ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေးဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင်သာမက ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင်လည်း COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်ရေး စီမံဆောင်ရွက်မည့်ကိစ္စရပ်အား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀) တွင် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့ ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory)၌ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများတွင် COVID-19 ဗိုင်းရပ်စ်ရောဂါရှိ/မရှိကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းတစ်ပြိုင်ဖြင့် ဓာတ်ခွဲစစ်ဆေးမှုများအားဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ အထိ မြန်မာနိုင်ငံ တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို ရှာဖွေ ထောက်လှမ်းခဲ့ရာ (၄၇၀) ဦးကျော်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့တွင် ရောဂါကူးစက် ခံထားရခြင်း ရှိ၊ မရှိနှင့် ရှိခဲ့ပါက ၎င်းတို့မှတစ်ဆင့်ထပ်မံကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)
--------------------------------------------
(Zawgyi Version)
ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး)တြင္လည္း COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိ
ရန္ကုန္၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)
အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္သာမက ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) တြင္လည္း COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ေရး စီမံေဆာင္႐ြက္မည့္ကိစၥရပ္အား COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုအဆင့္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး (၄၄/၂၀၂၀) တြင္ ေဆြးေႏြးခဲ့ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က မတ္ ၂၉ ရက္ တြင္ သတင္းထုတ္ျပန္ခဲ့သည္။
ရန္ကုန္ၿမိဳ႕ ရွိ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (National Health Laboratory)၌ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာမ်ားတြင္ COVID-19 ဗိုင္းရပ္စ္ေရာဂါရွိ/မရွိကို ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ရည္ၫႊန္းဓာတ္ခြဲခန္းတစ္ၿပိဳင္ျဖင့္ ဓာတ္ခြဲစစ္ေဆးမႈမ်ားအားေဖေဖာ္ဝါရီ ၂၀ ရက္တြင္ စတင္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ယေန႔ အထိ ျမန္မာႏိုင္ငံ တြင္ COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ (၈) ဦးရွိၿပီး ၎တို႔ႏွင့္ ထိေတြ႕ခဲ့သူမ်ားကို ရွာေဖြ ေထာက္လွမ္းခဲ့ရာ (၄၇၀) ဦးေက်ာ္ကို ေတြ႕ရွိခဲ့ၿပီး ၎တို႔တြင္ ေရာဂါကူးစက္ ခံထားရျခင္း ရွိ၊ မရွိႏွင့္ ရွိခဲ့ပါက ၎တို႔မွတစ္ဆင့္ထပ္မံကူးစက္ျပန႔္ပြားျခင္းမရွိေစေရးအတြက္ အသြား အလာ ကန႔္သတ္ေစာင့္ၾကပ္ၾကည့္ရႈျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။ (Xinhua)
ပုံစာ-- မန္တလေးတိုင်းဒေသကြီး တွင် COVID-19 ကာကွယ်ရေး ဆေးဖြန်းမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- MOI)

No comments:

Post a Comment