ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ဝါရှင်တန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) / ဝါရွင္တန္ ၊ မတ္ ၃၁ ရက္(ဆင္ဟြာ)

အမေရိကန်နိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူ ၃ ထောင်ကျော်ထိ ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော
ဝါရှင်တန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူ အမြင့်ဆုံးအရေအတွက် ၃,၀၀၀ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ သိရသည်။
မတ် ၃၀ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင် အတည်ပြုလူနာ ၁၆၃,၀၀၀ ဦးရှိပြီး သေဆုံးသူ ၃,၀၀၈ ဦးရှိကြောင်း CSSE ၏ လှုပ်ရှားနေသော ကိန်းဂဏန်းဖော်ပြချက်အရ သိရသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကူးစက်ခံရမှု နှင့် လူသေဆုံးမှု အများဆုံး ဖြစ်ပေါ်လျက်ရှိကြောင်း ၊ ယင်းမြို့တွင် ကူးစက်ခံရသူ ၆၇,၀၀၀ ဦးနှင့်သေဆုံးသူ ၁,၂၀၀ ဦးအသီးသီးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်ခံရသူ ၇၈၄,၀၀၀ ဦးကျော်ရှိကြောင်း ၊ သေဆုံးသူ ၃၇,၆၃၈ ဦးရှိကြောင်း နှင့် ရောဂါပြန်လည်သက်သာပျောက်ကင်းသူ ၁၆၅,၀၀၀ ဦးအသီးသီးရှိကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။(Xinhua)
----------------------------------------------
(Zawgyi Version)
အေမရိကန္ႏိုင္ငံ၌ COVID-19 ျဖင့္ေသဆုံးသူ ၃ ေထာင္ေက်ာ္ထိ ရွိလာေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္ေျပာ
ဝါရွင္တန္ ၊ မတ္ ၃၁ ရက္(ဆင္ဟြာ)
အေမရိကန္ႏိုင္ငံ၌ COVID-19 ေရာဂါျဖင့္ ေသဆုံးသူ အျမင့္ဆုံးအေရအတြက္ ၃,၀၀၀ ဦးထိေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ သိပၸံႏွင့္အင္ဂ်င္နီယာဌာန (CSSE)မွ ေနာက္ဆုံးထုတ္ျပန္ေသာ အခ်က္အလက္အရ သိရသည္။
မတ္ ၃၀ ရက္ အေရွ႕ပိုင္းစံေတာ္ခ်ိန္ ည ၉ နာရီ ၃၀ မိနစ္ထုတ္ျပန္ခ်က္အရ အေမရိကန္ႏိုင္ငံတြင္ အတည္ျပဳလူနာ ၁၆၃,၀၀၀ ဦးရွိၿပီး ေသဆုံးသူ ၃,၀၀၈ ဦးရွိေၾကာင္း CSSE ၏ လႈပ္ရွားေနေသာ ကိန္းဂဏန္းေဖာ္ျပခ်က္အရ သိရသည္။
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕တြင္ ကူးစက္ခံရမႈ ႏွင့္ လူေသဆုံးမႈ အမ်ားဆုံး ျဖစ္ေပၚလ်က္ရွိေၾကာင္း ၊ ယင္းၿမိဳ႕တြင္ ကူးစက္ခံရသူ ၆၇,၀၀၀ ဦးႏွင့္ေသဆုံးသူ ၁,၂၀၀ ဦးအသီးသီးရွိေၾကာင္း ေနာက္ဆုံးထုတ္ျပန္ခ်က္အရသိရသည္။
တစ္ကမာၻလုံးအတိုင္းအတာျဖင့္ ေရာဂါကူးစက္ခံရသူ ၇၈၄,၀၀၀ ဦးေက်ာ္ရွိေၾကာင္း ၊ ေသဆုံးသူ ၃၇,၆၃၈ ဦးရွိေၾကာင္း ႏွင့္ ေရာဂါျပန္လည္သက္သာေပ်ာက္ကင္းသူ ၁၆၅,၀၀၀ ဦးအသီးသီးရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္ အရသိရသည္။(Xinhua)

No comments:

Post a Comment