ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Saturday, March 28, 2020

ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၈ ရက္(ဆင္ဟြာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက် အဖြစ် အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ်
ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)
ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံများအတွင်းသို့ တရားဝင် လေယာဉ်လက်မှတ်ကိုင်ဆောင်သူ ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများမှအပ အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ်မည် ဖြစ်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)မှ ယနေ့ မတ် ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကန့်သတ်သွားမည် ဖြစ်ပြီး ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုကြသူများအနေဖြင့် လေဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့် ရရှိတော့မည်မဟုတ်ကြောင်း ၊ ယခု ထုတ်ပြန်ကြေညာချက်မှာ မတ် ၂၉ ရက် ၀၀:၀၀ နာရီမှ စတင် သက်ရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကူးစက်မြန် ကပ်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များအတွက် ခရီးသည်များ အနေဖြင့် လေဆိပ်အဆောက်အအုံအားလုံး၏ ဝင်ထွက်ပေါက်များရှိ တာဝန်ကျ ဝန်ထမ်းများနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနတို့မှ တိုက်တွန်း နှိုးဆော်ထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၇ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၈ ခုအား ချိတ်ဆက်ဝန်ဆောင်မှု ပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ခရီးသည် စုစုပေါင်း ၆ ဒသမ ၅ သန်းကို လက်ခံဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
-------------------------
(Zawgyi Version)
ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ COVID-19 ႀကိဳတင္ကာကြယ္ေရးေဆာင္႐ြက္ခ်က္ အျဖစ္ အမ်ားျပည္သူဝင္ေရာက္ခြင့္ကို ကန႔္သတ္
ရန္ကုန္ ၊ မတ္ ၂၈ ရက္(ဆင္ဟြာ)
ကူးစက္ျမန္ေရာဂါ COVID-19 ႀကိဳတင္ကာကြယ္ေရးေဆာင္႐ြက္ခ်က္တစ္ရပ္အေနျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္အေဆာက္အအုံမ်ားအတြင္းသို႔ တရားဝင္ ေလယာဥ္လက္မွတ္ကိုင္ေဆာင္သူ ခရီးသည္မ်ားႏွင့္ တာဝန္က် ေလဆိပ္ဝန္ထမ္းမ်ားမွအပ အမ်ားျပည္သူဝင္ေရာက္ခြင့္ကို ကန႔္သတ္မည္ ျဖစ္ေၾကာင္း ေလဆိပ္အား စီမံခန႔္ခြဲဝန္ေဆာင္မႈ ေပးေနသာ Yangon Aerodrome Company Limited (YACL)မွ ယေန႔ မတ္ ၂၈ ရက္ ညပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။
ျမန္မာႏိုင္ငံ၊ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္ႏွင့္အညီ ကန႔္သတ္သြားမည္ ျဖစ္ၿပီး ခရီးသည္မ်ားအား လိုက္ပါပို႔ေဆာင္/ႀကိဳဆိုၾကသူမ်ားအေနျဖင့္ ေလဆိပ္အေဆာက္အအုံမ်ားအတြင္းသို႔ ဝင္ေရာက္ခြင့္ ရရွိေတာ့မည္မဟုတ္ေၾကာင္း ၊ ယခု ထုတ္ျပန္ေၾကညာခ်က္မွာ မတ္ ၂၉ ရက္ ၀၀:၀၀ နာရီမွ စတင္ သက္ေရာက္မည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ကူးစက္ျမန္ ကပ္ေရာဂါ COVID-19 ႀကိဳတင္ကာကြယ္ေရးေဆာင္႐ြက္ခ်က္မ်ားအတြက္ ခရီးသည္မ်ား အေနျဖင့္ ေလဆိပ္အေဆာက္အအုံအားလုံး၏ ဝင္ထြက္ေပါက္မ်ားရွိ တာဝန္က် ဝန္ထမ္းမ်ားႏွင့္ အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ေပးရန္ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနႏွင့္ က်န္းမာေရး ႏွင့္အားကစား ဝန္ႀကီးဌာနတို႔မွ တိုက္တြန္း ႏႈိးေဆာ္ထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။
ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သည္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း ၃၇ လိုင္းႏွင့္ အျပည္ျပည္ဆိုင္ရာ ခရီးစဥ္ ၃၈ ခုအား ခ်ိတ္ဆက္ဝန္ေဆာင္မႈ ေပးလ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္အတြင္း ခရီးသည္ စုစုေပါင္း ၆ ဒသမ ၅ သန္းကို လက္ခံဝန္ေဆာင္မႈ ေပးခဲ့ေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment