ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ဖူကျုံး ၊ မတ်လ ၂၅ ရက် (ဆင်ဟွာ) / ဖူက်ဳံး ၊ မတ္လ ၂၅ ရက္ (ဆင္ဟြာ)

အီတလီ နိုင်ငံကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက တတိယအသုတ် ပညာရှင်များထပ်မံ စေလွှတ်
ဖူကျုံး ၊ မတ်လ ၂၅ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ က အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အား ကူညီထောက်ပံ့ရန် အတွက် တတိယ အသုတ် အနေဖြင့် ပညာရှင်ပေါင်း ၁၄ ဦး ဖြင့် ဖွဲ့စည်း ထားသည့် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ ကို ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရှင်အဖွဲ့သည် မတ် ၂၅ ရက် နံနက်ပိုင်းတွင် ဖူကျန့် ပြည်နယ် ဖူကျုံး မြို့ မှ စင်းလုံးငှားလေယာဖြင့် အီတလီ နိုင်ငံ သို့ ထွက်ခွာ သွားခဲ့ပြီး အီတလီ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်း စစ်မျက်နှာပြင်အတွက် တရုတ် နိုင်ငံက အင်အားများ ထပ်မံ ဖြည့်စွက်ပေးခဲ့ခြင်းဖြစ်သည်။
ယခု အကြိမ် စေလွှတ် ခဲ့သည့် တရုတ် နိုင်ငံ ပညာရှင်အဖွဲ့သည် ဖူကျန့် ပြည်နယ် အတွင်းရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ မှ ဖြစ်ပြီး နှာလုံးသွေးကြောဆိုင်ရာ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ၊ ကူးစက်ရောဂါ ဆိုင်ရာ နှင့် အခြား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ကဏ္ဍများမှ ပညာရှင်များ ပါဝင်ကြောင်း သိရှိရသည်။
ပညာရှင်အဖွဲ့ နှင့် အတူ အီတလီ နိုင်ငံအတွက် အရေးပေါ် လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ နှင့် အသက်ရှူစက် ကိရိယာ ၃၀ ၊ ဆေးဘက်ဆိုင်ရာ တိုင်းတာရေး ကိရိယာ ၂၀ ၊ ကာကွယ်ရေး ဝတ်စုံ အစုံ ၃,၀၀၀ ၊ N95 နှာခေါင်းစည်း ၇ သောင်း ၊ ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း အခုရေ ၃ သိန်း ၊ မျက်နှာဖုံး ကိရိယာ ၃,၀၀၀ နှင့် တရုတ် တိုင်းရင်းဆေးဝါးများ ကိုလည်း သယ်ဆောင်သွားကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ မှ တတိယ အသုတ် အဖြစ် စေလွှတ် သည့် ပညာရှင် အဖွဲ့ သည် အီတလီ နိုင်ငံရှိ ဆေးဘက်ပညာရှင် များနှင့် အတွေ့အကြုံများ ဖလှယ် သွားမည်ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ ကို ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ကြောင်း ၊ အီတလီ နိုင်ငံ ၏ လက်တွေ့အခြေအနေ အပေါ်မူတည်၍ ကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံများ ကို ပေးအပ်သွားမည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားမှု နှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုမတ်လအတွင်း တရုတ် နိုင်ငံ မှ အီတလီ နိုင်ငံ သို့ ပညာရှင် အဖွဲ့ နှစ်သုတ် စေလွှတ် ပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း တန် ၂၀ ပေးပို့ ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
