ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Wednesday, March 25, 2020
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
COVID-19 အား ကာကွယ်ထိန်းချုပ်ရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၃၀.၃.၂၀ မှ ၃၀.၄.၂၀ ရက်အတွင်း ရက်သတ္တ ၃ ပတ်ကြိုတင်ကြေညာထားသော ရာဇဝတ်မှု နှင့် တရားမ မှုခင်းများ ကြားနာရန် ကိစ္စရပ်အား ဆိုင်းငံ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မတ် ၂၄ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရုံးထိုင်ပြန်လည်ကြားနာမည့်ရက်များအား ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ထဲတွင်ပါရှိသည်။
မတ် ၂၅ ရက် နှင့် ၂၆ ရက်များ အတွက် ထုတ်ပြန်ထားသည့် ရာဇဝတ်မှုခင်းများ၊ တရားမမှုခင်းများ နှင့် စပ်လျဉ်း၍ ကြားနာမည့် ကိစ္စအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ၏ ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)
-------------------------------
(Unicode Version)
No comments:
Post a Comment