ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)

မြန်မာနိုင်ငံ၌ သုံးဦးမြောက် COVID-19 ရောဂါပိုးရှိသူ အဖြစ် လူနာ တစ်ဦးထံတွင် ထပ်မံ စစ်ဆေးတွေ့ရှိ
ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ သုံးဦးမြောက် COVID-19 ရောဂါပိုးရှိသူ အဖြစ် ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ မတ် ၂၅ ရက် နံနက် ၁ နာရီ အချိန်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် အင်္ဂလန်နိုင်ငံမှ မတ် ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့ပြီး ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် မတ် ၂၃ ရက်တွင် အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့ကြောင်း ၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ် ၂၄ ရက်တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ (၂၄-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။
အဆိုပါလူနာအား အင်းစိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပြီး မတ် ၂၄ ရက်ညတွင် စစ်ဆေးချက်အရ ၎င်း၏ ကျန်းမာရေးအခြေအနေမှာ သက်သာလျက်ရှိကြောင်း သိရသည်။
အဆိုပါ အမျိုးသားနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးချက်များအရ ပထမဆုံး အကြိမ် အဖြစ် မတ် ၂၃ ရက်တွင် ရောဂါပိုး ရှိသူ လူနာ နှစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ယခု ထပ်မံတွေ့ရှိခဲ့သော လူနာမှာ သုံးဦးမြောက် လူနာ ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)
----------------------------------------------
(Zawgyi Version)
ျမန္မာနိုင္ငံ၌ သံုးဦးေျမာက္ COVID-19 ေရာဂါပိုးရိွသူ အျဖစ္ လူနာ တစ္ဦးထံတြင္ ထပ္မံ စစ္ေဆးေတြ့ရိွ
ရန္ကုန္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)
ျမန္မာနိုင္ငံ၌ သံုးဦးေျမာက္ COVID-19 ေရာဂါပိုးရိွသူ အျဖစ္ ရန္ကုန္တိုင္းေဒသၾကီး ၊ အင္းစိန္ျမို့နယ္တြင္ ေနထိုင္သူ အမို်းသားတစ္ဦးထံတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ့ရိွခဲ့ေၾကာင္း က်န္းမာေရးနွင့္ အားကစား ဝန္ၾကီးဌာနမွ ယေန့ မတ္ ၂၅ ရက္ နံနက္ ၁ နာရီ အခိ်န္တြင္ ထုတ္ျပန္ခဲ့သည္။
ရန္ကုန္တိုင္းေဒသၾကီး၊ အင္းစိန္ျမို့နယ္တြင္ ေနထိုင္ေနသည့္ ျမန္မာနိုင္ငံသား အသက္ (၂၆) နွစ္အရြယ္ အမို်းသားသည္ အဂၤလန္နိုင္ငံမွ မတ္ ၂၁ ရက္တြင္ ျမန္မာနိုင္ငံသို့ ထိုင္းနိုင္ငံ၊ သုဝဏၰဘုမိေလဆိပ္မွတစ္ဆင့္ ေလေၾကာင္းခရီးျဖင့္ ဝင္ေရာက္လာခဲ့ျပီး ကိုယ္ပူဖ်ားနာျခင္းနွင့္ ေခ်ာင္းဆိုးျခင္းေရာဂါလကၡဏာမ်ားျဖင့္ မတ္ ၂၃ ရက္တြင္ အင္းစိန္ျပည္သူ့ေဆးရံုတြင္ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန့္ခန္းတြင္ထားရိွ၍ (isolation) ေစာင့္ၾကပ္ကုသမႈ ခံယူခဲ့ေၾကာင္း ၊ အဆိုပါလူနာထံမွ ဓာတ္ခဲြနမူနာအား မတ္ ၂၄ ရက္တြင္ ရယူခဲ့ျပီး အမို်းသားက်န္းမာေရး ဓာတ္ခဲြမႈဆိုင္ရာဌာန (ရန္ကုန္) သို့ေပးပို့ခဲ့ရာ (၂၄-၃-၂၀၂၀) ရက္ေန့တြင္ စစ္ေဆးခဲ့သည့္ ဓာတ္ခဲြအေျဖအရ COVID-19 ေရာဂါပိုး ေတြ့ရိွရေၾကာင္း သိရသည္။
အဆိုပါလူနာအား အင္းစိန္ျပည္သူ့ေဆးရံုတြင္ သီးျခားထားရိွ (isolation) ၍ စနစ္တက်ေစာင့္ၾကပ္ကုသလ်က္ရိွျပီး မတ္ ၂၄ ရက္ညတြင္ စစ္ေဆးခ်က္အရ ၎၏ က်န္းမာေရးအေျခအေနမွာ သက္သာလ်က္ရိွေၾကာင္း သိရသည္။
အဆိုပါ အမို်းသားနွင့္ ထိေတြ့ခဲ့သူမ်ားအားလံုးကို စံုစမ္းေဖာ္ထုတ္၍ အသြားအလာကန့္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ျမန္မာနိုင္ငံ၌ COVID-19 ေရာဂါ ဓာတ္ခဲြ စစ္ေဆးခ်က္မ်ားအရ ပထမဆံုး အၾကိမ္ အျဖစ္ မတ္ ၂၃ ရက္တြင္ ေရာဂါပိုး ရိွသူ လူနာ နွစ္ဦးအား စစ္ေဆးေတြ့ရိွခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ျပီးေနာက္ ယခု ထပ္မံေတြ့ရိွခဲ့ေသာ လူနာမွာ သံုးဦးေျမာက္ လူနာ ျဖစ္လာခဲ့ေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment