ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ဘန္ေကာက္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

ထိုင်းနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး ကူညီရန် တရုတ်နိုင်ငံ ဖောင်ဒေးရှင်းများမှ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်း
ဘန်ကောက်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၆ ရက်တွင် တရားဝင်လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်းများ၊ ရောဂါအကာအကွယ်ဝတ်စုံများနှင့် မျက်နှာအကာအကွယ်များ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်း ပထမအသုတ်အား အထူးစင်းလုံးငှားလေယာဉ်တစ်စင်းဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ၁၇ တန်ပါရှိသော အထောက်အကူပြုပစ္စည်းများသည် မတ် ၂၅ ရက်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။
လှူဒါန်းမှုများအား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး အာနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ဖောင်ဒေးရှင်းနှစ်ခု၏ ကိုယ်စားလှယ် Lazada Thailand ၏ အမှုဆောင်အရာရှိချုပ် ဂျိမ်းစ်တုံထံမှ လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထိုင်း ဆေးဝါးဖော်စပ်၊ ထုတ်လုပ်မှုအဖွဲ့အစည်းနှင့်ပူးပေါင်းကာ ၎င်းလှူဒါန်းပစ္စည်းများအား သယ်ယူပို့ဆောင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရန် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားပြီး မတ် ၂၅ ရက် ညသန်းခေါင်မှ ဧပြီ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
အဆိုပါ အရေးပေါ်ကြေညာချက်အရ နိုင်ငံများခြားသားများအားလုံးကို နိုင်ငံအတွင်းရှိ ဝင်ပေါက်နေရာအားလုံးမှ ဝင်ရောက်ခြင်းကို တားမြစ်လိုက်သည်။ ကုန်စည်တင်ပို့သူများ၊ သံတမန်များ၊ ယာဉ်မောင်းများ၊ လေယာဉ်မှူးများနှင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာမှ ဝင်ခွင့်ပြုထားသူများအနေဖြင့်မူ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ အသစ် ၁၁၁ ဦးရှိပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁,၀၄၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အစိုးရက တွစ်တာပေါ်၌ ရေးသားထားသည်။
“ဒီလှူဒါန်းမှုတွေက COVID-19 ထိန်းချုပ်ဖို့ ထိုင်းနိုင်ငံကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ လိုအပ်တဲ့နေရာ ဖြစ်နိုင်သမျှအမြန်ဆုံးနည်းလမ်းနဲ့ ရရှိဖို့က အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေပါတယ်” ဟု တုံက ဆိုသည်။
ထို့ပြင် ဖောင်ဒေးရှင်းနှစ်ခုမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်း ဒုတိယအသုတ်လည်း ယခုသီတင်းပတ်အကုန်၌ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………
(Zawgyi Version)
ထိုင္းႏိုင္ငံတြင္ COVID-19 တိုက္ဖ်က္ေရး ကူညီရန္ တ႐ုတ္ႏိုင္ငံ ေဖာင္ေဒးရွင္းမ်ားမွ ေဆးဘက္ဆိုင္ရာပစၥည္းမ်ား လႉဒါန္း
ဘန္ေကာက္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ဂ်က္မာေဖာင္ေဒးရွင္းႏွင့္ အလီဘာဘာေဖာင္ေဒးရွင္းတို႔မွ လႉဒါန္းေသာ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားအား ထိုင္းႏိုင္ငံ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက မတ္ ၂၆ ရက္တြင္ တရားဝင္လႊဲေျပာင္း လက္ခံရယူခဲ့ေၾကာင္း သိရသည္။
ႏွာေခါင္းစည္းမ်ား၊ ေရာဂါအကာအကြယ္ဝတ္စုံမ်ားႏွင့္ မ်က္ႏွာအကာအကြယ္မ်ား ပါဝင္သည့္ ေဆးဘက္ဆိုင္ရာ အေထာက္အကူပစၥည္း ပထမအသုတ္အား အထူးစင္းလုံးငွားေလယာဥ္တစ္စင္းျဖင့္ တင္ပို႔လိုက္ျခင္းျဖစ္သည္။ ၁၇ တန္ပါရွိေသာ အေထာက္အကူျပဳပစၥည္းမ်ားသည္ မတ္ ၂၅ ရက္တြင္ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့သည္။
လႉဒါန္းမႈမ်ားအား ထိုင္းႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္သူ႔က်န္းမာေရးဝန္ႀကီး အာႏူတင္ ခ်န္ဗီရာကူလ္ (Anutin Charnvirakul) က ေဖာင္ေဒးရွင္းႏွစ္ခု၏ ကိုယ္စားလွယ္ Lazada Thailand ၏ အမႈေဆာင္အရာရွိခ်ဳပ္ ဂ်ိမ္းစ္တုံထံမွ လႊဲေျပာင္းလက္ခံခဲ့ျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက ထိုင္း ေဆးဝါးေဖာ္စပ္၊ ထုတ္လုပ္မႈအဖြဲ႕အစည္းႏွင့္ပူးေပါင္းကာ ၎လႉဒါန္းပစၥည္းမ်ားအား သယ္ယူပို႔ေဆာင္ ျဖန႔္ျဖဴးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ တိုက္ဖ်က္ရန္ ႏိုင္ငံတစ္ဝန္း အေရးေပၚအေျခအေန ေၾကညာထားၿပီး မတ္ ၂၅ ရက္ ညသန္းေခါင္မွ ဧၿပီ ၃၀ ရက္အထိ အက်ဳံးဝင္မည္ျဖစ္သည္။
အဆိုပါ အေရးေပၚေၾကညာခ်က္အရ ႏိုင္ငံမ်ားျခားသားမ်ားအားလုံးကို ႏိုင္ငံအတြင္းရွိ ဝင္ေပါက္ေနရာအားလုံးမွ ဝင္ေရာက္ျခင္းကို တားျမစ္လိုက္သည္။ ကုန္စည္တင္ပို႔သူမ်ား၊ သံတမန္မ်ား၊ ယာဥ္ေမာင္းမ်ား၊ ေလယာဥ္မႉးမ်ားႏွင့္ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာမွ ဝင္ခြင့္ျပဳထားသူမ်ားအေနျဖင့္မူ ကင္းလြတ္ခြင့္ရမည္ ျဖစ္သည္။
ထိုင္းႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူ အသစ္ ၁၁၁ ဦးရွိၿပီး စုစုေပါင္း ေရာဂါကူးစက္ခံရသူ ၁,၀၄၅ ဦးအထိ ရွိလာၿပီျဖစ္ေၾကာင္း အစိုးရက တြစ္တာေပၚ၌ ေရးသားထားသည္။
“ဒီလႉဒါန္းမႈေတြက COVID-19 ထိန္းခ်ဳပ္ဖို႔ ထိုင္းႏိုင္ငံကို ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေဆးဘက္ဆိုင္ရာ ပစၥည္းေတြ လိုအပ္တဲ့ေနရာ ျဖစ္ႏိုင္သမွ်အျမန္ဆုံးနည္းလမ္းနဲ႔ ရရွိဖို႔က အႀကီးမားဆုံး စိန္ေခၚမႈျဖစ္ေနပါတယ္” ဟု တုံက ဆိုသည္။ထို႔ျပင္ ေဖာင္ေဒးရွင္းႏွစ္ခုမွ လႉဒါန္းေသာ ေဆးဘက္ဆိုင္ရာအေထာက္အကူျပဳပစၥည္း ဒုတိယအသုတ္လည္း ယခုသီတင္းပတ္အကုန္၌ ေရာက္ရွိမည္ ျဖစ္ေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment