ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Thursday, March 26, 2020

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

ဗိုလ်ချုပ်စိုးတင့်နိုင်အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခန့်အပ်
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား နိုင်ငံတော်သမ္မတက မတ် ၂၅ ရက်နေ့စွဲဖြင့် ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယခင် ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်သူကို မတ် ၂၄ ရက်က မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၄နှင့် ပြည်ထောင်စုအစိုးရဥပဒေပုဒ်မ ၁၇ တို့ပါ ပြဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးတင့်နိုင်အား ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်ခွင့်ပြုခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ (Xinhua)
--------------------------------------------------
(Zawgyi Version)

ဗိုလ္ခ်ဳပ္စိုးတင့္ႏိုင္အား ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ခန႔္အပ္
ရန္ကုန္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
ျပည္ထဲေရးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီးအျဖစ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗိုလ္ခ်ဳပ္စိုးတင့္ႏိုင္အား ႏိုင္ငံေတာ္သမၼတက မတ္ ၂၅ ရက္ေန႔စြဲျဖင့္ ခန႔္အပ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ႐ုံးက သတင္းထုတ္ျပန္ခဲ့သည္။ ယခင္ ျပည္ထဲေရးဝန္ႀကီးဌာန၏ ဒုတိယဝန္ႀကီးတာဝန္ ထမ္းေဆာင္ခဲ့သည့္ ဗိုလ္ခ်ဳပ္ေအာင္သူကို မတ္ ၂၄ ရက္က မူလစစ္ဘက္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ခြင့္ျပဳလိုက္ၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၃၄ႏွင့္ ျပည္ေထာင္စုအစိုးရဥပေဒပုဒ္မ ၁၇ တို႔ပါ ျပဌာန္းခ်က္မ်ားအရ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဗိုလ္ခ်ဳပ္စိုးတင့္ႏိုင္အား ဒုတိယဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၄ ရက္ကလည္း ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကို မူလစစ္ဘက္တာဝန္ဝတၱရားမ်ား ျပန္လည္ထမ္းေဆာင္ခြင့္ျပဳခဲ့ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ျပည္ထဲေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့သည္။ (Xinhua)

No comments:

Post a Comment