ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Friday, March 27, 2020

တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ) / တိုက်ိဳ၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

ဂျပန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁,၃၁၃ ဦးအထိရှိလာ၊ တိုကျို ဒေသခံများအား စနေ နှင့် တနင်္ဂနွေနေ့များတွင် နေအိမ်၌သာ နေထိုင်ရန် ပြောကြား
တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဂီဖူး၊ ဟီရိုရှီးမားနှင့် အိုကီနာဝါ စီရင်စုများတွင် COVID-19 ကူးစက်မှု အသစ် ခြောက်ဦးရှိခဲ့ကြောင်း အတည်ပြုလိုက်ပြီးနောက် ဂျပန်နိုင်ငံ၌ မတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီအထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၃၁၃ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသတွင်းအစိုးရက ပြောကြားလိုက်သည်။
အဆုတ်ရောင်ရောဂါ ဖြစ်ပွားစေသော ဗိုင်းရပ်စ်ကြောင့် တိုကျိုမြို့အနီးရှိ ယိုကိုဟားမားတွင် ဗိုင်းရပ်စ်ကူးစက်ခံရ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခံနေရသော Diamond Princess ပင်လယ်ကူးသင်္ဘောပေါ်မှ လူစာရင်းများအပါအဝင် သေဆုံးသူအရေအတွက်မှာ စုစုပေါင်း ၅၅ ဦးရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သိရသည်။
ဂျပန်နိုင်ငံတွင် COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာ ၁,၃၁၃ ဦးရှိသည့်အနက် အများစုမှာ မြို့တော် တိုကျိုမှဖြစ်ပြီး ၂၁၂ ဦးရှိကြောင်း သိရသည်။
မြို့တော် တိုကျိုတွင် ရောဂါကူးစက်သူအရေအတွက် မြင့်တက်လာသဖြင့် ပြည်သူလူထုအား ယခုစနေနှင့် တနင်္ဂနွေနေ့များတွင် နေအိမ်၌ပင် နေထိုင်ကြရန် တိုကျို အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီခဲ (Yuriko Koike) က တောင်းဆိုထားသည်။
“တိုကျိုမှာ ရောဂါကူးစက်မှု အရေအတွက်ဟာ အလျင်အမြန်မြင့်တက်နေလို့ ကာကွယ်ရေးအတွက် အရေးကြီးအဆင့်နဲ့ ရင်ဆိုင်နေရတယ်” ဟု ကိုအီခဲက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး နေအိမ်မှပင် အလုပ်လုပ်ကြရန်နှင့် ညနေခင်းအပြင်ထွက်မှုများကို ဖြစ်နိုင်မျှရှောင်ရှားကြရန် တိုက်တွန်းခဲ့သည်။
ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်ခံရပြီး ရောဂါလက္ခဏာ တိုးတက်ကောင်းမွန်လာ၍ ဆေးရုံများမှ ဆင်းခွင့်ရခဲ့သူ ၉၀၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။ (Xinhua)
………………………………………………
(Zawgyi Version)
ဂ်ပန္ႏိုင္ငံတြင္ COVID-19 ကူးစက္ခံရသူ ၁,၃၁၃ ဦးအထိရွိလာ၊ တိုက်ိဳ ေဒသခံမ်ားအား စေန ႏွင့္ တနဂၤေႏြေန႔မ်ားတြင္ ေနအိမ္၌သာ ေနထိုင္ရန္ ေျပာၾကား
တိုက်ိဳ၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
ဂ်ပန္ႏိုင္ငံ ဂီဖူး၊ ဟီ႐ိုရွီးမားႏွင့္ အိုကီနာဝါ စီရင္စုမ်ားတြင္ COVID-19 ကူးစက္မႈ အသစ္ ေျခာက္ဦးရွိခဲ့ေၾကာင္း အတည္ျပဳလိုက္ၿပီးေနာက္ ဂ်ပန္ႏိုင္ငံ၌ မတ္ ၂၆ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၁:၀၀ နာရီအထိ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၁,၃၁၃ ဦး ရွိလာၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ေဒသတြင္းအစိုးရက ေျပာၾကားလိုက္သည္။
အဆုတ္ေရာင္ေရာဂါ ျဖစ္ပြားေစေသာ ဗိုင္းရပ္စ္ေၾကာင့္ တိုက်ိဳၿမိဳ႕အနီးရွိ ယိုကိုဟားမားတြင္ ဗိုင္းရပ္စ္ကူးစက္ခံရ၍ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈခံေနရေသာ Diamond Princess ပင္လယ္ကူးသေဘၤာေပၚမွ လူစာရင္းမ်ားအပါအဝင္ ေသဆုံးသူအေရအတြက္မွာ စုစုေပါင္း ၅၅ ဦးရွိလာၿပီဟု က်န္းမာေရးဝန္ႀကီးဌာန အဆိုအရ သိရသည္။
ဂ်ပန္ႏိုင္ငံတြင္ COVID-19 ျဖစ္ပြားေၾကာင္း အတည္ျပဳလူနာ ၁,၃၁၃ ဦးရွိသည့္အနက္ အမ်ားစုမွာ ၿမိဳ႕ေတာ္ တိုက်ိဳမွျဖစ္ၿပီး ၂၁၂ ဦးရွိေၾကာင္း သိရသည္။
ၿမိဳ႕ေတာ္ တိုက်ိဳတြင္ ေရာဂါကူးစက္သူအေရအတြက္ ျမင့္တက္လာသျဖင့္ ျပည္သူလူထုအား ယခုစေနႏွင့္ တနဂၤေႏြေန႔မ်ားတြင္ ေနအိမ္၌ပင္ ေနထိုင္ၾကရန္ တိုက်ိဳ အုပ္ခ်ဳပ္ေရးမႉး ယူရီကို ကိုအီခဲ (Yuriko Koike) က ေတာင္းဆိုထားသည္။
“တိုက်ိဳမွာ ေရာဂါကူးစက္မႈ အေရအတြက္ဟာ အလ်င္အျမန္ျမင့္တက္ေနလို႔ ကာကြယ္ေရးအတြက္ အေရးႀကီးအဆင့္နဲ႔ ရင္ဆိုင္ေနရတယ္” ဟု ကိုအီခဲက သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့ၿပီး ေနအိမ္မွပင္ အလုပ္လုပ္ၾကရန္ႏွင့္ ညေနခင္းအျပင္ထြက္မႈမ်ားကို ျဖစ္ႏိုင္မွ်ေရွာင္ရွားၾကရန္ တိုက္တြန္းခဲ့သည္။
ဂ်ပန္ႏိုင္ငံ၌ COVID-19 ကူးစက္ခံရၿပီး ေရာဂါလကၡဏာ တိုးတက္ေကာင္းမြန္လာ၍ ေဆး႐ုံမ်ားမွ ဆင္းခြင့္ရခဲ့သူ ၉၀၇ ဦး ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ေဖာ္ျပခ်က္အရ သိရသည္။ (Xinhua)

No comments:

Post a Comment