ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန်၊မတ် ၃၀ ရက် (ဆင်ဟွာ) / ရန္ကုန္၊မတ္ ၃၀ ရက္ (ဆင္ဟြာ)

COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဗူးများနှစ်ဆ တိုးမြှင့်ထုတ်လုပ်
ရန်ကုန်၊မတ် ၃၀ ရက် (ဆင်ဟွာ)
COVID-19ရောဂါကာကွယ်ရေးအတွက် ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဗူးများယခင်ထုတ်လုပ်မှုထက် နှစ်ဆ တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကမှထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စက်ရုံမှအရက်ပြန်ကို လိုသလောက်ရောင်းချပေးလျက်ရှိပြီး လက်သန့်ဆေးရည်များကို တစ်ဦးတစ်ယောက်တည်းကအများအပြားဝယ်ယူမှုကြောင့် တစ်ဦး တစ်ဗူးနှုန်းဖြင့်သာ ရောင်းချပေးနေကြောင်း၊ ဈေးနှုန်းများကိုလည်းစက်ရုံဈေးအတိုင်းသာ ရောင်းချပေးနေကြောင်း သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)ဘီပီအိုင်မှ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်၊ လိမ်းဆေး၊ ထိုးဆေး၊ သွေးကြောသွင်းဆေးရည်၊ ကာကွယ်ကုသဆေးနှင့်
အဆိပ်ဖြေဆေးများ၊ စုစုပေါင်း ဆေးအမျိုးအစား ၁၈၀ ကျော်ကို ထုတ်လုပ်ပေးလျက်ရှိပြီး လက်သန့်ဆေးရည်ကို
50 mL ၊ 500 mL ၊ 4 Liters ဗူးများဖြင့် ထုတ်လုပ်လျက်ရှိပြီး အရက်ပြန်ဆေးဗူးများကို100 mL ၊ 500 mL ဗူးများဖြင့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ဈေးကွက်အတွင်းCOVID-19 ရောဂါကာကွယ်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်သည့် လက်သန့်ဆေးရည်နှင့်
အရက်ပြန်များသည် ဈေးနှုန်းမြင့်တက်ကာ ပစ္စည်းများပြတ်လပ်လျက်ရှိနေကြောင်း ဆေးအရောင်းဆိုင်များထံမှ
သိရသည်။(Xinhua)
-------------------------------------
(Zawgyi Version)
COVID-19ေရာဂါကာကြယ္ေရးအတြက္ ေဆးဝါးစက္႐ုံ(အင္းစိန္) BPI မွ လက္သန႔္ေဆးရည္ႏွင့္ အရက္ျပန္ေဆးဗူးမ်ားႏွစ္ဆ တိုးျမႇင့္ထုတ္လုပ္
ရန္ကုန္၊မတ္ ၃၀ ရက္ (ဆင္ဟြာ)
COVID-19ေရာဂါကာကြယ္ေရးအတြက္ ေဆးဝါးစက္႐ုံ(အင္းစိန္) BPI မွ လက္သန႔္ေဆးရည္ႏွင့္ အရက္ျပန္ေဆးဗူးမ်ားယခင္ထုတ္လုပ္မႈထက္ ႏွစ္ဆ တိုးျမႇင့္ထုတ္လုပ္လ်က္ရွိေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနကမွထုတ္ျပန္ေသာ သတင္းအရ သိရသည္။
အဆိုပါ စက္႐ုံမွအရက္ျပန္ကို လိုသေလာက္ေရာင္းခ်ေပးလ်က္ရွိၿပီး လက္သန႔္ေဆးရည္မ်ားကို တစ္ဦးတစ္ေယာက္တည္းကအမ်ားအျပားဝယ္ယူမႈေၾကာင့္ တစ္ဦး တစ္ဗူးႏႈန္းျဖင့္သာ ေရာင္းခ်ေပးေနေၾကာင္း၊ ေဈးႏႈန္းမ်ားကိုလည္းစက္႐ုံေဈးအတိုင္းသာ ေရာင္းခ်ေပးေနေၾကာင္း သိရသည္။
ေဆးဝါးစက္႐ုံ(အင္းစိန္)ဘီပီအိုင္မွ ေဆးျပား၊ ေဆးမႈန႔္၊ ေဆးရည္၊ လိမ္းေဆး၊ ထိုးေဆး၊ ေသြးေၾကာသြင္းေဆးရည္၊ ကာကြယ္ကုသေဆးႏွင့္
အဆိပ္ေျဖေဆးမ်ား၊ စုစုေပါင္း ေဆးအမ်ိဳးအစား ၁၈၀ ေက်ာ္ကို ထုတ္လုပ္ေပးလ်က္ရွိၿပီး လက္သန႔္ေဆးရည္ကို
50 mL ၊ 500 mL ၊ 4 Liters ဗူးမ်ားျဖင့္ ထုတ္လုပ္လ်က္ရွိၿပီး အရက္ျပန္ေဆးဗူးမ်ားကို100 mL ၊ 500 mL ဗူးမ်ားျဖင့္ ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိ ေဈးကြက္အတြင္းCOVID-19 ေရာဂါကာကြယ္ႏိုင္ရန္အတြက္ ျပည္တြင္း၊ ျပည္ပမွ ထုတ္လုပ္သည့္ လက္သန႔္ေဆးရည္ႏွင့္
အရက္ျပန္မ်ားသည္ ေဈးႏႈန္းျမင့္တက္ကာ ပစၥည္းမ်ားျပတ္လပ္လ်က္ရွိေနေၾကာင္း ေဆးအေရာင္းဆိုင္မ်ားထံမွ
သိရသည္။(Xinhua)

No comments:

Post a Comment