ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန်၊ မတ် ၂၉ ရက်(ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၉ ရက္(ဆင္ဟြာ)

ကမ္ဘာ့ကပ်ရောဂါ COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းသူများ တစ်တပ်တစ်အား ပါဝင်လှူဒါန်း
ရန်ကုန်၊ မတ် ၂၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းသူများ စုပေါင်းကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မတ် ၂၈ ရက်တွင် အလှူငွေ (၇၈.၄)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေကို တရုတ်နိုင်ငံရှိ ပြည်နယ်များနှင့် မြူနီစီပါယ်မြို့ အသီးသီးတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားကျောင်းသူများနှင့်ပညာသင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူများမှ စုပေါင်းထည့်ဝင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကျန်းမာရေးကုသိုလ်စုပေါင်းပြုနိုင်အောင် ပါဝင်ဆောင်ရွက်ကြသူများအနက် လက်ရှိ ဟူနန်ပြည်နယ် ချန်ရှားမြို့ ဟူနန်တက္ကသိုလ်တွင် ကွန်ပျူတာ သိပ္ပံ နောက်ဆုံးနှစ် ပါရဂူတန်း တက်ရောက်လျက်ရှိသော မခင်နန္ဒာဝင်းက “ပြည်ပမှာ ပညာတော် သင်ရောက် ရှိနေပေမဲ့ အမိမြေကို အမြဲသတိရတဲ့ စိတ် ရင်ထဲ မှာ အမြဲ ရှိနေကြပါတယ်။ ၂၀၁၆ ပုဂံငလျင်လှုပ်လို့ လှူဒါန်းချင်မိရာ ကနေ တစ်ယောက်ထဲလှူတာထက် အများနဲ့ လှူတာက ပိုပြီးထိ ရောက်မယ်လို့ တွေးမိပြီး စုပေါင်းကောက်ခံလှူဒါန်းရာကနေ နောက်ပိုင်း လိုအပ်မယ် ထင်တဲ့နေရာတိုင်းမှာ ကျွန်မတို့ပညာတော်သင်ကျောင်းသားကျောင်းသူတွေ အားလုံး စုပေါင်း လှူဒါန်းခဲ့ ကြပါတယ်။
အခုလည်း အမိ မြန်မာပြည်မှာ cronavirus တိုက်ဖျက်ဖို့အတွက် တဖက်တလှမ်းက ပါဝင်ကူညီ ထောက်ပံ့လိုသည့် စိတ်အရင်းခံပြီး တရုတ်ပြည်မှာကျောင်းပြီးသွားတဲ့ ကျောင်းသားတွေရော လက်ရှိပညာတော် သင်နေတဲ့ ကျောင်းသားတွေပါ စုပေါင်းပြီး ဝိုင်းဝန်းလှူဒါန်းဖြစ်သွားတာပါ။” ဟု ဆိုသည်။
ထိုမတိုင်မီ ပြီးခဲ့သောလ ၂၆ ရက်ကလည်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်ပြည် မြန်မာပညာတော်သင်များ စုပေါင်း၍ ပေကျင်းမြို့ရှိမြန်မာနိုင်ငံသံရုံးမှတစ်ဆင့် ဟူပေပြည်နယ်ရှိ Hubei Charity Federationကို အလှူငွေ ယွမ် ၂၆,၃၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
