ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ကျဲ့ကျန်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) / က်ဲ႕က်န္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင် တည်ဆောက်
ကျဲ့ကျန်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံးပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင်တစ်ခုကို နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် စတင်တည်ဆောက်နေပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်မှုထိန်းချုပ်နိုင်ခဲ့ပြီးနောက် မတ်လ ဆန်းပိုင်းတွင် အလုပ်သမားများလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ပြီး အဆိုပါ ပင်လယ်အောက် မြန်နှုန်းမြင့်ရထားလမ်းဥမင် တည်ဆောက်မှုအား သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရန်အချိန်ပြည့်အလုပ်လုပ်လျှက်ရှိသည်။ ယခုတည်ဆောက်နေသည့် ရေအောက်မြန်နှုန်းမြင့် ရထားလမ်း ဥမင်သည် ကျဲ့ကျန်းပြည်နယ်၏ ကျွန်းမြို့တစ်မြို့ဖြစ်သည့် ကျိုးရှန်းမြို့နှင့် နင်းပေါင်မြို့တို့ကိုချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်း၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ဥမင်မှာ ၁၆.၂ ကီလိုမီတာအရှည်ရှိပြီး ရေအောက်အနက် ၇၈ မီတာထိတွင် ဖောက်လုပ်မည်ဟု သတ်မှတ်ထားကြောင်းသိရသည်။ စီမံကိန်းပြီးသွားပါက ကျိုးရှန်းမြို့သို့ရထားဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ယန်ဇီမြစ်ဝှမ်းတစ်လျှောက်ဖွံ့ဖြိုး တိုးတက်မှုများဆောင်ရွက်နိုင်မည်ဟုသိရသည်။ (Xinhua)
-----------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံ၏ ပထမဆုံး ပင္လယ္ေအာက္ ျမန္ႏႈန္းျမင့္ရထားလမ္းဥမင္ တည္ေဆာက္
က်ဲ႕က်န္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ၏ ပထမဆုံးပင္လယ္ေအာက္ ျမန္ႏႈန္းျမင့္ရထားလမ္းဥမင္တစ္ခုကို ႏိုင္ငံအေရွ႕ပိုင္း က်ဲ႕က်န္းျပည္နယ္တြင္ စတင္တည္ေဆာက္ေနၿပီျဖစ္သည္။ တ႐ုတ္ႏိုင္ငံတြင္ COVID-19 ကပ္ေရာဂါကူးစက္မႈထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ မတ္လ ဆန္းပိုင္းတြင္ အလုပ္သမားမ်ားလုပ္ငန္းခြင္သို႔ျပန္လည္ဝင္ေရာက္ၿပီး အဆိုပါ ပင္လယ္ေအာက္ ျမန္ႏႈန္းျမင့္ရထားလမ္းဥမင္ တည္ေဆာက္မႈအား သတ္မွတ္ခ်ိန္အတြင္းၿပီးစီးႏိုင္ရန္အခ်ိန္ျပည့္အလုပ္လုပ္လွ်က္ရွိသည္။ ယခုတည္ေဆာက္ေနသည့္ ေရေအာက္ျမန္ႏႈန္းျမင့္ ရထားလမ္း ဥမင္သည္ က်ဲ႕က်န္းျပည္နယ္၏ ကြၽန္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ က်ိဳးရွန္းၿမိဳ႕ႏွင့္ နင္းေပါင္ၿမိဳ႕တို႔ကိုခ်ိတ္ဆက္ေျပးဆြဲမည့္ ျမန္ႏႈန္းျမင့္ရထားလမ္း၏ အစိတ္အပိုင္း တစ္ခုလည္း ျဖစ္သည္။ ဥမင္မွာ ၁၆.၂ ကီလိုမီတာအရွည္ရွိၿပီး ေရေအာက္အနက္ ၇၈ မီတာထိတြင္ ေဖာက္လုပ္မည္ဟု သတ္မွတ္ထားေၾကာင္းသိရသည္။ စီမံကိန္းၿပီးသြားပါက က်ိဳးရွန္းၿမိဳ႕သို႔ရထားျဖင့္ သြားလာႏိုင္မည္ျဖစ္ၿပီး ယန္ဇီျမစ္ဝွမ္းတစ္ေလွ်ာက္ဖြံ႕ၿဖိဳး တိုးတက္မႈမ်ားေဆာင္႐ြက္ႏိုင္မည္ဟုသိရသည္။ (Xinhua)

No comments:

Post a Comment