ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

ရန်ကုန်၊ မတ် ၂၇ / ရန္ကုန္၊ မတ္ ၂၇

COVID-19 ကာကွယ်ရေးနှင့် ကုသရေးအတွက် ငွေကျပ် သိန်းပေါင်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့် လူသုံးပစ္စည်းများ ကမ္ဘောဇဘဏ်လှူဒါန်း
ရန်ကုန်၊ မတ် ၂၇
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့် လူသုံးပစ္စည်းများကို ကမ္ဘောဇဘဏ်က လှူဒါန်းလျှက်ရှိသည်။
ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့မှ မတ်လ ၁၈ ရက်နေ့မှစတင်၍ လှူဒါန်းမှုများပြုလုပ်ခဲ့ရာ ထိုနေ့တွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် သံသယနှင့်ကူးစက်ခံရသော လူနာမျာအတွက် ကနဦးမ,တည်ငွေ ကျပ်သိန်း (၁၀၀၀) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။
ထို့နောက် ကမ္ဘောဇဘဏ်မှ ကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း ခုရေ ၄၀၀,၀၀၀ လှူဒါန်းရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ရာ ရွှေလီမြို့သို့ရောက်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း လှူဒါန်းသွားမည်ဖြစ်သည်။
ထို့အပြင် ပြည်တွင်းဈေးကွက်တွင် ပစ္စည်းများရှားပါးပြတ်လပ်မှုမရှိစေရန်အတွက် ဥရောပအရည် အသွေးမီ ဆေးရုံသုံးပစ္စည်းများဖြစ်သည့် ခေါင်းစွပ်၊ မျက်မှန်၊ နှာခေါင်းစီး၊ လက်အိပ်များ အပြည့်အစုံပါဝင်သော CE Standard PPE ဝတ်စုံ ၂၁,ဝဝဝနှင့် ၅၀၀ မီလီ ပါဝင်သည့် Hand Gel ဘူး ၁၀,၀၀၀ တို့ကို ကမ္ဘောဇဘဏ်က တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူထားပြီး အမြန်ဆုံးလှူဒါန်းသွားမည်ဖြစ်ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရနှင့်ပူးပေါင်း၍ ဆန် ၂ ပြည်၊ ဆီ ၁ ဗူး၊ ကုလားပဲ ၁ ပိသာ နှင့် ငွေကျပ် ၁ သောင်းစီပါသော ရိက္ခာထုပ်ပေါင်း ၁၀၀,၀၀၀ ကို အရေးပေါ်လိုအပ် လာပါက လှူဒါန်းသွားရန် ကမ္ဘောဇဘဏ်မှ အသင့်ပြင်ဆင်ထားသည်။
ကမ္ဘောဇဘဏ်သည် မတ်လ ၂၆ ရက်နေ့အထိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်ထားပြီး ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်း သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
Source: KBZ Bank
(Zawgyi)
COVID-19 Virus ကာကြယ္ေရးႏွင့္ ကုသေရးအတြက္ ေငြက်ပ္ သိန္းေပါင္း ၁၄,၀၀၀ ေက်ာ္တန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ လူသုံးပစၥည္းမ်ား ကေမၻာဇဘဏ္လႉဒါန္း
ရန္ကုန္၊ မတ္ ၂၇
ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ား ထိေရာက္စြာ ေဆာင္ရြက္ နိုင္ရန္အတြက္ က်ပ္သိန္း ၁၄၀၀၀ ေက်ာ္ တန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ားႏွင့္ လူသုံးပစၥည္းမ်ားကို ကေမၻာဇဘဏ္က လႉဒါန္းလွ်က္ရွိသည္။
ကေမၻာဇဘဏ္ႏွင့္ KBZ MS General Insurance တို႔မွ မတ္လ ၁၈ ရက္ေန႔မွစတင္၍ လႉဒါန္းမႈမ်ားျပဳလုပ္ခဲ့ရာ ထိုေန႔တြင္ သက္ဆိုင္ရာ ျပည္သူ႔ေဆး႐ုံအသီးသီးရွိ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ သံသယႏွင့္ကူးစက္ခံရေသာ လူနာမ်ာအတြက္ ကနဦးမ,တည္ေငြ က်ပ္သိန္း (၁၀၀၀) ကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ လႉဒါန္းခဲ့သည္။
ထို႔ေနာက္ ကေမၻာဇဘဏ္မွ က်ပ္ သိန္း ၂၀၀၀ ေက်ာ္တန္ဖိုးရွိ ေဆး႐ုံသုံးႏွာေခါင္းစည္း ခုေရ ၄၀၀,၀၀၀ လႉဒါန္းရန္အတြက္ တ႐ုတ္နိုင္ငံမွ ဝယ္ယူခဲ့ရာ ေရႊလီၿမိဳ႕သို႔ေရာက္ရွိေနၿပီး မၾကာမီရက္ပိုင္းအတြင္း လႉဒါန္းသြားမည္ျဖစ္သည္။
ထို႔အျပင္ ျပည္တြင္းေဈးကြက္တြင္ ပစၥည္းမ်ားရွားပါးျပတ္လပ္မႈမရွိေစရန္အတြက္ ဥေရာပအရည္ အေသြးမီ ေဆး႐ုံသုံးပစၥည္းမ်ားျဖစ္သည့္ ေခါင္းစြပ္၊ မ်က္မွန္၊ ႏွာေခါင္းစီး၊ လက္အိပ္မ်ား အျပည့္အစုံပါဝင္ေသာ CE Standard PPE ဝတ္စုံ ၂၁,၀၀၀ႏွင့္ ၅၀၀ မီလီ ပါဝင္သည့္ Hand Gel ဘူး ၁၀,၀၀၀ တို႔ကို ကေမၻာဇဘဏ္က တ႐ုတ္နိုင္ငံမွ တိုက္ရိုက္ဝယ္ယူထားၿပီး အျမန္ဆုံးလႉဒါန္းသြားမည္ျဖစ္ပါသည္။
ဆက္လက္၍ ရွမ္းျပည္နယ္ အစိုးရႏွင့္ပူးေပါင္း၍ ဆန္ ၂ ျပည္၊ ဆီ ၁ ဗူး၊ ကုလားပဲ ၁ ပိသာ ႏွင့္ ေငြက်ပ္ ၁ ေသာင္းစီပါေသာ ရိကၡာထုပ္ေပါင္း ၁၀၀,၀၀၀ ကို အေရးေပၚလိုအပ္ လာပါက လႉဒါန္းသြားရန္ ကေမၻာဇဘဏ္မွ အသင့္ျပင္ဆင္ထားသည္။
ကေမၻာဇဘဏ္သည္ မတ္လ ၂၆ ရက္ေန႔အထိ COVID-19 ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ ေရးလုပ္ငန္းစဥ္မ်ား ထိေရာက္စြာေဆာင္ရြက္နိုင္ရန္အတြက္ က်ပ္သိန္း ၁၄၀၀၀ ေက်ာ္ လႉဒါန္ထားၿပီး ဆက္လက္၍လည္း ကေမၻာဇဘဏ္သည္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္အတူ တစ္နိုင္ငံလုံး အတိုင္းတာျဖင့္ လိုအပ္သည့္အခ်ိန္၊ လိုအပ္သည့္ေနရာမ်ားတြင္ လိုအပ္သည္တို႔ကို ပူးေပါင္းပါဝင္ လႉဒါန္း သြားရန္ စီစဥ္ေဆာင္ရြက္ထားေၾကာင္းသိရသည္။
Source: KBZ Bank


No comments:

Post a Comment