ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ) / အန္ကာရာ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

COVID-19 ဖြစ်ပွားမှုများကြားမှ ပြည်ပရောက် ကျောင်းသား ၂,၀၀၀ ကျော်ကို တူရကီနိုင်ငံ ပြန်လည်ခေါ်ဆောင်
အန်ကာရာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)
COVID-19 ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ လေကြောင်းလိုင်းများ ဆိုင်းငံ့ခဲ့ပြီးနောက် မတ် ၂၅ ရက်အစောပိုင်းတွင် ပြည်ပရောက် တူရကီကျောင်းသား ၂,၇၂၁ ဦးကို အဆုံးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း တူရကီ ဒုတိယ သမ္မတ ဖူအက် အို့ခ်တေး (Fuot Oktay) က ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းသားများသည် တူရကီသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့မှုကြောင့် ဗြိတိန်၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ ပိုလန်၊အီတလီ၊ အီဂျစ်နှင့် ဆိုက်ပရပ်စ် နိုင်ငံများ၌ သောင်တင်နေပြီး နေရပ်သို့ ပြန်လိုကြသူများဖြစ်ကြောင်း အို့ခ်တေးက တွစ်တာပေါ်တွင် ရေးသားထားသည်။
၎င်းတို့အား တူရကီနိုင်ငံ ဆမ်ဆွန်နှင့် ဆာကာရာ ပြည်နယ်များရှိ အဆောင်များ၌ ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းသည်။
တူရကီနိုင်ငံသည် ပြီးခဲ့သည့်ရက်သတ္တပတ်က နိုင်ငံ ၇ နိုင်ငံမှ ကျောင်းသား ၃,၃၅၈ ဦးအား ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး Mevlut Cansoglu က ပြောခဲ့သည်။ တူရကီနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ၁,၈၇၂ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး မတ် ၂၄ ရက်အထိ သေဆုံးသူ ၄၄ ဦးရှိကြောင်း သိရသည်။ (Xinhua)
------------------------------------
(Zawgyi Version)
COVID-19 ျဖစ္ပြားမႈမ်ားၾကားမွ ျပည္ပေရာက္ ေက်ာင္းသား ၂,၀၀၀ ေက်ာ္ကို တူရကီႏိုင္ငံ ျပန္လည္ေခၚေဆာင္
အန္ကာရာ၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
COVID-19 ျဖစ္ပြားေနသျဖင့္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ ေလေၾကာင္းလိုင္းမ်ား ဆိုင္းငံ့ခဲ့ၿပီးေနာက္ မတ္ ၂၅ ရက္အေစာပိုင္းတြင္ ျပည္ပေရာက္ တူရကီေက်ာင္းသား ၂,၇၂၁ ဦးကို အဆုံးသတ္ေခၚယူႏိုင္ခဲ့ေၾကာင္း တူရကီ ဒုတိယ သမၼတ ဖူအက္ အို႔ခ္ေတး (Fuot Oktay) က ေျပာၾကားခဲ့သည္။
အဆိုပါ ေက်ာင္းသားမ်ားသည္ တူရကီသို႔ ပ်ံသန္းမည့္ ေလေၾကာင္းခရီးစဥ္မ်ား ဆိုင္းငံ့မႈေၾကာင့္ ၿဗိတိန္၊ အိုင္ယာလန္၊ ဆြစ္ဇာလန္၊ ပိုလန္၊အီတလီ၊ အီဂ်စ္ႏွင့္ ဆိုက္ပရပ္စ္ ႏိုင္ငံမ်ား၌ ေသာင္တင္ေနၿပီး ေနရပ္သို႔ ျပန္လိုၾကသူမ်ားျဖစ္ေၾကာင္း အို႔ခ္ေတးက တြစ္တာေပၚတြင္ ေရးသားထားသည္။
၎တို႔အား တူရကီႏိုင္ငံ ဆမ္ဆြန္ႏွင့္ ဆာကာရာ ျပည္နယ္မ်ားရွိ အေဆာင္မ်ား၌ ၁၄ ရက္ၾကာ အသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းသည္။
တူရကီႏိုင္ငံသည္ ၿပီးခဲ့သည့္ရက္သတၱပတ္က ႏိုင္ငံ ၇ ႏိုင္ငံမွ ေက်ာင္းသား ၃,၃၅၈ ဦးအား ျပန္လည္ေခၚေဆာင္ခဲ့ေၾကာင္း တူရကီ ႏိုင္ငံျခားေရးဝန္ႀကီး Mevlut Cansoglu က ေျပာခဲ့သည္။ တူရကီႏိုင္ငံတြင္ COVID-19 ျဖစ္ပြားသူ ၁,၈၇၂ ဦးရွိေၾကာင္း အတည္ျပဳခဲ့ၿပီး မတ္ ၂၄ ရက္အထိ ေသဆုံးသူ ၄၄ ဦးရွိေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment