ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)

IDP စခန်းများအတွက် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်မည်
ရန်ကုန် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)
ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများ (IDP စခန်းများ)တွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပဋိပက္ခများကြောင့် ယာယီခိုလှုံရာစခန်းများတွင်နေထိုင်ကြသော နေရပ်စွန့်ခွာသူများအတွက် COVID-19 ကပ်ရောဂါ ကြိုတင်ကာကွယ်ရန် လိုအပ်သောအစီအမံများ ဆောင်ရွက်နိုင်ရန်နှင့် ကူးစက်ဖြစ်ပွားလာပါက စခန်းနေသူများ၊ စခန်းစီမံခန့်ခွဲသူများ၊ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများက စနစ်တကျ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်ကို ရေးဆွဲရခြင်းဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မတ် ၂၄ ရက်တွင် ပြုလုပ်သော IDP စခန်းများတွင် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ စာရင်းများအရ မြို့နယ်ပေါင်း (၂၄) မြို့နယ်၌ စခန်းစုစုပေါင်း (၁၂၈) ခု၊ စခန်းနေ ပြည်တွင်းနေရပ်စွန့်ခွာ သူဦးရေ ၁၈၄,၃၃၃ ဦး ရှိကြောင်း သိရသည်။
ထိုသူများအတွက် စီမံချက်ရေးဆွဲရာတွင် စခန်းနေသူများ သာမက စခန်း စီမံခန့်ခွဲသူများကိုပါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာ ပေးနိုင်ရန် အရေးကြီးကြောင်း ၊ IDP စခန်းများသို့ ကူညီ ထောက်ပံ့မှုလုပ်ငန်းများအတွက် လာရောက်သော ပြည်တွင်း/ပြည်ပ လူသားချင်းစာနာမှုအကူအညီ ပေးရေး အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် IDP စခန်းနေသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့် ပတ်သက်သည့် လိုက်နာရမည့် အချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
ထို့အတူ စခန်းများတွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး အသုံးအဆောင်များဖြစ်သည့် သန့်ရှင်းသည့် ရေ၊ ရေပုံး/ရေဇလုံ/ရေခွက်များ၊ ဆပ်ပြာခဲ/ဆပ်ပြာဆီများ၊ လက်ဆေးရန်နေရာများ စီမံထားရှိပေး ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးခြင်း၊ စခန်းတွင်းနေထိုင် သူများတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း တို့ဖြစ်ပွားပါက အသုံးပြုနိုင်ရန် နှာခေါင်းစည်းများ ကြိုတင် စုဆောင်းထားခြင်း၊ ၎င်းတို့ကို (လိုအပ်ပါက) အသွားအလာကန့်သတ် စောင့်ကြပ် ကြည့်ရှုရန် သီးခြား ထားရှိခြင်း (Quarantine) အဆောက်အဦများ စီစဉ်ထားခြင်းနှင့် လိုအပ်သည့် နေထိုင် စားသောက် ရေးကိစ္စရပ်များကို ပြင်ဆင်ထားခြင်း၊၎င်းတို့အနေဖြင့် Quarantine နေထိုင်စဉ်အတွင်း လိုအပ်သည့် ကျန်းမာရေး စောင့်ကြည့် ကြီးကြပ်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေး ဝန်ထမ်းများ စီစဉ်ထားရှိခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း စသည့်လက္ခဏာများတွေ့ရှိပါက အနီးဆုံး ကျန်းမာရေးဌာနများသို့ ချက်ချင်း