တရုတ်နိုင်ငံအစိုးရမှ
COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ
ပစ္စည်းများ မြန်မာနိုင်ငံ အစိုးရထံသို့ ပေးပို့လှူဒါန်း
ရန်ကုန် ၊ မတ် ၂၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အစိုးရမှ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် နှာခေါင်းစည်း(Mask)များ ၊ အကာအကွယ်ဝတ်စုံများ နှင့် စမ်းသပ်ကိရိယာများ ပေးပို့လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိရာ ဒုတိယ အသုတ် ဆေးပစ္စည်း ကိရိယာများအား မတ် ၂၆ ရက် ညသန်းခေါင်အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့သော COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယ အသုတ် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က "မြန်မာနိုင်ငံ အစိုးရက COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို အရမ်း အလေးထားပါတယ်။ ထိရောက်တဲ့ မူဝါဒတွေကိုလည်း အများကြီး ကျင့်သုံးနေပါပြီ။ ယခင် တရုတ်နိုင်ငံက COVID-19 ရောဂါ ပြင်းထန်တဲ့အချိန်မှာလည်း မြန်မာအစိုးရ ၊ မြန်မာလူ့ဘောင်အဖွဲ့အစည်း နယ်ပယ် အသီးသီးမှလည်း ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီး ပေးပါတယ်။ယခုမှာလည်း မြန်မာနိုင်ငံမှာ COVID-19 တွေ့ရှိနေပြီးတော့ တရုတ်နိုင်ငံကလည်း အားသွန်ခွန်စိုက် ကူညီထောက်ပံ့ပေးမယ်။ ယင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း အဓိပ္ပါယ်နဲ့ ကိုက်ညီပါတယ်။ အပြန်အလှန် ကူညီပေးမယ်။ အပြန်အလှန် ထောက်ခံမယ်။အဲဒီ အသိုက်အဝန်း အဓိပ္ပါယ်နဲ့ ကိုက်ညီပါတယ်။”ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် ယခုအကြိမ် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ တန်ရှိကြောင်း နှင့် ယခုအကြိမ်မတိုင်မီ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးရေးကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက "ဒီလိုအလွန်အရေးကြီးတဲ့ အချိန်မှာ ဆရာတို့ တိုင်းပြည်အတွက် ၊ ပြည်သူပြည်သားတွေ အတွက် ၊ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများ အားလုံး အတွက်ကို လုံခြုံဖို့ အတွက် ကာကွယ်တဲ့ စက်ပစ္စည်း ၊ ကာကွယ်တဲ့ နှာခေါင်းစည်း ၊ ခေါင်းစွပ်တွေ ၊ Mask တွေ ၊ ဝတ်ရုံတွေ ၊ လက်အိတ်တွေ ဒါတွေ အားလုံးကို လှူပြီးတော့ ရောဂါကို ရှာတဲ့အခါမှာ အလွန် အရေးကြီးတဲ့ Test Kit တွေ ဒါတွေ အားလုံး လှူနေတာကြောင့် ဆရာတို့ တိုင်းပြည် အတွက် အလွန်အရေးကြီးတဲ့ အချိန်မှာ အခုလို အိမ်နီးချင်းကောင်း ပီသစွာ တရုတ်နိုင်ငံက အခုလိုမျိုး လှူပေးတဲ့ အတွက် အလွန်ပဲ ကျေးဇူးတင်တယ် ဆိုတာကို ပြောကြားချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ မြန်မာနိုင်ငံသို့ အပူချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်းကိရိယာများ ပို့ဆောင်သွားရန် စီစဉ်လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံအစိုးရမွ COVID-19 ေရာဂါတိုက္ဖ်က္ေရး ဆိုင္ရာ ဒုတိယ အသုတ္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ား ျမန္မာႏိုင္ငံ အစိုးရထံသို႔ ေပးပို႔လႉဒါန္း
ရန္ကုန္ ၊ မတ္ ၂၇ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ အစိုးရမွ COVID-19 ေရာဂါတိုက္ဖ်က္ေရး အတြက္ ႏွာေခါင္းစည္း(Mask)မ်ား ၊ အကာအကြယ္ဝတ္စုံမ်ား ႏွင့္ စမ္းသပ္ကိရိယာမ်ား ေပးပို႔လႉဒါန္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိရာ ဒုတိယ အသုတ္ ေဆးပစၥည္း ကိရိယာမ်ားအား မတ္ ၂၆ ရက္ ညသန္းေခါင္အခ်ိန္တြင္ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ထပ္မံ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံ အစိုးရမွ ျမန္မာႏိုင္ငံသို႔ ေထာက္ပံ့ေသာ COVID-19 ေရာဂါတိုက္ဖ်က္ေရး ဆိုင္ရာ ဒုတိယ အသုတ္ ေဆးဘက္ဆိုင္ရာ ပစၥည္းမ်ားအား ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ေဆးသုေတသန ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡေဒါက္တာေဇာ္သန္းထြန္းထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္က "ျမန္မာႏိုင္ငံ အစိုးရက COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းကို အရမ္း အေလးထားပါတယ္။ ထိေရာက္တဲ့ မူဝါဒေတြကိုလည္း အမ်ားႀကီး က်င့္သုံးေနပါၿပီ။ ယခင္ တ႐ုတ္ႏိုင္ငံက COVID-19 ေရာဂါ ျပင္းထန္တဲ့အခ်ိန္မွာလည္း ျမန္မာအစိုးရ ၊ ျမန္မာလူ႔ေဘာင္အဖြဲ႕အစည္း နယ္ပယ္ အသီးသီးမွလည္း ပူးေပါင္းေဆာင္႐ြက္မႈေတြ အမ်ားႀကီး ေပးပါတယ္။ယခုမွာလည္း ျမန္မာႏိုင္ငံမွာ COVID-19 ေတြ႕ရွိေနၿပီးေတာ့ တ႐ုတ္ႏိုင္ငံကလည္း အားသြန္ခြန္စိုက္ ကူညီေထာက္ပံ့ေပးမယ္။ ယင္းမွာ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ေအးအတူ ပူအမွ် အသိုက္အဝန္း အဓိပၸါယ္နဲ႔ ကိုက္ညီပါတယ္။ အျပန္အလွန္ ကူညီေပးမယ္။ အျပန္အလွန္ ေထာက္ခံမယ္။အဲဒီ အသိုက္အဝန္း အဓိပၸါယ္နဲ႔ ကိုက္ညီပါတယ္။”ဟု ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံအစိုးရမွ ျမန္မာႏိုင္ငံသို႔ ေထာက္ပံ့ေပးအပ္သည့္ ယခုအႀကိမ္ ေဆးပစၥည္းကိရိယာမ်ားတြင္ တစ္ကိုယ္ရည္သုံး ေရာဂါကာကြယ္ေရးဝတ္စုံ (PPE) ၅၀၀၀ ၊ N95 ႏွာေခါင္းစည္း ၅၀၀၀ ