ကျွန်တော့် BLOG အားလာရောက် လည်ပါတ်သူများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ AJ Phone 2 ဖုန်းဆိုင် Sales & Service Center { တကူ - ပြည်အေး ရပ်ကွက် }
Wednesday, March 25, 2020
တိုကျို၊ မတ် ၂၅ ရက် (ဆင်ဟွာ) / တိုက်ိဳ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
တိုကျို အိုလံပစ်အားကစားပွဲတော်ကို အချိန်တစ်နှစ် ရွှေ့ဆိုင်းရန် ဂျပန်နိုင်ငံနှင့် IOC သဘောတူ
တိုကျို၊ မတ် ၂၅ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ် (Thomas Bach) တို့က တိုကျိုအိုလံပစ်အားကစားပွဲတော်အား ၂၀၂၁ ခုနှစ် နွေရာသီထက် နောက်မကျဘဲ ကျင်းပရန် ပြိုင်ပွဲရွှေ့ဆိုင်းမှုအား သဘောတူခဲ့ကြောင်း သိရသည်။
ဘတ်ချ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် အိုလံပစ်အားကစားပွဲများနှင့် မသန်စွမ်း အိုလံပစ်အားကစားပွဲများကို ၂၀၂၁ ခုနှစ်တွင် ပြောင်းလဲကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ် အာဘေးက သတင်းထောက်များအား ပြောခဲ့သည်။
“အိုလံပစ်အားကစားပွဲတော်ကို တစ်နှစ်ရွှေ့ဆိုင်းဖို့ မစ္စတာဘတ်ချ်ကို ကျွန်တော် အဆိုပြုခဲ့ပါတယ်။ သူကလည်း ၁၀၀ ရာခိုင်နှုန်း သဘောတူပါတယ်” ဟု အာဘေးက ဆိုသည်။
IOC ကလည်း တိုကျိုအိုလံပစ်အားကစားပွဲတော် ရွှေ့ဆိုင်းရေးအတွက် ဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်ဖွယ်ရှိကြောင်း အာဘေးက ပြောခဲ့သည်။
တိုကျို အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီခဲ (Yuriko Koike) ကလည်း အိုလံပစ်အားကစားပွဲအား ၂၀၂၁ ခုနှစ် နွေရာသီတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ တိုကျိုအိုလံပစ်ဟူ၍ပင် ဆက်လက်ခေါ်ဆိုသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………………………
(Zawgyi Version)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) နှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ် ဘတ်ခ်ျ (Thomas Bach) တို့က တိုကျိုအိုလံပစ်အားကစားပွဲတော်အား ၂၀၂၁ ခုနှစ် နွေရာသီထက် နောက်မကျဘဲ ကျင်းပရန် ပြိုင်ပွဲရွှေ့ဆိုင်းမှုအား သဘောတူခဲ့ကြောင်း သိရသည်။
ဘတ်ခ်ျနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီးနောက် အိုလံပစ်အားကစားပွဲများနှင့် မသန်စွမ်း အိုလံပစ်အားကစားပွဲများကို ၂၀၂၁ ခုနှစ်တွင် ပြောင်းလဲကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ် အာဘေးက သတင်းထောက်များအား ပြောခဲ့သည်။
No comments:
Post a Comment