ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) / ေပက်င္း၊ မတ္ ၂၆ ရက္(ဆင္ဟြာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် ဖုန်းဆက် ဆွေးနွေး
ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် မတ် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
 ထိုသို့ ဆွေးနွေးရာတွင် သမ္မတရှီက တရုတ်နိုင်ငံ COVID-19 ရောဂါ ဖြစ်ပွားစဉ် ကာလအစောပိုင်း တွင် ဝန်ကြီးချုပ်အိန်ဂျလာမာကဲလ် အနေဖြင့် နှစ်သိမ့်အားပေးထောက်ခံကြောင်း ပြောကြားခဲ့သလို ဂျာမနီအစိုးရနှင့် နယ်ပယ်အသီးသီးကလည်း လက်ကမ်းကူညီမှုများပေးအပ်ခဲ့ရာ တရုတ်နိုင်ငံ ပြည်သူ့အနေဖြင့် အမြဲထာဝရ မှတ်သားလျက်ရှိကြောင်း ၊ လက်ရှိတွင် ကပ်ရောဂါဆိုးဝါးမှုကို ဂျာမနီနိုင်ငံက ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံပြည်သူများက ထပ်တူ စာနာမိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးကို ခိုင်မာစွာ အားပေးထောက်ခံသလို တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက် ကူညီဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံကျွမ်းကျင်ပညာရှင်များက ဗွီဒီယိုဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြသလို ဂျာမနီပညာရှင်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)ပညာရှင်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံသို့ လာရောက်ကြည့်ရှု ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများကို မျှဝေသွားလိုပြီး ကာကွယ်ဆေးနှင့်ကုသဆေးဝါး သုတေသနပြုရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားကာ နှစ်နိုင်ငံ ကျန်းမာရေးနှင့် ကမ္ဘာ့ ပြည်သူ့ကျန်းမာရေး လုံခြုံမှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ရောဂါပိုးမွှားသည် နိုင်ငံဒေသမရွေးတည်ရှိနိုင်ရာ လူသားအားလုံးအတူရင်ဆိုင်ရမည့် ဘုံစိန်ခေါ်မှု ဖြစ်ရာ မည်သည့်နိုင်ငံကမျှ တစ်ကိုယ်ကောင်းစိတ်ဖြင့် မသက်ဆိုင်သလို လက်ပိုက်နေနိုင်မည် မဟုတ်ကြောင်း၊ ယခု ကပ်ရောဂါ တိုက်ဖျက်ရေးတွင် တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ အင်အားကို ထင်ဟပ်စေရန် အပြုသဘောဆောင်ခဲ့ကြောင်း ၊ G20 အဖွဲ့နိုင်ငံခေါင်းဆောင်များ COVID-19 ရောဂါ ဖြေရှင်းရေး အထူးထိပ်သီးအစည်းအဝေးကို မကြာမီကျင်းမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံအပါအဝင် ဘက်ပေါင်းစုံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
မျက်မှောက်နှင့်ရေရှည်အတွက် နိုင်ငံအတွင်းနှင့်ကမ္ဘာ့ပေါ် သက်ရောက်မှုများ ကိုင်တွယ်စီမံရန် စီးပွားရေး တစ်ရပ်လုံးဆိုင်ရာ မူဝါဒညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ၊ဈေးကွက်တည်ငြိမ်တိုးတက်မှုရှိစေရန် ၊ အလုပ်အကိုင်များ တည်ငြိမ်မှုရှိစေကာ ပြည်သူအများစားဝတ်နေရေး အာမခံမှုရှိစေရန် ဆောင်ရွက်ရမည့်တစ်ချိန်တည်းတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုပစ္စည်း ပံ့ပိုးမှု ကွင်းဆက်များပွင့်လင်း၊ တည်ငြိမ်၊ လုံခြုံမှုရှိစေရန် ဈေးကွက်တံခါးဖွင့်မှုကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကလည်း လက်ရှိ ဥရောပတိုက်တွင် ကပ်ရောဂါအခြေအနေဆိုးဝါးလျက်ရှိရာ ဂျာမနီနိုင်ငံအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြတ်သားစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အချိန်မီကူညီထောက်ပံ့ပေးမှုများအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကာကွယ်ဆေး၊ကုသဆေး သုတေသနပြုထုတ်လုပ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားကာ စည်းလုံးညီညွတ်စွာ ကပ်ရောဂါတိုက်ဖျက်ရေး၏စံနမူနာအဖြစ် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံအနေဖြင့် အဖြစ်မှန်ကိုအခြေခံသည့် တရားမျှတမှုကို လက်ကိုင်ထားကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ကပ်ရောဂါကို လက်တွဲဖြေရှင်းသွားမည်ဖြစ်ကြောင်း ၊G20အဖွဲ့ဝင်များအနေဖြင့် လက်ရှိ အကြပ်အတည်းကို ကျော်လွှားရန် ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုကို ရှေ့ဆောင်နိုင်ရန်  ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ အပြန်အလှန်အားပေးဖေးမ ဆောင်ရွက်သွားသင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဂျာမနီ-တရုတ် ၊ ဥရောပ-တရုတ် ပူပေါင်းဖလှယ်မှုများကို ဆက်လက်တွန်းအားပေး ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံ သမၼတ ရွီက်င့္ဖိန္ႏွင့္ ဂ်ာမနီႏိုင္ငံ ဝန္ႀကီးခ်ဳပ္ အိန္ဂ်လာ မာကဲလ္ ဖုန္းဆက္ ေဆြးေႏြး
ေပက်င္း၊ မတ္ ၂၆ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ သမၼတ ရွီက်င့္ဖိန္သည္ ဂ်ာမနီႏိုင္ငံ ဝန္ႀကီးခ်ဳပ္ အိန္ဂ်လာမာကဲလ္ႏွင့္ မတ္ ၂၅ ရက္က ဖုန္းျဖင့္ ဆက္သြယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
 ထိုသို႔ ေဆြးေႏြးရာတြင္ သမၼတရွီက တ႐ုတ္ႏိုင္ငံ COVID-19 ေရာဂါ ျဖစ္ပြားစဥ္ ကာလအေစာပိုင္း တြင္ ဝန္ႀကီးခ်ဳပ္အိန္ဂ်လာမာကဲလ္ အေနျဖင့္ ႏွစ္သိမ့္အားေပးေထာက္ခံေၾကာင္း ေျပာၾကားခဲ့သလို ဂ်ာမနီအစိုးရႏွင့္ နယ္ပယ္အသီးသီးကလည္း လက္ကမ္းကူညီမႈမ်ားေပးအပ္ခဲ့ရာ တ႐ုတ္ႏိုင္ငံ ျပည္သူ႔အေနျဖင့္ အၿမဲထာဝရ မွတ္သားလ်က္ရွိေၾကာင္း ၊ လက္ရွိတြင္ ကပ္ေရာဂါဆိုးဝါးမႈကို ဂ်ာမနီႏိုင္ငံက ရင္ဆိုင္ေနရခ်ိန္တြင္ တ႐ုတ္ႏိုင္ငံျပည္သူမ်ားက ထပ္တူ စာနာမိေၾကာင္း ၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဂ်ာမနီႏိုင္ငံ၏ ကပ္ေရာဂါတိုက္ဖ်က္ေရးကို ခိုင္မာစြာ အားေပးေထာက္ခံသလို တတ္ႏိုင္သမွ် အစြမ္းကုန္ ဆက္လက္ ကူညီေဆာင္႐ြက္သြားလိုေၾကာင္း ေျပာၾကားခဲ့သည္။
ႏွစ္ႏိုင္ငံကြၽမ္းက်င္ပညာရွင္မ်ားက ဗြီဒီယိုျဖင့္ ေဆြးေႏြးဖလွယ္ခဲ့ၾကသလို ဂ်ာမနီပညာရွင္မ်ားသည္ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္(WHO)ပညာရွင္အဖြဲ႕ႏွင့္အတူ တ႐ုတ္ႏိုင္ငံသို႔ လာေရာက္ၾကည့္ရႈ ခဲ့ေၾကာင္း ၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဂ်ာမနီႏိုင္ငံႏွင့္အတူ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရး အေတြ႕အႀကဳံမ်ားကို မွ်ေဝသြားလိုၿပီး ကာကြယ္ေဆးႏွင့္ကုသေဆးဝါး သုေတသနျပဳရာတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္သြားကာ ႏွစ္ႏိုင္ငံ က်န္းမာေရးႏွင့္ ကမာၻ႔ ျပည္သူ႔က်န္းမာေရး လုံၿခဳံမႈအတြက္ အက်ိဳးျပဳေဆာင္႐ြက္သြားလိုေၾကာင္း ေျပာၾကားခဲ့သည္။