သတင်းပို့ခြင်းနှင့် ညွှန်ကြားချက်၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းညှိနှိုင်းအစည်းအဝေးတွင် စခန်းအလိုက် ဖွဲ့စည်းထားပြီးဖြစ်သော စခန်းစီမံခန့်ခွဲမှုကော်မတီက စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရေး တာဝန်ယူဆောင်ရွက်ခြင်း၊ အစီရင်ခံခြင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သောသန့်ရှင်းရေးပစ္စည်းများ၊ အကာအကွယ်ပစ္စည်း နှင့် ကိရိယာများ၊ အခြားလိုအပ်သော အထောက်အကူပစ္စည်းများထောက်ပံ့မှုကို လက်ခံခြင်းနှင့် စီမံခန့်ခွဲခြင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ စခန်းများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား သတင်းအချက်အလက်များ မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ရန် စီမံချက်တွင်ထည့်သွင်းရေးဆွဲရေး ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
---------------------------
(Zawgyi Version)
IDP စခန္းမ်ားအတြက္ COVID-19 ကမာၻလုံးဆိုင္ရာ ကူးစက္ျမန္ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းစီမံခ်က္ ေရးဆြဲေဆာင္႐ြက္မည္
ရန္ကုန္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)
ျပည္တြင္းေနရပ္စြန႔္ခြာသူမ်ား ယာယီခိုလႈံရာစခန္းမ်ား (IDP စခန္းမ်ား)တြင္ COVID-19 ကမာၻလုံးဆိုင္ရာ ကူးစက္ျမန္ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ လုပ္ငန္းစီမံခ်က္ ေရးဆြဲေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္မႈ အရ သိရသည္။
COVID-19 ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးကို ႏိုင္ငံေတာ္အစိုးရက အတတ္ႏိုင္ဆုံး ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ပဋိပကၡမ်ားေၾကာင့္ ယာယီခိုလႈံရာစခန္းမ်ားတြင္ေနထိုင္ၾကေသာ ေနရပ္စြန႔္ခြာသူမ်ားအတြက္ COVID-19 ကပ္ေရာဂါ ႀကိဳတင္ကာကြယ္ရန္ လိုအပ္ေသာအစီအမံမ်ား ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ကူးစက္ျဖစ္ပြားလာပါက စခန္းေနသူမ်ား၊ စခန္းစီမံခန႔္ခြဲသူမ်ား၊ သက္ဆိုင္ရာ အစိုးရဌာန အဖြဲ႕အစည္းမ်ားက စနစ္တက် အလ်င္အျမန္တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ရန္အတြက္ စီမံခ်က္ကို ေရးဆြဲရျခင္းျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက မတ္ ၂၄ ရက္တြင္ ျပဳလုပ္ေသာ IDP စခန္းမ်ားတြင္ COVID-19 ကမာၻလုံးဆိုင္ရာ ကူးစက္ျမန္ကပ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအတြက္ လုပ္ငန္းစီမံခ်က္ ေရးဆြဲေဆာင္႐ြက္ႏိုင္ေရးႏွင့္ပတ္သက္၍ ညႇိႏႈိင္းအစည္းအေဝးတြင္ ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံအတြင္း ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ တို႔တြင္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ စာရင္းမ်ားအရ ၿမိဳ႕နယ္ေပါင္း (၂၄) ၿမိဳ႕နယ္၌ စခန္းစုစုေပါင္း (၁၂၈) ခု၊ စခန္းေန ျပည္တြင္းေနရပ္စြန႔္ခြာ သူဦးေရ ၁၈၄,၃၃၃ ဦး ရွိေၾကာင္း သိရသည္။
