပြုပြီး Virus တွေ
ရဲ့ရန်မှကာကွယ်ကြမှာပဲဖြစ်ပါတယ်..။ဒီလိုမိမိတို့အသုံးပြုနေတဲ့ Antivirus တွေကိုသက်တမ်းစေ့သွားလို့ပဲဖြစ်
ဖြစ်၊အကြောင်းအမျိုးမျိုးကြောင့်နောက်ထပ်အမျိုးအစားတစ်ခုကိုပြောင်းပြီးသုံးချင်လို့ပဲဖြစ်ဖြစ်လက်ရှိအသုံးပြု
နေတဲ့ Antivirus ကိုဖြုတ်ချင်တယ်ဆိုရင်အခုကျွန်တော်တင်ပေးလိုက်တဲ့ AntiVirus Uninstaller Tools Pack
လေးကိုအသုံးပြုပြီးမိမိတို့အသုံးပြုနေတဲ့ Antivirus အမျိုးအစားကိုရွေးပြီးအလွယ်တကူ Uninstall လုပ်ပေး
နိုင်မှာဖြစ်ပါတယ်..။
ကျွန်တော်တစ်ခါကြုံဖူးပါတယ်..။ကျွန်တော်အဲ့ဒီတုန်းကလက်ရှိသုံးနေတဲ့ Avast ကိုဖြုတ်ပြီးKapersky
ကိုပြောင်းသုံးချင်တဲ့အတွက်လက်ရှိသုံးနေတဲ့ Avast ကိုပုံမှန်အတိုင်းUninstall ပေးလိုက်တယ်..။
ဒါပေမယ့် Avast ကဘယ်နေရာမှာသွားပြီးကျန်နေမှန်းမသိပဲ Windows တက်တာနဲ့ပုံမှန်အတိုင်းအလုပ်လုပ်
နေတာကိုတွေ့တယ်..။ဒီကောင့်ကိုပြန်ဖြုတ်မယ်ဆိုပြီးလိုက်ရှာတော့လဲ Program File ထဲမှာလဲမတွေ့ဘူး..။အဲ့
ဒီတော့ Kapersky ကိုထပ်သုံးဖို့ကိုလဲအဆင်မပြေဘူးဖြစ်နေတယ်..။နောက်ဆုံးတော့ကျွန်တော်အခုတင်ပေး
သလိုပဲ Avast Remover လေးကိုသုံးပြီးဖြုတ်လိုက်တော့မှပဲအဆင်ပြေသွားတယ်..။ဒါကြောင့်ကျွန်တော့်လိုပဲ
အဆင်မပြေဖြစ်တာမျိုးမကြုံစေဖို့ကွန်ပျူတာကိုသုံးစွဲသူတိုင်း AntiVirus Uninstaller Tools Pack ကိုဆောင်
ထားသင့်ပါတယ်..။တကယ်လို့မိမိတို့လက်ရှိအသုံးပြုနေတဲ့ Antivirus ကိုဖြုတ်ချင်တဲ့အခါမှာ
Uninstaller Tools Pack ကိုသုံးပြီးကိုယ်သုံးနေတဲ့ Antivirus အမျိုးအစားအလိုက်ရွေးပြီးဖြုတ်ပေးလိုက်ခြင်း
အားဖြင့်မလိုလားအပ်တဲ့Error တွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်..။
အောက်မှာတော့ကျွန်တော်ဒီကောင်လေးကိုသုံးပြီး Uninstall လုပ်လို့ရမယ့် Antivirus အမျိုးအစားတွေကို
ဖော်ပြပေးထားပါတယ်..။
avast! Antivirus Removal Tool
AVG Remover Utility
Avira RegistryCleaner
BitDefender Uninstall Tool
BullGuard Uninstaller
CA
Comodo Products Uninstaller Tool
Dr.Web Remover
eScan Removal Tool
ESET Uninstaller
F-PROT Remover
F-Secure Uninstallation Tool
G Data AVCleaner
K7 Security Product Removal Tool
KAV Removal Tool
Max SpywareDetector Uninstaller
MBAM Cleanup Utility
McAfee CleanUp Tool
Microsoft Security Essentials Uninstaller
Norman Uninstall
nProtect Security Platform 2007 Remover
Other
Outpost Clean
Panda Uninstaller
PC Tools ThreatFire Removal
Prevx Removal Tool
QuickHeal Removal Tool
SPAMfighter Remove
SUPERAntiSpyware Application UnInstaller
Symantec - Norton Removal Tool
Trend Micro
Verizon - Radialpoint Security Uninstall Utility
Vexira Uninstall
Vipre Cleaner
VirusBuster Clean
Webroot
Windows Live OneCare Cleanup Tool
Zondex Guard EraseAv
ZoneAlarm Removal Tool
အားလုံး ( ၃၈ ) မျိုးရဲ့ Removal Tool တွေပါဝင်ပါတယ်..။မိမိတို့ Uninstall လုပ်ချင်တဲ့ Antivirus
လေးကိုတင်ပေးလိုက်တဲ့အထဲမှာပါတဲ့ Autorun လေးသုံးပြီးအလွယ်တကူ Uninstall လုပ်လို့ရမယ့်
နည်းလေးကိုတော့အောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..။
ဒီလောက်ဆိုရင်တော့ AV_Uninstall_Tools_Pack_2011.07 နဲ့ Antivirus တွေကိုအလွယ်တကူ Uninstall
လုပ်နည်းလေးကိုသိသွားလိမ့်မယ်လို့ထင်ပါတယ်... ( 50.66 MB ) လောက်ပဲရှိပါတယ်..။
ဒေါင်းရန်... တကူ သားလေး
No comments:
Post a Comment