-----------------------------
(Zawgyi Version)
အီတလီ ႏိုင္ငံကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ တ႐ုတ္ႏိုင္ငံက တတိယအသုတ္ ပညာရွင္မ်ားထပ္မံ ေစလႊတ္
ဖူက်ဳံး ၊ မတ္လ ၂၅ ရက္ (ဆင္ဟြာ)
တ႐ုတ္ ႏိုင္ငံ က အီတလီ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ေရး အား ကူညီေထာက္ပံ့ရန္ အတြက္ တတိယ အသုတ္ အေနျဖင့္ ပညာရွင္ေပါင္း ၁၄ ဦး ျဖင့္ ဖြဲ႕စည္း ထားသည့္ ေဆးဘက္ဆိုင္ရာ ပညာရွင္ အဖြဲ႕ ကို ထပ္မံေစလႊတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပညာရွင္အဖြဲ႕သည္ မတ္ ၂၅ ရက္ နံနက္ပိုင္းတြင္ ဖူက်န႔္ ျပည္နယ္ ဖူက်ဳံး ၿမိဳ႕ မွ စင္းလုံးငွားေလယာျဖင့္ အီတလီ ႏိုင္ငံ သို႔ ထြက္ခြာ သြားခဲ့ၿပီး အီတလီ ႏိုင္ငံ ကပ္ေရာဂါ တိုက္ဖ်က္ေရး ေရွ႕တန္း စစ္မ်က္ႏွာျပင္အတြက္ တ႐ုတ္ ႏိုင္ငံက အင္အားမ်ား ထပ္မံ ျဖည့္စြက္ေပးခဲ့ျခင္းျဖစ္သည္။
ယခု အႀကိမ္ ေစလႊတ္ ခဲ့သည့္ တ႐ုတ္ ႏိုင္ငံ ပညာရွင္အဖြဲ႕သည္ ဖူက်န႔္ ျပည္နယ္ အတြင္းရွိ ေဆးဘက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား မွ ျဖစ္ၿပီး ႏွာလုံးေသြးေၾကာဆိုင္ရာ ၊ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ၊ ကူးစက္ေရာဂါ ဆိုင္ရာ ႏွင့္ အျခား ကပ္ေရာဂါ တိုက္ဖ်က္ေရး ဆိုင္ရာ က႑မ်ားမွ ပညာရွင္မ်ား ပါဝင္ေၾကာင္း သိရွိရသည္။
ပညာရွင္အဖြဲ႕ ႏွင့္ အတူ အီတလီ ႏိုင္ငံအတြက္ အေရးေပၚ လိုအပ္ေနသည့္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား ႏွင့္ အသက္ရႉစက္ ကိရိယာ ၃၀ ၊ ေဆးဘက္ဆိုင္ရာ တိုင္းတာေရး ကိရိယာ ၂၀ ၊ ကာကြယ္ေရး ဝတ္စုံ အစုံ ၃,၀၀၀ ၊ N95 ႏွာေခါင္းစည္း ၇ ေသာင္း ၊ ေဆးဘက္ဆိုင္ရာ ႏွာေခါင္းစည္း အခုေရ ၃ သိန္း ၊ မ်က္ႏွာဖုံး ကိရိယာ ၃,၀၀၀ ႏွင့္ တ႐ုတ္ တိုင္းရင္းေဆးဝါးမ်ား ကိုလည္း သယ္ေဆာင္သြားေၾကာင္း သိရွိရသည္။
တ႐ုတ္ ႏိုင္ငံ မွ တတိယ အသုတ္ အျဖစ္ ေစလႊတ္ သည့္ ပညာရွင္ အဖြဲ႕ သည္ အီတလီ ႏိုင္ငံရွိ ေဆးဘက္ပညာရွင္ မ်ားႏွင့္ အေတြ႕အႀကဳံမ်ား ဖလွယ္ သြားမည္ျဖစ္ေၾကာင္း ၊ တ႐ုတ္ ႏိုင္ငံ ၏ ကပ္ေရာဂါ တိုက္ဖ်က္ေရး အေတြ႕အႀကဳံမ်ား ကို ရွင္းလင္းေျပာၾကားေပးသြားမည္ ျဖစ္ေၾကာင္း ၊ အီတလီ ႏိုင္ငံ ၏ လက္ေတြ႕အေျခအေန အေပၚမူတည္၍ ကာကြယ္ထိန္းခ်ဳပ္ေရး အေတြ႕အႀကဳံမ်ား ကို ေပးအပ္သြားမည္ျဖစ္ၿပီး ေဆးဘက္ဆိုင္ရာ က်န္းမာေရး ၫႊန္ၾကားမႈ ႏွင့္ ကူညီေထာက္ပံ့မႈမ်ား ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။
ယခုမတ္လအတြင္း တ႐ုတ္ ႏိုင္ငံ မွ အီတလီ ႏိုင္ငံ သို႔ ပညာရွင္ အဖြဲ႕ ႏွစ္သုတ္ ေစလႊတ္ ေပးခဲ့ၿပီး ျဖစ္ေၾကာင္း ႏွင့္ ေဆးဘက္ဆိုင္ရာ ေထာက္ပံ့ေရး ပစၥည္း တန္ ၂၀ ေပးပို႔ ခဲ့ၿပီး ျဖစ္ေၾကာင္း သိရွိရသည္။ (Xinhua)

No comments:

Post a Comment