ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ေပက်င္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

တရုတ်နိုင်ငံက COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံပေါင်း ၈၀ ကျော်ကို ကူညီလျက်ရှိ
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အာဖရိကသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၈၀ ကျော်အား အရေးပေါ်အကူအညီများ ထောက်ပံ့ပေးရန် ကတိပြုထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေးက မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ အကူအညီများတွင် ရောဂါရှာဖွေပစ္စည်းများနှင့် နှာခေါင်းစည်းများကဲ့သို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပါဝင်ပြီး တရုတ်နိုင်ငံက ရောဂါဖြစ်ပွားမှုအပေါ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အထောက်အကူဖြစ်စေရန် WHO သို့ အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကူးစက်ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေရဲ့ အခက်အခဲတွေကို တရုတ်နိုင်ငံက အလေးအနက် နားလည်ပါတယ်။ ပြီးတော့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်ဖို့ စေတနာအလျောက် ကူညီမှုတွေပေးခဲ့ပါတယ်” ဟု လော်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(Zawgyi Version)
တ႐ုတ္ႏိုင္ငံက COVID-19 တိုက္ဖ်က္ေရးအတြက္ ႏိုင္ငံေပါင္း ၈၀ ေက်ာ္ကို ကူညီလ်က္ရွိ
ေပက်င္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံက ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ႏွင့္ အာဖရိကသမဂၢ အပါအဝင္ ႏိုင္ငံတကာႏွင့္ ေဒသတြင္းအဖြဲ႕အစည္း ၈၀ ေက်ာ္အား အေရးေပၚအကူအညီမ်ား ေထာက္ပံ့ေပးရန္ ကတိျပဳထားေၾကာင္း တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေလာ္ေက်ာက္ေဟြးက မတ္ ၂၆ ရက္တြင္ ေျပာၾကားလိုက္သည္။
အဆိုပါ အကူအညီမ်ားတြင္ ေရာဂါရွာေဖြပစၥည္းမ်ားႏွင့္ ႏွာေခါင္းစည္းမ်ားကဲ့သို႔ ေဆးဘက္ဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ပါဝင္ၿပီး တ႐ုတ္ႏိုင္ငံက ေရာဂါျဖစ္ပြားမႈအေပၚ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈ အေထာက္အကူျဖစ္ေစရန္ WHO သို႔ အေမရိကန္ေဒၚလာ သန္း ၂၀ လႉဒါန္းခဲ့ေၾကာင္း သိရသည္။
“ကူးစက္ေရာဂါျဖစ္ပြားတဲ့ ႏိုင္ငံေတြရဲ႕ အခက္အခဲေတြကို တ႐ုတ္ႏိုင္ငံက အေလးအနက္ နားလည္ပါတယ္။ ၿပီးေတာ့ တတ္ႏိုင္သမွ် အေကာင္းဆုံးျဖစ္ဖို႔ ေစတနာအေလ်ာက္ ကူညီမႈေတြေပးခဲ့ပါတယ္” ဟု ေလာ္က သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။ (Xinhua)

No comments:

Post a Comment