ထိုသူမ်ားအတြက္ စီမံခ်က္ေရးဆြဲရာတြင္ စခန္းေနသူမ်ား သာမက စခန္း စီမံခန႔္ခြဲသူမ်ားကိုပါ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ အသိပညာ ေပးႏိုင္ရန္ အေရးႀကီးေၾကာင္း ၊ IDP စခန္းမ်ားသို႔ ကူညီ ေထာက္ပံ့မႈလုပ္ငန္းမ်ားအတြက္ လာေရာက္ေသာ ျပည္တြင္း/ျပည္ပ လူသားခ်င္းစာနာမႈအကူအညီ ေပးေရး အဖြဲ႕အစည္းမ်ားမွ လူပုဂၢိဳလ္မ်ားႏွင့္ IDP စခန္းေနသူမ်ားသည္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ COVID-19 ႏွင့္ ပတ္သက္သည့္ လိုက္နာရမည့္ အခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ႏိုင္ရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ့သည္။
ထို႔အတူ စခန္းမ်ားတြင္ ေရႏွင့္ပတ္ဝန္းက်င္ သန္႔ရွင္းေရး အသုံးအေဆာင္မ်ားျဖစ္သည့္ သန္႔ရွင္းသည့္ ေရ၊ ေရပုံး/ေရဇလုံ/ေရခြက္မ်ား၊ ဆပ္ျပာခဲ/ဆပ္ျပာဆီမ်ား၊ လက္ေဆးရန္ေနရာမ်ား စီမံထားရွိေပး ျခင္းႏွင့္ ေရစီးေရလာေကာင္းမြန္ေစေရး ေဆာင္႐ြက္ေပးျခင္း၊ စခန္းတြင္းေနထိုင္ သူမ်ားတြင္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေခ်ျခင္း တို႔ျဖစ္ပြားပါက အသုံးျပဳႏိုင္ရန္ ႏွာေခါင္းစည္းမ်ား ႀကိဳတင္ စုေဆာင္းထားျခင္း၊ ၎တို႔ကို (လိုအပ္ပါက) အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ ၾကည့္ရႈရန္ သီးျခား ထားရွိျခင္း (Quarantine) အေဆာက္အဦမ်ား စီစဥ္ထားျခင္းႏွင့္ လိုအပ္သည့္ ေနထိုင္ စားေသာက္ ေရးကိစၥရပ္မ်ားကို ျပင္ဆင္ထားျခင္း၊၎တို႔အေနျဖင့္ Quarantine ေနထိုင္စဥ္အတြင္း လိုအပ္သည့္ က်န္းမာေရး ေစာင့္ၾကည့္ ႀကီးၾကပ္မႈမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္ က်န္းမာေရး ဝန္ထမ္းမ်ား စီစဥ္ထားရွိျခင္းတို႔ကို ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ႏွာေစးျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ဖ်ားနာျခင္း စသည့္လကၡဏာမ်ားေတြ႕ရွိပါက အနီးဆုံး က်န္းမာေရးဌာနမ်ားသို႔ ခ်က္ခ်င္း သတင္းပို႔ျခင္းႏွင့္ ၫႊန္ၾကားခ်က္၊ အႀကံျပဳခ်က္မ်ားအတိုင္း လိုက္နာေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။
ယင္းညႇိႏႈိင္းအစည္းအေဝးတြင္ စခန္းအလိုက္ ဖြဲ႕စည္းထားၿပီးျဖစ္ေသာ စခန္းစီမံခန႔္ခြဲမႈေကာ္မတီက စီမံခ်က္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေရး တာဝန္ယူေဆာင္႐ြက္ျခင္း၊ အစီရင္ခံျခင္း၊ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္ေရးႏွင့္စပ္လ်ဥ္း၍ လိုအပ္ေသာသန႔္ရွင္းေရးပစၥည္းမ်ား၊ အကာအကြယ္ပစၥည္း ႏွင့္ ကိရိယာမ်ား၊ အျခားလိုအပ္ေသာ အေထာက္အကူပစၥည္းမ်ားေထာက္ပံ့မႈကို လက္ခံျခင္းႏွင့္ စီမံခန႔္ခြဲျခင္း၊ COVID-19 ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးႏွင့္ စပ္လ်ဥ္း၍ စခန္းမ်ားတြင္ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းစဥ္မ်ားအား သတင္းအခ်က္အလက္မ်ား မွ်ေဝေပးျခင္းတို႔ကို ေဆာင္႐ြက္ရန္ စီမံခ်က္တြင္ထည့္သြင္းေရးဆြဲေရး ကိစၥရပ္မ်ားကို ျပည္ေထာင္စုဝန္ႀကီး၊ ဒုတိယ ဝန္ႀကီး၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ားက ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment