ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၇ ရက္(ဆင္ဟြာ)

အနာဂတ်တွင် ဒေသတွင်း ၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)
အနာဂတ်တွင် ဒေသတွင်း ၊ ကမ္ဘာ့နိုင်ငံ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်သည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မတ် ၂၇ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ကာလအပိုင်းအခြားများကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ပိုင်းခြားရာတွင် တပ်မတော်သည် အတိတ်ကာလဖြစ်သော ၇၅ နှစ်တာကာလတစ်လျှောက်လုံး နိုင်ငံနှင့်ပြည်သူအပေါ် သစ္စာစောင့်သိ ရိုသေလျက် လွတ်လပ်ရေးရရှိရန်၊ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန် ရင်ကို မြေကတုတ်လုပ်ကာ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း ၊ ပစ္စုပ္ပန်ကာလတွင်လည်း ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မြဲမြဲ မယိုင်လဲစေရန်နှင့် နိုင်ငံ၏အဓိက လိုအပ်ချက်ဖြစ်သော နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးတို့အတွက် မည်သို့သောအခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တိုင်းပြည်၏မျက်နှာ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်ကိုသာရှေးရှု၍ ကာကွယ်ရေးတာဝန်၊ သမိုင်းပေးတာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်သည် စိန်ရတုကာလသက်တမ်းအား လွယ်လွယ်ကျော်ဖြတ်ခဲ့ရခြင်း မဟုတ်ဘဲ ခယောင်းလမ်းခရီးကြမ်းကြီးကို အသက်၊ ခန္ဓာ၊ သွေး၊ ချွေး များစွာဖြင့် ပေးဆပ်၍ ကျော်ဖြတ် ခဲ့ရခြင်းဖြစ်ကြောင်း ၊ ပေးဆပ်မှုအားလုံး၊ ပေးဆပ်သူများအားလုံး၏ တစ်ခုတည်းသောရည်မှန်းချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့သာဖြစ်ကြောင်း ၊ ထိုသို့ ပေးဆပ်ရဲကြသော တပ်မတော်သားတို့၏ ခံယူချက်မှာ သစ္စာဓိဋ္ဌာန်လေးချက်ပင် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
တပ်မတော်၏ သမိုင်းကြောင်းတစ်လျှောက် ကောင်းမြတ်သော အစဉ်အလာကောင်းများကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ သားစဉ်မြေးမြစ် မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ ထိန်းသိမ်း စောင့်ရှောက်သွားမည် ၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်နယ်နိမိတ်များကို တစ်လက်မမျှ အထိမခံ၊ နိုင်ငံသူ၊ နိုင်ငံသား မိဘပြည်သူများအားလုံးရှေ့မှ အဓိဋ္ဌာန်ပြုလျက် မားမားမတ်မတ်ရပ်တည်ကာ ကမ္ဘာတည်သရွေ့ မြန်မာတည်စေရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်တို့က ခေတ်မီစစ်အတတ် ပညာများကို စွန့်လွှတ်စွန့်စား အပင်ပန်းအဆင်းရဲခံ သင်ယူကာ ပြည်သူများနှင့်အတူ လက်တွဲ၍ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ဆင်နွှဲနိုင်ခဲ့ပြီး လွတ်လပ်ရေးရရှိသည်အထိ ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ ထိုနေ့ကို “တော်လှန်ရေးနေ့ ” အဖြစ် ဦးစွာသတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှစ၍ “တပ်မတော်နေ့” အဖြစ် အဓိပ္ပာယ်လေးနက်စွာ ပြောင်းလဲသတ်မှတ်ခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် (၇၅) နှစ်မြောက် စိန်ရတုတိုင်အောင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------
(Zawgyi Version)
အနာဂတ္တြင္ ေဒသတြင္း ၊ ကမာၻ႔ႏိုင္ငံ တပ္မေတာ္မ်ားႏွင့္ ရင္ေပါင္တန္းႏိုင္သည့္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ ထက္ျမက္ေသာ ေခတ္မီမ်ိဳးခ်စ္တပ္မေတာ္ျဖစ္ေစရန္ အရွိန္အဟုန္ျဖင့္ တည္ေဆာက္လ်က္ရွိေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာၾကား
ရန္ကုန္ ၊ မတ္ ၂၇ ရက္(ဆင္ဟြာ)
