ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၃၁ ရက္(ဆင္ဟြာ)

မြန်မာတရုတ်အဖွဲ့အစည်းများက COVID-19 ရောဂါကာကွယ်ကုသရေး အတွက် နတ်မောက်မြို့ ပြည်သူ့ ဆေးရုံသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်း
ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)
COVID-19 ရောဂါကာကွယ်ကုသရေး အတွက် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နှင့် Golden City Charity Foundation တို့မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား ယနေ့ မတ် ၃၁ ရက်တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့ ပြည်သူ့ဆေးရုံ(ခ)မြန်မာတရုတ်ချစ်ကြည်ရေး ဆေးရုံ(၀၀၂)သို့ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက COVID-19 ရောဂါကာကွယ်ရေး အတွက် ငွေကျပ် ၁၃၀ သိန်း တန်ဖိုးရှိ Surgical Mask (၂၀,၀၀၀) ခု နှင့် Golden City Charity Foundation က COVID-19 ရောဂါ ကုသရေး အတွက် အသက်ရှူစက်(Oxygen Plant)တို့အား လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က နတ်မောက်မြို့ ပြည်သူ့ ဆေးရုံ၌ လိုအပ်သည့် ဆေးပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း ၊ လာမည့်ရက်ပိုင်း တွင်လည်း ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးအတွက်လည်း COVID-19 ရောဂါ ကုသရေးနှင့် ပတ်သက်သော ဆေးပစ္စည်းများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နတ်မောက်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းစည်သူ ကိုယ်စား လှူဒါန်းမှုများအား လက်ခံရယူပေးခဲ့သည့် ဒေါက်တာမြတ်သန့်က “ဒီလိုအရမ်းလိုအပ်နေတဲ့အချိန်မှာ မိတ်ဆွေကောင်းအနေနဲ့ ကရုဏာကြီးကြီးမားမားနဲ့ လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
Golden City Charity Foundation ၏ Deputy Secretary General ဖြစ်သူ ဒေါ်အိခိုင်ဇင်ဝင်းမြင့်က “ဒီအသက်ရှူစက် လှူဒါန်းလိုက်ရခြင်းကြောင့် လူနာတွေအတွက် အဆင်ပြေသွားမယ်လို့ မျှော်လင့်မိပါတယ်။ တတ်နိုင်သရွေ့လိုအပ်နေတဲ့အခြားသောနေရာတွေကို မျှပြီးတော့ ဆက်လက်လှူဒါန်းသွားဖို့ရှိပါတယ်။”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အထောက်အကူပြုရန် တရုတ်နိုင်ငံ၏ ဖောင်ဒေးရှင်းများ ဖြစ်ကြသည့် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ မတ် ၃၀ ရက်တွင် ဆေးဘက်ဆိုင်ရာ ပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်း သိရသည်။(Xinhua)
-----------------------------------------------
(Zawgyi Version)
ျမန္မာတရုတ္အဖဲြ့အစည္းမ်ားက COVID-19 ေရာဂါကာကြယ္ကုသေရး အတြက္ နတ္ေမာက္ျမို့ ျပည္သူ့ ေဆးရံုသို့ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား လႉဒါန္း
ရန္ကုန္ ၊ မတ္ ၃၁ ရက္(ဆင္ဟြာ)
COVID-19 ေရာဂါကာကြယ္ကုသေရး အတြက္ ျမန္မာတရုတ္ပူးေပါင္းဆက္ဆံေရး ဗဟိုအသင္း နွင့္ Golden City Charity Foundation တို့မွ မေကြးတိုင္းေဒသၾကီး နတ္ေမာက္ျမို့ ျပည္သူ့ေဆးရံု(ခ)ျမန္မာတရုတ္ခ်စ္ၾကည္ေရး ေဆးရံု(၀၀၂)သို့ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားအား ယေန့ မတ္ ၃၁ ရက္တြင္ ေပးအပ္ လႉဒါန္းခဲ့ေၾကာင္း သိရသည္။
နတ္ေမာက္ျမို့ ျပည္သူ့ေဆးရံု(ခ)ျမန္မာတရုတ္ခ်စ္ၾကည္ေရး ေဆးရံု(၀၀၂)သို့ ျမန္မာတရုတ္ပူးေပါင္းဆက္ဆံေရး ဗဟိုအသင္းက COVID-19 ေရာဂါကာကြယ္ေရး အတြက္ ေငြက်ပ္ ၁၃၀ သိန္း တန္ဖိုးရိွ Surgical Mask (၂၀,၀၀၀) ခု နွင့္ Golden City Charity Foundation က COVID-19 ေရာဂါ ကုသေရး အတြက္ အသက္ရႉစက္(Oxygen Plant)တို့အား လႉဒါန္းေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ျမန္မာနိုင္ငံဆိုင္ရာ တရုတ္ျပည္သူ့သမၼတနိုင္ငံ သံအမတ္ၾကီး မစၥတာ ခ်န္းဟိုင္က နတ္ေမာက္ျမို့ ျပည္သူ့ ေဆးရံု၌ လိုအပ္သည့္ ေဆးပစၥည္းမ်ားကို ဆက္လက္ လႉဒါန္းသြားမည္ ျဖစ္ေၾကာင္း ၊ လာမည့္ရက္ပိုင္း တြင္လည္း ရန္ကုန္ျမို့ရိွ ေဒၚခင္ၾကည္ အမို်းသမီးေဆးရံုၾကီးအတြက္လည္း COVID-19 ေရာဂါ ကုသေရးနွင့္ ပတ္သက္ေသာ ေဆးပစၥည္းမ်ားကို လႉဒါန္းသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
နတ္ေမာက္ျမို့ျပည္သူ့ေဆးရံုအုပ္ၾကီး ေဒါက္တာဝင္းစည္သူ ကိုယ္စား လႉဒါန္းမႈမ်ားအား လက္ခံရယူေပးခဲ့သည့္ ေဒါက္တာျမတ္သန့္က “ဒီလိုအရမ္းလိုအပ္ေနတဲ့အခိ်န္မွာ မိတ္ေဆြေကာင္းအေနနဲ့ ကရုဏာၾကီးၾကီးမားမားနဲ့ လႉဒါန္းေပးတာ ေက်းဇူးတင္ပါတယ္။”ဟု ဆင္ဟြာသို့ ေျပာၾကားခဲ့သည္။
Golden City Charity Foundation ၏ Deputy Secretary General ျဖစ္သူ ေဒၚအိခိုင္ဇင္ဝင္းျမင့္က “ဒီအသက္ရႉစက္ လႉဒါန္းလိုက္ရျခင္းေၾကာင့္ လူနာေတြအတြက္ အဆင္ေျပသြားမယ္လို့ ေမွ်ာ္လင့္မိပါတယ္။ တတ္နိုင္သေရြ့လိုအပ္ေနတဲ့အျခားေသာေနရာေတြကို မွ်ျပီးေတာ့ ဆက္လက္လႉဒါန္းသြားဖို့ရိွပါတယ္။”ဟု ေျပာၾကားခဲ့သည္။
ျမန္မာနိုင္ငံ COVID-19 ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းကို အေထာက္အကူျပုရန္ တရုတ္နိုင္ငံ၏ ေဖာင္ေဒးရွင္းမ်ား ျဖစ္ၾကသည့္ ဂ်က္မား(Jack Ma) နွင့္ အလီဘာဘာ(Alibaba) ေဖာင္ေဒးရွင္းတို့မွ မတ္ ၃၀ ရက္တြင္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားလႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။(Xinhua)

No comments:

Post a Comment