“အဲတုန်းက COVID-19 စဖြစ်စဆို တော့ ရင်ထဲအရမ်းတုန်လှုပ် ခြောက်ခြားမိတာ အမှန်ပါ။ ဒါပေမဲ့ တရုတ်အစိုးရက တခြားပြည်နယ်တွေကို ကူးစက်ထိခိုက်မူ အတတ်နိုင်ဆုံးမရှိစေဖို့ ဝူဟန့်မြို့ကို lockdown ချခဲ့ပါတယ်။ နောက်ပြီး ဝူဟန့်မြို့အထဲမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ပြည်သူတွေကို အင်တိုက်အားတိုက် ကြိုးစားကုသနေတာတွေကို သူငယ်ချင်းတွေ၊social media ကတဆင့် နေ့တိုင်းမြင်တွေ့ရပါတယ်။ တရုတ်ပြည် တပြည်လုံးမှာရှိတဲ့ ဆရာဝန်တွေလည်း သွားရောက်ကူညီထောက်ပံ့ပေးရာက တချို့ဆို အိမ်ကို ပြန်မလာနိုင်ဘဲ မိမိပါ ကူးစက်ပြီး မိသားစုကို နှုတ်မဆက်နိုင်ရှာဘဲ အသက်ပေးကုသခဲ့တဲ့ သတင်းတွေလည်း ကြားသိရပါတယ်။
အဲတုန်းက တစ်နေ့တစ်နေ့ သတင်းတွေ မနက်မိုးလင်း မျက်လုံး၂ လုံးဖွင့်လို့ ကြည့်လိုက်တိုင်း သူတို့ရဲ့ကြိုးစား အနစ်နာခံပုံ၊ ဝူဟန်ပြည်သူတွေရဲ့ ခံစားချက်တွေကို ကိုယ်သာ သူတို့နေရာမှာဆိုရင်လို့တွေးပြီး ရင်ထဲအရမ်းကို စိတ်ထိ ခိုက်ခံစားခဲ့ရပါတယ်။ အဲအချိန်မှာ ကိုယ်ကလည်း သွားရောက်မကူညီနိုင်တဲ့အတွက် တဖက်တလမ်းမှ မိမိ တတ်အားသလောက် ပါဝင်ကူညီလိုကြလို့ ပညာတော်သင်ကျောင်းသူကျောင်းသားတွေက စုပေါင်းပြီး ကူညီ လှူဒါန်းခဲ့ကြတာပါ”ဟု ၎င်းက ဆိုသည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး အေးတူပူအမျှချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြရာ ကပ်ရောဂါဖြစ်ပွါးသည့်အခါ မြန်မာနိုင်ငံအစိုးရနှင့်လူမှုပတ်ဝန်းကျင် နယ်ပယ်အသီးသီး အလွှာအသီးသီးက တရုတ်နိုင်ငံကို ကူညီအားပေးထောက်ပံ့မှုများပြုခဲ့ကြသလို ယခုအခါ မြန်မာနိုင်ငံတွင် ဖြစ်ပွါးသည့်အခါတွင်လည်း တရုတ်နိုင်ငံက လက်ရှိရင်ဆိုင်နေရဆဲ အခက်အခဲများကို ဖြေရှင်းကျော်လွှားရင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို အမြန်ဆုံး ပံ့ပိုးကူညီပေးလျက်ရှိသည်။
“အပြန်အလှန်ကူညီကြတာ တွေ့ရတော့ တကယ့်ကို ရင်ထဲမှာအရမ်းဝမ်းသာ ပီတိ ဖြစ်မိတယ်။ သာဓုလည်း အကြိမ်ကြိမ် လိုက်ခေါ်မိပါတယ်။ လူတိုင်းသာ အဲလိုအမြဲတမ်း အချင်းချင်းဖေးမ ကူညီ သွားကြရင် ကမ္ဘာကြီးက အမြဲအရမ်းလှပနေမှာ မလွဲဧကန်ပါ။ ကမ္ဘာပေါ်ရှိလူသားအားလုံး ကိုယ် စိတ်နှလုံးသုံးပါးစလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။”ဟု မခင်နန္ဒာဝင်းက ဆိုသည်။
ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းကာလတွင် တရုတ်ပြည် မြန်မာပညာတော်သင် ကျောင်းသားကျောင်းသူများ၏ စစ်မှန်သော စေတနာကို အရင်းခံပြီး ချွေးနဲစာနှင့် တတ်အားသမျှ ပါဝင်ကူညီလှူဒါန်းမှုသည် အခက်အခဲများအကြား အပြန်အလှန်ဖေးမကူညီလိုသည့် အေးမြသည့် မေတ္တာတရား၏ပုံရိပ်တစ်ခုပင်ဖြစ်သည်။
လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီး နေရာဒေသ၊ လူမျိုးမရွေး ကပ်ရောဂါဘေးဆိုးကြီးနှင့်ရင်ဆိုင်နေရချိန်၊ ဗိုင်းရပ်စ်အန္တရာယ်ကို လူသားတို့ အံတုအားပြိုင်နေရချိန်တွင် သူရယ်ကိုယ်ရယ်မခွဲခြား တစ်သားတည်း ဖြူစင်သောစေတနာကို အရင်းခံသည့် အပြန်အလှန်ဖေးမကူညီမှုများကသာ တစ်ကမ္ဘာလုံးရှိ လူသားတို့၏ ကပ်ရောဂါကို ကျော်လွှားနိုင်စေမည့် ဖြစ်ကြောင်း ယခုကဲ့သို့ လှူဒါန်းမှုသည် ခွန်အားတစ်ရပ် အားဆေးတစ်ခွက်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် မြန်မာကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။(Xinhua)
---------------------------------
(Zawgyi Version)
ကမာၻ႔ကပ္ေရာဂါ COVID-19 တိုက္ဖ်က္ေရးအတြက္ တ႐ုတ္ျပည္ ျမန္မာပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ား တစ္တပ္တစ္အား ပါဝင္လႉဒါန္း
ရန္ကုန္၊ မတ္ ၂၉ ရက္(ဆင္ဟြာ)
ျမန္မာႏိုင္ငံ၌ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ကုသေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္အတြက္ တ႐ုတ္ျပည္ ျမန္မာပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူမ်ား စုေပါင္းကာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ မတ္ ၂၈ ရက္တြင္ အလႉေငြ (၇၈.၄)သိန္းက်ပ္ ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။
အဆိုပါလႉဒါန္းေငြကို တ႐ုတ္ႏိုင္ငံရွိ ျပည္နယ္မ်ားႏွင့္ ျမဴနီစီပါယ္ၿမိဳ႕ အသီးသီးတြင္ ပညာသင္ၾကားလ်က္ရွိသည့္ ျမန္မာေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ပညာသင္ၾကားခဲ့သည့္ ေက်ာင္းသားေက်ာင္းသူမ်ားမွ စုေပါင္းထည့္ဝင္လႉဒါန္းၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ က်န္းမာေရးကုသိုလ္စုေပါင္းျပဳႏိုင္ေအာင္ ပါဝင္ေဆာင္႐ြက္ၾကသူမ်ားအနက္ လက္ရွိ ဟူနန္ျပည္နယ္ ခ်န္ရွားၿမိဳ႕ ဟူနန္တကၠသိုလ္တြင္ ကြန္ပ်ဴတာ သိပၸံ ေနာက္ဆုံးႏွစ္ ပါရဂူတန္း တက္ေရာက္လ်က္ရွိေသာ မခင္နႏၵာဝင္းက “ျပည္ပမွာ ပညာေတာ္ သင္ေရာက္ ရွိေနေပမဲ့ အမိေျမကို အၿမဲသတိရတဲ့ စိတ္ ရင္ထဲ မွာ အၿမဲ ရွိေနၾကပါတယ္။ ၂၀၁၆ ပုဂံငလ်င္လႈပ္လို႔ လႉဒါန္းခ်င္မိရာ ကေန တစ္ေယာက္ထဲလႉတာထက္ အမ်ားနဲ႔ လႉတာက ပိုၿပီးထိ ေရာက္မယ္လို႔ ေတြးမိၿပီး စုေပါင္းေကာက္ခံလႉဒါန္းရာကေန ေနာက္ပိုင္း လိုအပ္မယ္ ထင္တဲ့ေနရာတိုင္းမွာ ကြၽန္မတို႔ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူေတြ အားလုံး စုေပါင္း လႉဒါန္းခဲ့ ၾကပါတယ္။
အခုလည္း အမိ ျမန္မာျပည္မွာ cronavirus တိုက္ဖ်က္ဖို႔အတြက္ တဖက္တလွမ္းက ပါဝင္ကူညီ ေထာက္ပံ့လိုသည့္ စိတ္အရင္းခံၿပီး တ႐ုတ္ျပည္မွာေက်ာင္းၿပီးသြားတဲ့ ေက်ာင္းသားေတြေရာ လက္ရွိပညာေတာ္ သင္ေနတဲ့ ေက်ာင္းသားေတြပါ စုေပါင္းၿပီး ဝိုင္းဝန္းလႉဒါန္းျဖစ္သြားတာပါ။” ဟု ဆိုသည္။
ထိုမတိုင္မီ ၿပီးခဲ့ေသာလ ၂၆ ရက္ကလည္း COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရးအတြက္ တ႐ုတ္ျပည္ ျမန္မာပညာေတာ္သင္မ်ား စုေပါင္း၍ ေပက်င္းၿမိဳ႕ရွိျမန္မာႏိုင္ငံသံ႐ုံးမွတစ္ဆင့္ ဟူေပျပည္နယ္ရွိ Hubei Charity Federationကို အလႉေငြ ယြမ္ ၂၆,၃၅၀ လႉဒါန္းခဲ့ေၾကာင္း သိရသည္။
“အဲတုန္းက COVID-19 စျဖစ္စဆို ေတာ့ ရင္ထဲအရမ္းတုန္လႈပ္ ေျခာက္ျခားမိတာ အမွန္ပါ။ ဒါေပမဲ့ တ႐ုတ္အစိုးရက တျခားျပည္နယ္ေတြကို ကူးစက္ထိခိုက္မူ အတတ္ႏိုင္ဆုံးမရွိေစဖို႔ ဝူဟန္႔ၿမိဳ႕ကို lockdown ခ်ခဲ့ပါတယ္။ ေနာက္ၿပီး ဝူဟန္႔ၿမိဳ႕အထဲမွာရွိတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ျပည္သူေတြကို အင္တိုက္အားတိုက္ ႀကိဳးစားကုသေနတာေတြကို သူငယ္ခ်င္းေတြ၊social media ကတဆင့္ ေန႔တိုင္းျမင္ေတြ႕ရပါတယ္။ တ႐ုတ္ျပည္ တျပည္လုံးမွာရွိတဲ့ ဆရာဝန္ေတြလည္း သြားေရာက္ကူညီေထာက္ပံ့ေပးရာက တခ်ိဳ႕ဆို အိမ္ကို ျပန္မလာႏိုင္ဘဲ မိမိပါ ကူးစက္ၿပီး မိသားစုကို ႏႈတ္မဆက္ႏိုင္ရွာဘဲ အသက္ေပးကုသခဲ့တဲ့ သတင္းေတြလည္း ၾကားသိရပါတယ္။
အဲတုန္းက တစ္ေန႔တစ္ေန႔ သတင္းေတြ မနက္မိုးလင္း မ်က္လုံး၂ လုံးဖြင့္လို႔ ၾကည့္လိုက္တိုင္း သူတို႔ရဲ႕ႀကိဳးစား အနစ္နာခံပုံ၊ ဝူဟန္ျပည္သူေတြရဲ႕ ခံစားခ်က္ေတြကို ကိုယ္သာ သူတို႔ေနရာမွာဆိုရင္လို႔ေတြးၿပီး ရင္ထဲအရမ္းကို စိတ္ထိ ခိုက္ခံစားခဲ့ရပါတယ္။ အဲအခ်ိန္မွာ ကိုယ္ကလည္း သြားေရာက္မကူညီႏိုင္တဲ့အတြက္ တဖက္တလမ္းမွ မိမိ တတ္အားသေလာက္ ပါဝင္ကူညီလိုၾကလို႔ ပညာေတာ္သင္ေက်ာင္းသူေက်ာင္းသားေတြက စုေပါင္းၿပီး ကူညီ လႉဒါန္းခဲ့ၾကတာပါ”ဟု ၎က ဆိုသည္။
တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံသည္ ေတာေတာင္ေရေျမခ်င္းဆက္စပ္ေနၿပီး ေအးတူပူအမွ်ခ်စ္ခင္ရင္းႏွီးသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္ၾကရာ ကပ္ေရာဂါျဖစ္ပြါးသည့္အခါ ျမန္မာႏိုင္ငံအစိုးရႏွင့္လူမႈပတ္ဝန္းက်င္ နယ္ပယ္အသီးသီး အလႊာအသီးသီးက တ႐ုတ္ႏိုင္ငံကို ကူညီအားေပးေထာက္ပံ့မႈမ်ားျပဳခဲ့ၾကသလို ယခုအခါ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြါးသည့္အခါတြင္လည္း တ႐ုတ္ႏိုင္ငံက လက္ရွိရင္ဆိုင္ေနရဆဲ အခက္အခဲမ်ားကို ေျဖရွင္းေက်ာ္လႊားရင္း က်န္းမာေရး အေထာက္အကူျပဳပစၥည္းမ်ားကို အျမန္ဆုံး ပံ့ပိုးကူညီေပးလ်က္ရွိသည္။
“အျပန္အလွန္ကူညီၾကတာ ေတြ႕ရေတာ့ တကယ့္ကို ရင္ထဲမွာအရမ္းဝမ္းသာ ပီတိ ျဖစ္မိတယ္။ သာဓုလည္း အႀကိမ္ႀကိမ္ လိုက္ေခၚမိပါတယ္။ လူတိုင္းသာ အဲလိုအၿမဲတမ္း အခ်င္းခ်င္းေဖးမ ကူညီ သြားၾကရင္ ကမာၻႀကီးက အၿမဲအရမ္းလွပေနမွာ မလြဲဧကန္ပါ။ ကမာၻေပၚရွိလူသားအားလုံး ကိုယ္ စိတ္ႏွလုံးသုံးပါးစလုံး ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။”ဟု မခင္နႏၵာဝင္းက ဆိုသည္။
ကမာၻ႔ကပ္ေရာဂါ အၾကပ္အတည္းကာလတြင္ တ႐ုတ္ျပည္ ျမန္မာပညာေတာ္သင္ ေက်ာင္းသားေက်ာင္းသူမ်ား၏ စစ္မွန္ေသာ ေစတနာကို အရင္းခံၿပီး ေခြၽးနဲစာႏွင့္ တတ္အားသမွ် ပါဝင္ကူညီလႉဒါန္းမႈသည္ အခက္အခဲမ်ားအၾကား အျပန္အလွန္ေဖးမကူညီလိုသည့္ ေအးျမသည့္ ေမတၱာတရား၏ပုံရိပ္တစ္ခုပင္ျဖစ္သည္။
လက္ရွိ ကမာၻ႔ႏိုင္ငံအသီးသီး ေနရာေဒသ၊ လူမ်ိဳးမေ႐ြး ကပ္ေရာဂါေဘးဆိုးႀကီးႏွင့္ရင္ဆိုင္ေနရခ်ိန္၊ ဗိုင္းရပ္စ္အႏၲရာယ္ကို လူသားတို႔ အံတုအားၿပိဳင္ေနရခ်ိန္တြင္ သူရယ္ကိုယ္ရယ္မခြဲျခား တစ္သားတည္း ျဖဴစင္ေသာေစတနာကို အရင္းခံသည့္ အျပန္အလွန္ေဖးမကူညီမႈမ်ားကသာ တစ္ကမာၻလုံးရွိ လူသားတို႔၏ ကပ္ေရာဂါကို ေက်ာ္လႊားႏိုင္ေစမည့္ ျဖစ္ေၾကာင္း ယခုကဲ့သို႔ လႉဒါန္းမႈသည္ ခြန္အားတစ္ရပ္ အားေဆးတစ္ခြက္ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံတြင္ ပညာသင္ၾကားခဲ့သည့္ ျမန္မာေက်ာင္းသားေဟာင္းတစ္ဦးက ဆိုသည္။(Xinhua)
Image may contain: 7 people, indoor

No comments:

Post a Comment