ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Thursday, March 26, 2020

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ေပက်င္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

တရုတ်နိုင်ငံက အီတလီနိုင်ငံသို့ ဆေးဘက်ကျွမ်းကျင်အဖွဲ့ တတိယအသုတ် ထပ်မံစေလွှတ်
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အီတလီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေး အထောက်အပံ့ ဖြစ်စေရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများပါဝင်သည့် ဆေးဘက်အကူအဖွဲ့ တစ်ဖွဲ့ကို တတိယအသုတ်အဖြစ် အီတလီနိုင်ငံသို့ ထပ်မံစေလွှတ်ခဲ့ကြောင်းသိရသည်။ ဖူကျန့်ပြည်နယ်မှ ကျွမ်းကျင်သူ ၁၄ ဦးပါဝင်သည့်အဖွဲ့သည် မတ် ၂၅ ရက်တွင် တရုတ်နိုင်ငံမှ အီတလီ နိုင်ငံသို့ ထွက်ခွါသွားပြီဖြစ်သည်။ ၎င်းတို့၏ အဓိက တာဝန်မှာ အီတလီနိုင်ငံရှိ ဆေးရုံများနှင့် ကျွမ်းကျင်သူများကို COVID-19 ကာကွယ်ရေးနှင့် ကုသရေးအတွေ့အကြုံများ ဖလှယ်ရန်နှင့် ကုသရေးတွင် အထောက်အကူဖြစ်စေမည့် အကြံဉာဏ်များပေးရန်တို့ဖြစ်သည်။ ကျွမ်းကျင်သူအဖွဲ့နှင့်အတူ ဖူကျန့်ပြည်နယ်မှ လှူဒါန်းသည့် ဆေးဝါးအထောက်အပံ့ ပစ္စည်းတန်ချိန်ပေါင်း ၈တန်ကို လည်း တစ်ပါတည်းသယ်ဆောင်သွားခဲ့သည်။ တရုတ်နိုင်ငံက ဆေးဘက်ကျွမ်းကျင်အဖွဲ့ နှစ်ဖွဲ့နှင့်အတူ ဆေးဝါးအထောက်အပံ့ပစ္စည်းတန်ချိန်ပေါင်း ၂၀ ကျော်ကိုလည်း ပထမအသုတ်နှင့် ဒုတိယအသုတ်အဖြစ် အီတလီနိုင်ငံသို့ အသီးသီး ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)
-----------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံက အီတလီႏိုင္ငံသို႔ ေဆးဘက္ကြၽမ္းက်င္အဖြဲ႕ တတိယအသုတ္ ထပ္မံေစလႊတ္
ေပက်င္း၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံက အီတလီႏိုင္ငံတြင္ COVID-19 တိုက္ဖ်က္ေရး အေထာက္အပံ့ ျဖစ္ေစရန္ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္သူမ်ားပါဝင္သည့္ ေဆးဘက္အကူအဖြဲ႕ တစ္ဖြဲ႕ကို တတိယအသုတ္အျဖစ္ အီတလီႏိုင္ငံသို႔ ထပ္မံေစလႊတ္ခဲ့ေၾကာင္းသိရသည္။ ဖူက်န႔္ျပည္နယ္မွ ကြၽမ္းက်င္သူ ၁၄ ဦးပါဝင္သည့္အဖြဲ႕သည္ မတ္ ၂၅ ရက္တြင္ တ႐ုတ္ႏိုင္ငံမွ အီတလီ ႏိုင္ငံသို႔ ထြက္ခြါသြားၿပီျဖစ္သည္။ ၎တို႔၏ အဓိက တာဝန္မွာ အီတလီႏိုင္ငံရွိ ေဆး႐ုံမ်ားႏွင့္ ကြၽမ္းက်င္သူမ်ားကို COVID-19 ကာကြယ္ေရးႏွင့္ ကုသေရးအေတြ႕အႀကဳံမ်ား ဖလွယ္ရန္ႏွင့္ ကုသေရးတြင္ အေထာက္အကူျဖစ္ေစမည့္ အႀကံဉာဏ္မ်ားေပးရန္တို႔ျဖစ္သည္။ ကြၽမ္းက်င္သူအဖြဲ႕ႏွင့္အတူ ဖူက်န႔္ျပည္နယ္မွ လႉဒါန္းသည့္ ေဆးဝါးအေထာက္အပံ့ ပစၥည္းတန္ခ်ိန္ေပါင္း ၈တန္ကို လည္း တစ္ပါတည္းသယ္ေဆာင္သြားခဲ့သည္။ တ႐ုတ္ႏိုင္ငံက ေဆးဘက္ကြၽမ္းက်င္အဖြဲ႕ ႏွစ္ဖြဲ႕ႏွင့္အတူ ေဆးဝါးအေထာက္အပံ့ပစၥည္းတန္ခ်ိန္ေပါင္း ၂၀ ေက်ာ္ကိုလည္း ပထမအသုတ္ႏွင့္ ဒုတိယအသုတ္အျဖစ္ အီတလီႏိုင္ငံသို႔ အသီးသီး ပို႔ေဆာင္ခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။ (Xinhua)



No comments:

Post a Comment