ေရာဂါပိုးမႊားသည္ ႏိုင္ငံေဒသမေ႐ြးတည္ရွိႏိုင္ရာ လူသားအားလုံးအတူရင္ဆိုင္ရမည့္ ဘုံစိန္ေခၚမႈ ျဖစ္ရာ မည္သည့္ႏိုင္ငံကမွ် တစ္ကိုယ္ေကာင္းစိတ္ျဖင့္ မသက္ဆိုင္သလို လက္ပိုက္ေနႏိုင္မည္ မဟုတ္ေၾကာင္း၊ ယခု ကပ္ေရာဂါ တိုက္ဖ်က္ေရးတြင္ တ႐ုတ္-ဂ်ာမနီ၊ တ႐ုတ္-ဥေရာပ၏ စည္းလုံးညီၫြတ္စြာ ပူးေပါင္းေဆာင္႐ြက္မႈ၏ အင္အားကို ထင္ဟပ္ေစရန္ အျပဳသေဘာေဆာင္ခဲ့ေၾကာင္း ၊ G20 အဖြဲ႕ႏိုင္ငံေခါင္းေဆာင္မ်ား COVID-19 ေရာဂါ ေျဖရွင္းေရး အထူးထိပ္သီးအစည္းအေဝးကို မၾကာမီက်င္းမည္ ျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဂ်ာမနီႏိုင္ငံအပါအဝင္ ဘက္ေပါင္းစုံႏွင့္ ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ ေဆာင္႐ြက္သြားလိုေၾကာင္း ေျပာၾကားခဲ့သည္။
မ်က္ေမွာက္ႏွင့္ေရရွည္အတြက္ ႏိုင္ငံအတြင္းႏွင့္ကမာၻ႔ေပၚ သက္ေရာက္မႈမ်ား ကိုင္တြယ္စီမံရန္ စီးပြားေရး တစ္ရပ္လုံးဆိုင္ရာ မူဝါဒညႇိႏႈိင္းမႈမ်ား ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ၊ေဈးကြက္တည္ၿငိမ္တိုးတက္မႈရွိေစရန္ ၊ အလုပ္အကိုင္မ်ား တည္ၿငိမ္မႈရွိေစကာ ျပည္သူအမ်ားစားဝတ္ေနေရး အာမခံမႈရွိေစရန္ ေဆာင္႐ြက္ရမည့္တစ္ခ်ိန္တည္းတြင္ ကမာၻလုံးဆိုင္ရာ ကုန္ထုတ္လုပ္မႈပစၥည္း ပံ့ပိုးမႈ ကြင္းဆက္မ်ားပြင့္လင္း၊ တည္ၿငိမ္၊ လုံၿခဳံမႈရွိေစရန္ ေဈးကြက္တံခါးဖြင့္မႈကို တြန္းအားေပးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သမၼတ ရွီက ေျပာၾကားခဲ့သည္။
ဂ်ာမနီႏိုင္ငံ ဝန္ႀကီးခ်ဳပ္ အိန္ဂ်လာမာကဲလ္ကလည္း လက္ရွိ ဥေရာပတိုက္တြင္ ကပ္ေရာဂါအေျခအေနဆိုးဝါးလ်က္ရွိရာ ဂ်ာမနီႏိုင္ငံအေနျဖင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ျပတ္သားစြာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဂ်ာမနီႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံမွ အခ်ိန္မီကူညီေထာက္ပံ့ေပးမႈမ်ားအား ေက်းဇူးတင္ရွိေၾကာင္း၊ တ႐ုတ္ႏိုင္ငံႏွင့္အတူ ကာကြယ္ေဆး၊ကုသေဆး သုေတသနျပဳထုတ္လုပ္ေရးစသည့္ က႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္သြားကာ စည္းလုံးညီၫြတ္စြာ ကပ္ေရာဂါတိုက္ဖ်က္ေရး၏စံနမူနာအျဖစ္ ေဆာင္႐ြက္သြားလိုေၾကာင္း ေျပာၾကားခဲ့သည္။
ဂ်ာမနီႏိုင္ငံအေနျဖင့္ အျဖစ္မွန္ကိုအေျခခံသည့္ တရားမွ်တမႈကို လက္ကိုင္ထားကာ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္အတူ ကပ္ေရာဂါကို လက္တြဲေျဖရွင္းသြားမည္ျဖစ္ေၾကာင္း ၊G20အဖြဲ႕ဝင္မ်ားအေနျဖင့္ လက္ရွိ အၾကပ္အတည္းကို ေက်ာ္လႊားရန္ ၊ ကမာၻလုံးဆိုင္ရာ စီးပြားေရး တည္ၿငိမ္မႈကို ေရွ႕ေဆာင္ႏိုင္ရန္  ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ကာ အျပန္အလွန္အားေပးေဖးမ ေဆာင္႐ြက္သြားသင့္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံႏွင့္အတူ ဂ်ာမနီ-တ႐ုတ္ ၊ ဥေရာပ-တ႐ုတ္ ပူေပါင္းဖလွယ္မႈမ်ားကို ဆက္လက္တြန္းအားေပး ေဆာင္႐ြက္လိုေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)

No comments:

Post a Comment