ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) / ရန္ကုန္ ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)

COVID-19 ရောဂါပိုး တွေ့ရှိသူ ရက်သတ္တပတ် တစ်ပတ် အတွင်း ၁၀ ဦးထိ ရှိလာ
ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိသူ နှစ်ဦးအား ထပ်မံ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ မတ် ၂၉ ရက် ည ၁၀ နာရီခွဲအချိန်တွင် ကြေညာခဲ့ပြီးနောက် ရက်သတ္တပတ် တစ်ပတ်အတွင်း စုစုပေါင်း ၁၀ ဦး အထိ ရှိလာခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ နှစ်ဦး ရှိကြောင်း ဝန်ကြီးဌာနက ပထမဆုံး အကြိမ် မတ် ၂၃ ရက်တွင် စတင် ကြေညာခဲ့ပြီး ယခု မတ် ၂၉ ရက်အထိတွင် ၁၀ ဦး အထိ ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခု မတ် ၂၉ ရက်တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သူ နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ မတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့ကာ မတ် ၂၆ ရက်တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့ကြောင်း ၊ ၎င်းသည် မတ် ၂၆ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်၌ ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူစေမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် မတ် ၂၈ ရက်တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦး၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
---------------------------------------------
(Zawgyi Version)
COVID-19 ေရာဂါပိုး ေတြ႕ရွိသူ ရက္သတၱပတ္ တစ္ပတ္ အတြင္း ၁၀ ဦးထိ ရွိလာ
ရန္ကုန္ ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)
ျမန္မာႏိုင္ငံ ၌COVID-19 ေရာဂါပိုး ေတြ႕ရွိသူ ႏွစ္ဦးအား ထပ္မံ စစ္ေဆး ေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ ယေန႔ မတ္ ၂၉ ရက္ ည ၁၀ နာရီခြဲအခ်ိန္တြင္ ေၾကညာခဲ့ၿပီးေနာက္ ရက္သတၱပတ္ တစ္ပတ္အတြင္း စုစုေပါင္း ၁၀ ဦး အထိ ရွိလာခဲ့ေၾကာင္း သိရသည္။
COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ႏွစ္ဦး ရွိေၾကာင္း ဝန္ႀကီးဌာနက ပထမဆုံး အႀကိမ္ မတ္ ၂၃ ရက္တြင္ စတင္ ေၾကညာခဲ့ၿပီး ယခု မတ္ ၂၉ ရက္အထိတြင္ ၁၀ ဦး အထိ ရွိလာခဲ့ျခင္း ျဖစ္သည္။
ယခု မတ္ ၂၉ ရက္တြင္ COVID-19 ေရာဂါပိုး ထပ္မံေတြ႕ရွိခဲ့သူ ႏွစ္ဦးမွာ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္တြင္ ေနထိုင္ေသာ အသက္ (၄၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦး ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၄၅) ႏွစ္ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးတို႔ ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္တြင္ ေနထိုင္ေသာ အသက္ (၄၄) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးမွာ မတ္ ၂၃ ရက္တြင္ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျမဝတီၿမိဳ႕မွတစ္ဆင့္ ဝင္ေရာက္ခဲ့ကာ မတ္ ၂၆ ရက္တြင္ မဂၤလာဒုံၿမိဳ႕နယ္သို႔ ေရာက္ရွိခဲ့ေၾကာင္း ၊ ၎သည္ မတ္ ၂၆ ရက္တြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ျပည္သူ႔ေဆး႐ုံ၊ ပုလဲၿမိဳ႕သစ္၌ ရက္ေန႔တြင္ ေစာင့္ၾကည့္လူနာအျဖစ္ ေဆးကုသမႈခံယူကာ ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ၊ အဆိုပါလူနာအား ေဝဘာဂီအထူးကုေဆး႐ုံသို႔ လႊဲေျပာင္းကုသမႈ ခံယူေစမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ (၄၅) ႏွစ္ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးသည္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (Case-05) ႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ရာဇဝင္ရွိသည့္အတြက္ မတ္ ၂၈ ရက္တြင္ ေဝဘာဂီအထူးကုေဆး႐ုံ၌ အသြားအလာကန္႔သတ္ျခင္း (Hospital Quarantine) ေဆာင္႐ြက္ထားရွိၿပီး ၎ထံမွဓာတ္ခြဲနမူနာရယူၿပီး ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ၊ အဆိုပါလူနာအား ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ သီးျခားထားရွိ၍ ေဆးကုသမႈ ဆက္လက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာႏွစ္ဦး၏ လတ္တေလာက်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။
ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာတားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ (Xinhua)
ပုံစာ - ရန်ကုန်မြို့လယ်၌ ပိုးသတ်ဆေး ဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

No comments:

Post a Comment