အနာဂတ္တြင္ ေဒသတြင္း ၊ ကမာၻ႔ႏိုင္ငံ တပ္မေတာ္မ်ားႏွင့္ ရင္ေပါင္တန္းႏိုင္သည့္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ ထက္ျမက္ေသာ ေခတ္မီမ်ိဳးခ်စ္တပ္မေတာ္ျဖစ္ေစရန္ အရွိန္အဟုန္ျဖင့္ တည္ေဆာက္လ်က္ရွိေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ မတ္ ၂၇ ရက္တြင္ က်ေရာက္ေသာ ၇၅ ႏွစ္ေျမာက္ စိန္ရတု တပ္မေတာ္ေန႔ အထိမ္းအမွတ္ သဝဏ္လႊာတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။
ကာလအပိုင္းအျခားမ်ားကို အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္ဟူ၍ ပိုင္းျခားရာတြင္ တပ္မေတာ္သည္ အတိတ္ကာလျဖစ္ေသာ ၇၅ ႏွစ္တာကာလတစ္ေလွ်ာက္လုံး ႏိုင္ငံႏွင့္ျပည္သူအေပၚ သစၥာေစာင့္သိ ႐ိုေသလ်က္ လြတ္လပ္ေရးရရွိရန္၊ ရရွိၿပီးေသာ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲရန္ ရင္ကို ေျမကတုတ္လုပ္ကာ မားမားမတ္မတ္ ရပ္တည္ေဆာင္႐ြက္ခဲ့ေၾကာင္း ၊ ပစၥဳပၸန္ကာလတြင္လည္း ျပည္သူတို႔၏ဆႏၵျဖစ္ေသာ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ခိုင္ခိုင္ၿမဲၿမဲ မယိုင္လဲေစရန္ႏွင့္ ႏိုင္ငံ၏အဓိက လိုအပ္ခ်က္ျဖစ္ေသာ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းေရး၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းေရး၊ ထာဝရ ၿငိမ္းခ်မ္းေရးတို႔အတြက္ မည္သို႔ေသာအခက္အခဲမ်ားႏွင့္ ရင္ဆိုင္ရသည္ျဖစ္ေစ တိုင္းျပည္၏မ်က္ႏွာ၊ ႏိုင္ငံသားတို႔၏ အက်ိဳးစီးပြားအတြက္ကိုသာေရွးရႈ၍ ကာကြယ္ေရးတာဝန္၊ သမိုင္းေပးတာဝန္မ်ားကို ဦးလည္မသုန္ ေက်ပြန္ေအာင္ ထမ္း႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သဝဏ္လႊာတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။
တပ္မေတာ္သည္ စိန္ရတုကာလသက္တမ္းအား လြယ္လြယ္ေက်ာ္ျဖတ္ခဲ့ရျခင္း မဟုတ္ဘဲ ခေယာင္းလမ္းခရီးၾကမ္းႀကီးကို အသက္၊ ခႏၶာ၊ ေသြး၊ ေခြၽး မ်ားစြာျဖင့္ ေပးဆပ္၍ ေက်ာ္ျဖတ္ ခဲ့ရျခင္းျဖစ္ေၾကာင္း ၊ ေပးဆပ္မႈအားလုံး၊ ေပးဆပ္သူမ်ားအားလုံး၏ တစ္ခုတည္းေသာရည္မွန္းခ်က္မွာ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားအားလုံးအတြက္ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး၊ ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးတို႔သာျဖစ္ေၾကာင္း ၊ ထိုသို႔ ေပးဆပ္ရဲၾကေသာ တပ္မေတာ္သားတို႔၏ ခံယူခ်က္မွာ သစၥာဓိ႒ာန္ေလးခ်က္ပင္ ျဖစ္ေၾကာင္း ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။
တပ္မေတာ္၏ သမိုင္းေၾကာင္းတစ္ေလွ်ာက္ ေကာင္းျမတ္ေသာ အစဥ္အလာေကာင္းမ်ားကို ကြၽႏ္ုပ္တို႔ႏွင့္ ကြၽႏ္ုပ္တို႔၏ သားစဥ္ေျမးျမစ္ မ်ိဳးဆက္သစ္မ်ားက အသက္ႏွင့္ထပ္တူ ထိန္းသိမ္း ေစာင့္ေရွာက္သြားမည္ ၊ ႏိုင္ငံေတာ္၏ ေျမျပင္၊ ေရျပင္၊ ေဝဟင္နယ္နိမိတ္မ်ားကို တစ္လက္မမွ် အထိမခံ၊ ႏိုင္ငံသူ၊ ႏိုင္ငံသား မိဘျပည္သူမ်ားအားလုံးေရွ႕မွ အဓိ႒ာန္ျပဳလ်က္ မားမားမတ္မတ္ရပ္တည္ကာ ကမာၻတည္သေ႐ြ႕ ျမန္မာတည္ေစရမည္ ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သဝဏ္လႊာတြင္ ေျပာၾကားခဲ့သည္။
လြတ္လပ္ေရးႀကိဳးပမ္းမႈကာလတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ေသာ မ်ိဳးခ်စ္လူငယ္ ရဲေဘာ္သုံးက်ိပ္တို႔က ေခတ္မီစစ္အတတ္ ပညာမ်ားကို စြန္႔လႊတ္စြန္႔စား အပင္ပန္းအဆင္းရဲခံ သင္ယူကာ ျပည္သူမ်ားႏွင့္အတူ လက္တြဲ၍ ၁၉၄၅ ခုႏွစ္၊ မတ္လ ၂၇ ရက္တြင္ ဖက္ဆစ္ေတာ္လွန္ေရးႀကီး စတင္ဆင္ႏႊဲႏိုင္ခဲ့ၿပီး လြတ္လပ္ေရးရရွိသည္အထိ ေဆာင္႐ြက္ ႏိုင္ခဲ့ေၾကာင္း ၊ ထိုေန႔ကို “ေတာ္လွန္ေရးေန႔ ” အျဖစ္ ဦးစြာသတ္မွတ္ခဲ့ၿပီး ၁၉၅၅ ခုႏွစ္မွစ၍ “တပ္မေတာ္ေန႔” အျဖစ္ အဓိပၸာယ္ေလးနက္စြာ ေျပာင္းလဲသတ္မွတ္ခဲ့ကာ ယခု ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္ေန႔တြင္ (၇၅) ႏွစ္ေျမာက္ စိန္ရတုတိုင္ေအာင္ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment