ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

မြန်မာနိုင်ငံရှိ ဘဏ်များအားလုံး မည်သည့်အခြေအနေတွင်ဖြစ်စေ နေ့စဉ်ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက် ဆောင်ရွက်မည်
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးသည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘဏ်များ နှင့်ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအား ငွေထုတ်ပေးခြင်းအပါအဝင် နေ့စဉ်ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ဖွင့်ရက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် (၂၄-၃-၂၀၂၀)ရက်နေ့မှစ၍ ဘဏ်များနှင့်ဆက်သွယ်ဆောင်ရွက်သူ ပြည်သူများအနေဖြင့် ဘဏ်များမှ ပုံမှန်ထက်ပိုမို၍ ငွေသားလာရောက်ထုတ် ယူမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကြီးကြပ်လျက်ရှိရာ မည်သည့် အခြေအနေတွင်ဖြစ်စေ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် အစီအမံများထားရှိကြောင်း၊ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရန် အစီအမံများ ကြိုတင်ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် (၁၃-၃-၂၀၂၀) ရက်နေ့ကတည်းက ဘဏ်များအားလုံးသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အများပြည်သူတို့ ငွေပေးချေမှုများကို အဆင်ပြေစွာဆောင်ရွက်နိုင်စေရန် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ငွေလွှဲငွေပို့ခြင်းများအတွက် ပုံမှန်ထက် ပမာဏတိုးမြှင့်ဆောင်ရွက် ခွင့်ပြုထားကြောင်း၊ ဘဏ်များကိုလည်း ဘဏ်ခွဲများတွင်သာမက အလို အလျောက် ငွေထုတ်စက်(Automated Teller Machine-ATM)များတွင်လည်း အချိန်မရွေး ငွေမပြတ်ထုတ်ယူနိုင်ရေး စီစဉ်ထားရှိရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)
---------------------------------
(Zawgyi Version)
ျမန္မာႏိုင္ငံရွိ ဘဏ္မ်ားအားလုံး မည္သည့္အေျခအေနတြင္ျဖစ္ေစ ေန႔စဥ္ပုံမွန္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ဘဏ္ဖြင့္ရက္မ်ားအတိုင္း ဆက္လက္ ေဆာင္႐ြက္မည္
ရန္ကုန္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
ျမန္မာႏိုင္ငံရွိ ဘဏ္မ်ားအားလုံးသည္ မည္သည့္အေျခအေနတြင္ျဖစ္ေစ ဘဏ္မ်ား ႏွင့္ဆက္သြယ္ေဆာင္႐ြက္သူ ျပည္သူမ်ားအား ေငြထုတ္ေပးျခင္းအပါအဝင္ ေန႔စဥ္ပုံမွန္ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ဘဏ္ဖြင့္ရက္မ်ားအတိုင္း ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က မတ္ ၂၄ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္တြင္ (၂၄-၃-၂၀၂၀)ရက္ေန႔မွစ၍ ဘဏ္မ်ားႏွင့္ဆက္သြယ္ေဆာင္႐ြက္သူ ျပည္သူမ်ားအေနျဖင့္ ဘဏ္မ်ားမွ ပုံမွန္ထက္ပိုမို၍ ေငြသားလာေရာက္ထုတ္ ယူမႈမ်ားရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ျမန္မာႏိုင္ငံ၏ဘဏ္လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ လည္ပတ္ႏိုင္ေရးအတြက္ ႀကီးၾကပ္လ်က္ရွိရာ မည္သည့္ အေျခအေနတြင္ျဖစ္ေစ ဘဏ္လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ လည္ပတ္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားရန္ အစီအမံမ်ားထားရွိေၾကာင္း၊ ဘဏ္လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ လည္ပတ္ေဆာင္႐ြက္ႏိုင္ရန္ အစီအမံမ်ား ႀကိဳတင္ျပဳလုပ္ၾကရန္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ (၁၃-၃-၂၀၂၀) ရက္ေန႔ကတည္းက ဘဏ္မ်ားအားလုံးသို႔ ၫႊန္ၾကားထားၿပီး ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ အမ်ားျပည္သူတို႔ ေငြေပးေခ်မႈမ်ားကို အဆင္ေျပစြာေဆာင္႐ြက္ႏိုင္ေစရန္ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ေငြလႊဲေငြပို႔ျခင္းမ်ားအတြက္ ပုံမွန္ထက္ ပမာဏတိုးျမႇင့္ေဆာင္႐ြက္ ခြင့္ျပဳထားေၾကာင္း၊ ဘဏ္မ်ားကိုလည္း ဘဏ္ခြဲမ်ားတြင္သာမက အလို အေလ်ာက္ ေငြထုတ္စက္(Automated Teller Machine-ATM)မ်ားတြင္လည္း အခ်ိန္မေ႐ြး ေငြမျပတ္ထုတ္ယူႏိုင္ေရး စီစဥ္ထားရွိရန္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ၫႊန္ၾကားထားေၾကာင္း ထုတ္ျပန္ခ်က္ထဲတြင္ပါရွိသည္။ (Xinhua)
A

No comments:

Post a Comment