ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Thursday, March 26, 2020

ဂျီနီဗာ ၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ဂ်ီနီဗာ ၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

ကမ္ဘာပေါ် တွင် COVID-19 ကူးစက်ခံရသူ ၄ သိန်းကျော်ထိ ရောက်ရှိသွားပြီကြောင်း WHO ထုတ်ပြန်ကြေညာ
ဂျီနီဗာ ၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ၏ မတ်လ ၂၅ ရက် နောက်ဆုံး ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ လေးသိန်းကျော်ထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
ထုတ်ပြန်ကြေညာချက် အရ ကမ္ဘာပေါ် တွင် လူပေါင်း ၄၁၃,၄၆၇ ဦး ကူးစက် ခံခဲ့ရပြီး ၁၈,၄၃၃ ဦး သေဆုံးခဲ့ကာ နိုင်ငံ နှင့် ဒေသ ပေါင်း ၁၉၆ ခု တွင် ကပ်ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ ပြင်ပ ၌ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွား နေသည့် နိုင်ငံမှာ အီတလီ နိုင်ငံ ဖြစ်ပြီး လူပေါင်း ၆၉,၁၇၆ ဦး ကူးစက် ခံရကြောင်း ၊ အီတလီ ပြီးနောက် တွင် အမေရိကန် နိုင်ငံ နှင့် စပိန် နိုင်ငံ တို့ ဖြစ်ကြပြီး လူပေါင်း ၅၁,၉၁၄ ဦး နှင့် ၃၉,၆၇၃ ဦး အသီးသီး ကူးစက် ခံခဲ့ရကြောင်း သိရှိရသည်။
ကမ္ဘာပေါ် တွင် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ အနေဖြင့် မတ်၂၄ ရက် တွင် ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့ပြီး ၃၂ ကြိမ်မြောက် တိုကျို အိုလံပစ် ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် နောက်ပိုင်း ၂၀၂၁ ခုနှစ် နွေရာသီ ထက်နောက်မကျဘဲကျင်းပ ပြုလုပ်သွားရန် သဘောတူညီချက် ထုတ်ပြန်ကြေညာ ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က မတ် ၂၅ ရက် ၌ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအား ရွှေ့ဆိုင်းကျင်းပ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ် အလွန်ခက်ခဲပြီး မှန်ကန်သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
----------------------------------------------
(Zawgyi Version)
ကမာၻေပၚ တြင္ COVID-19 ကူးစက္ခံရသူ ၄ သိန္းေက်ာ္ထိ ေရာက္ရွိသြားၿပီေၾကာင္း WHO ထုတ္ျပန္ေၾကညာ
ဂ်ီနီဗာ ၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္(WHO) ၏ မတ္လ ၂၅ ရက္ ေနာက္ဆုံး ထုတ္ျပန္ေၾကညာခ်က္ အရ ကမာၻေပၚတြင္ COVID-19 ကူးစက္ခံရသူ ေလးသိန္းေက်ာ္ထိ ေရာက္ရွိသြားၿပီ ျဖစ္ေၾကာင္း သိရွိရသည္။
ထုတ္ျပန္ေၾကညာခ်က္ အရ ကမာၻေပၚ တြင္ လူေပါင္း ၄၁၃,၄၆၇ ဦး ကူးစက္ ခံခဲ့ရၿပီး ၁၈,၄၃၃ ဦး ေသဆုံးခဲ့ကာ ႏိုင္ငံ ႏွင့္ ေဒသ ေပါင္း ၁၉၆ ခု တြင္ ကပ္ေရာဂါ ျဖစ္ပြားလ်က္ရွိေၾကာင္း ၊ လက္ရွိခ်ိန္တြင္ တ႐ုတ္ ႏိုင္ငံ ျပင္ပ ၌ ကပ္ေရာဂါ အဆိုး႐ြားဆုံး ျဖစ္ပြား ေနသည့္ ႏိုင္ငံမွာ အီတလီ ႏိုင္ငံ ျဖစ္ၿပီး လူေပါင္း ၆၉,၁၇၆ ဦး ကူးစက္ ခံရေၾကာင္း ၊ အီတလီ ၿပီးေနာက္ တြင္ အေမရိကန္ ႏိုင္ငံ ႏွင့္ စပိန္ ႏိုင္ငံ တို႔ ျဖစ္ၾကၿပီး လူေပါင္း ၅၁,၉၁၄ ဦး ႏွင့္ ၃၉,၆၇၃ ဦး အသီးသီး ကူးစက္ ခံခဲ့ရေၾကာင္း သိရွိရသည္။
ကမာၻေပၚ တြင္ ကပ္ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ႏိုင္ငံတကာ အိုလံပစ္ ေကာ္မတီ အေနျဖင့္ မတ္၂၄ ရက္ တြင္ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ ခဲ့ၿပီး ၃၂ ႀကိမ္ေျမာက္ တိုက်ိဳ အိုလံပစ္ ၿပိဳင္ပြဲကို ၂၀၂၀ ျပည့္ႏွစ္ ေနာက္ပိုင္း ၂၀၂၁ ခုႏွစ္ ေႏြရာသီ ထက္ေနာက္မက်ဘဲက်င္းပ ျပဳလုပ္သြားရန္ သေဘာတူညီခ်က္ ထုတ္ျပန္ေၾကညာ ခဲ့သည္။ ကမာၻ႔က်န္းမာေရး အဖြဲ႕ခ်ဳပ္(WHO) ၫႊန္ၾကားေရးမႉးခ်ဳပ္ တက္ဒေရာ့စ္ အက္ဒမ္ႏြမ္ ဂယ္ဘရီအီးစက္စ္ (Tedros Adhanom Ghebreyesus) က မတ္ ၂၅ ရက္ ၌ ၂၀၂၀ တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲအား ေ႐ႊ႕ဆိုင္းက်င္းပ ျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့ျခင္းအေပၚ အလြန္ခက္ခဲၿပီး မွန္ကန္သည့္ ဆုံးျဖတ္ခ်က္ တစ္ခု ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)

No comments:

Post a Comment