ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Saturday, March 28, 2020

ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ) / ေပက်င္း ၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)

ဥရောပ နိုင်ငံ များ ကပ်ရောဂါ တိုက်ဖျက် နိုင်ရန် အတွက် တရုတ် နိုင်ငံ ဒေသ အသီးသီး က ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက် တိုးချဲ့ လှူဒါန်း
ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်း အတွင်း ဥရောပ တိုက် ရှိ နိုင်ငံ အသီးသီး တွင် COVID-19 ရောဂါ ပိုမို ပျံ့ပွား လာသဖြင့် “လေကြောင်း ပိုးလမ်းမ” လေယာဉ် ခရီးစဉ် နှင့် တရုတ်-ဥရောပ ရထားလမ်း တို့ မှ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ က တရုတ် နိုင်ငံ ဒေသ အသီးသီး မှ ဥရောပ နိုင်ငံ အသီးသီး သို့ ပေးပို့ နေသည်။
တရုတ် နိုင်ငံ ဟယ်နန် ပြည်နယ် က လတ်တလောရက်ပိုင်း အတွင်း လူဇင်ဘတ် နိုင်ငံ သို့ လေကြောင်း ခရီးစဉ် မှ တစ်ဆင့် ကာကွယ်ရေး ဝတ်စုံ ၄,၅၀၀ ၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း ၅ သိန်း ၊ N95 နှာခေါင်းစည်း ၅,၇၀၀ ၊ ဆေးဘက်ဆိုင်ရာသုံး လက်အိတ် ၁ သိန်း ၊ ကိုယ်အပူးချိန်တိုင်း ကိရိယာ ၆၀၀ ၊ လက်ဆေးရည်ဗူး ၂ သောင်း နှင့် ဆေးဘက်ဆိုင်ရာသုံး မျက်မှန် ၁၀၈၀ စုစုပေါင်း တန်ဖိုး တရုတ် ယွမ်ငွေ ၂.၅ သန်း ရှိ ပစ္စည်းများ အား ပေးအပ် လှူဒါန်း ခဲ့သည်။
လက်ရှိချိန်တွင် လူဇင်ဘတ် နိုင်ငံ ၌ ကပ်ရောဂါ အခြေအနေ က တစ်နေ့တစ်ခြား ပိုမို ဆိုးရွား လာသဖြင့် တရုတ် နိုင်ငံ ဟူနန် ပြည်နယ် က ပြည်နယ်အတွင်း ကြီးမားသော ကာကွယ်ထိန်းချုပ်မှု ဖိအား အောက်တွင် ရောက်ရှိနေသော်လည်း အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများ ကို စုစည်း ကာ လူဇင်ဘတ် နိုင်ငံ သို့ ပေးပို့ပေးခဲ့ကြောင်း သိရှိရသည်။
တစ်ချိန်တည်း တွင် လူဇင်ဘတ် နိုင်ငံ အနီး ၌ တည်ရှိသည့် စပိန် နိုင်ငံ သည်လည်း တရုတ် နိုင်ငံ ၏ မေတ္တာစေတနာ ကို ခံစားသိရှိခဲ့သည်။ မတ်လ ၂၁ ရက် တွင် စပိန် နိုင်ငံ အား လှူဒါန်းပေးသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ က တရုတ် နိုင်ငံ မှ စတင် ထွက် ခွာခဲ့သည်။ ရထားတွဲ တွင် ကွန်တိန်နာ အလုံး ၁၀၀ ပါဝင် ခဲ့ပြီး ကွန်တိန်နာ ၂ လုံး တွင် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ ပါဝင်ပြီး ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း အခု ၁၁၀,၀၀၀ ကျော် နှင့် ကာကွယ်ရေး ဝတ်စုံ ၇၆၆ စုံ ပါဝင်ကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ တစ်ခု ဖြစ်သည့် CRRC Zhuzhou Locomotive ကုမ္ပဏီ က သြစတြီးယား နိုင်ငံ အား ကာကွယ်ရေး ဝတ်စုံ ၃,၀၀၀ ၊ FFP2 နှာခေါင်းစည်း ၅ သောင်း နှင့် ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း ၁ သိန်း တို့ အား ပေးအပ်လှူဒါန်း ခဲ့ပြီး ယင်းလှူဒါန်းမှု က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ မှ သြစတြီးယား နိုင်ငံ သို့ COVID-19 ရောဂါ နှင့် ပတ်သက်၍ ပထမဆုံး သော လှူဒါန်းမှု တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
သြစတြီးယား နိုင်ငံ သို့ လှူဒါန်းသည့် ထောက်ပံ့ရေး ပစ္စည်းများ ပေါ် တွင် “ကမ္ဘာတစ်ဝန်း ချိတ်ဆက် ၍ အေးအတူပူအမျှ ရှေ့ဆက် စို့” ဟူသည့် စာသားရေးသားဖော်ပြထားပြီး CRRC Zhuzhou Locomotive ကုမ္ပဏီ ဥက္ကဋ္ဌ ကျုံချင်း က မိမိ တို့ ကုမ္ပဏီ အနေဖြင့် အနာဂတ် တွင်လည်း ပြည်ပ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ များ အပေါ် ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ပြည်ပ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)
------------------------------
(Zawgyi Version)
ဥေရာပ ႏုိင္ငံ မ်ား ကပ္ေရာဂါ တိုက္ဖ်က္ ႏိုင္ရန္ အတြက္ တ႐ုတ္ ႏိုင္ငံ ေဒသ အသီးသီး က ေဆးဘက္ဆိုင္ရာ ေထာက္ပံ့ေရး ပစၥည္းမ်ား ဆက္လက္ တိုးခ်ဲ႕ လွဴဒါန္း
ေပက်င္း ၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)
လတ္တေလာရက္ပိုင္း အတြင္း ဥေရာပ တိုက္ ရွိ ႏုိင္ငံ အသီးသီး တြင္ COVID-19 ေရာဂါ ပိုမို ပ်ံ႕ပြား လာသျဖင့္ “ေလေၾကာင္း ပိုးလမ္းမ” ေလယာဥ္ ခရီးစဥ္ ႏွင့္ တ႐ုတ္-ဥေရာပ ရထားလမ္း တို႕ မွ ကပ္ေရာဂါ တိုက္ဖ်က္ေရး ဆိုင္ရာ ေထာက္ပံ့ေရး ပစၥည္းမ်ား က တ႐ုတ္ ႏုိင္ငံ ေဒသ အသီးသီး မွ ဥေရာပ ႏုိင္ငံ အသီးသီး သို႕ ေပးပို႕ ေနသည္။
တ႐ုတ္ ႏုိင္ငံ ဟယ္နန္ ျပည္နယ္ က လတ္တေလာရက္ပိုင္း အတြင္း လူဇင္ဘတ္ ႏိုင္ငံ သို႕ ေလေၾကာင္း ခရီးစဥ္ မွ တစ္ဆင့္ ကာကြယ္ေရး ဝတ္စံု ၄,၅၀၀ ၊ ေဆးဘက္ဆိုင္ရာသံုး ႏွာေခါင္းစည္း ၅ သိန္း ၊ N95 ႏွာေခါင္းစည္း ၅,၇၀၀ ၊ ေဆးဘက္ဆိုင္ရာသံုး လက္အိတ္ ၁ သိန္း ၊ ကိုယ္အပူးခ်ိန္တိုင္း ကိရိယာ ၆၀၀ ၊ လက္ေဆးရည္ဗူး ၂ ေသာင္း ႏွင့္ ေဆးဘက္ဆိုင္ရာသံုး မ်က္မွန္ ၁၀၈၀ စုစုေပါင္း တန္ဖိုး တ႐ုတ္ ယြမ္ေငြ ၂.၅ သန္း ရွိ ပစၥည္းမ်ား အား ေပးအပ္ လွဴဒါန္း ခဲ့သည္။
လက္ရွိခ်ိန္တြင္ လူဇင္ဘတ္ ႏိုင္ငံ ၌ ကပ္ေရာဂါ အေျခအေန က တစ္ေန႕တစ္ျခား ပိုမို ဆိုးရြား လာသျဖင့္ တ႐ုတ္ ႏုိင္ငံ ဟူနန္ ျပည္နယ္ က ျပည္နယ္အတြင္း ႀကီးမားေသာ ကာကြယ္ထိန္းခ်ဳပ္မႈ ဖိအား ေအာက္တြင္ ေရာက္ရွိေနေသာ္လည္း အေရးေပၚ ေထာက္ပံ့ေရး ပစၥည္းမ်ား ကို စုစည္း ကာ လူဇင္ဘတ္ ႏုိင္ငံ သို႕ ေပးပို႕ေပးခဲ့ေၾကာင္း သိရွိရသည္။
တစ္ခ်ိန္တည္း တြင္ လူဇင္ဘတ္ ႏုိင္ငံ အနီး ၌ တည္ရွိသည့္ စပိန္ ႏုိင္ငံ သည္လည္း တ႐ုတ္ ႏုိင္ငံ ၏ ေမတၱာေစတနာ ကို ခံစားသိရွိခဲ့သည္။ မတ္လ ၂၁ ရက္ တြင္ စပိန္ ႏုိင္ငံ အား လွဴဒါန္းေပးသည့္ ကပ္ေရာဂါ တိုက္ဖ်က္ေရး ဆိုင္ရာ ေထာက္ပံ့ေရး ပစၥည္းမ်ား က တ႐ုတ္ ႏုိင္ငံ မွ စတင္ ထြက္ ခြာခဲ့သည္။ ရထားတြဲ တြင္ ကြန္တိန္နာ အလံုး ၁၀၀ ပါဝင္ ခဲ့ၿပီး ကြန္တိန္နာ ၂ လံုး တြင္ ကပ္ေရာဂါ တိုက္ဖ်က္ေရး ပစၥည္းမ်ား ပါဝင္ၿပီး ေဆးဘက္ဆိုင္ရာ ႏွာေခါင္းစည္း အခု ၁၁၀,၀၀၀ ေက်ာ္ ႏွင့္ ကာကြယ္ေရး ဝတ္စံု ၇၆၆ စံု ပါဝင္ေၾကာင္း သိရွိရသည္။
တ႐ုတ္ ႏုိင္ငံ လုပ္ငန္း ကုမၸဏီ တစ္ခု ျဖစ္သည့္ CRRC Zhuzhou Locomotive ကုမၸဏီ က ၾသစႀတီးယား ႏိုင္ငံ အား ကာကြယ္ေရး ဝတ္စံု ၃,၀၀၀ ၊ FFP2 ႏွာေခါင္းစည္း ၅ ေသာင္း ႏွင့္ ေဆးဘက္ဆိုင္ရာ ႏွာေခါင္းစည္း ၁ သိန္း တို႕ အား ေပးအပ္လွဴဒါန္း ခဲ့ၿပီး ယင္းလွဴဒါန္းမႈ က တ႐ုတ္ ႏုိင္ငံ လုပ္ငန္း ကုမၸဏီ မွ ၾသစႀတီးယား ႏုိင္ငံ သို႕ COVID-19 ေရာဂါ ႏွင့္ ပတ္သက္၍ ပထမဆံုး ေသာ လွဴဒါန္းမႈ တစ္ခု ျဖစ္ေၾကာင္း သိရွိရသည္။
ၾသစႀတီးယား ႏုိင္ငံ သို႕ လွဴဒါန္းသည့္ ေထာက္ပံ့ေရး ပစၥည္းမ်ား ေပၚ တြင္ “ကမာၻတစ္ဝန္း ခ်ိတ္ဆက္ ၍ ေအးအတူပူအမွ် ေရွ႕ဆက္ စို႕” ဟူသည့္ စာသားေရးသားေဖာ္ျပထားၿပီး CRRC Zhuzhou Locomotive ကုမၸဏီ ဥကၠ႒ က်ံဳခ်င္း က မိမိ တို႕ ကုမၸဏီ အေနျဖင့္ အနာဂတ္ တြင္လည္း ျပည္ပ ပူးေပါင္းေဆာင္ရြက္မႈ ႏုိင္ငံ မ်ား အေပၚ ဆက္လက္ ေထာက္ခံအားေပးသြားမည္ ျဖစ္ၿပီး ျပည္ပ ပူးေပါင္းေဆာင္ရြက္မႈ ႏုိင္ငံ ၏ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ကူညီေပးသြားမည္ ျဖစ္ေၾကာင္း ေျပာၾကား ခဲ့သည္။ (Xinhua)
Image may contain: sky, train and outdoor

No comments:

Post a Comment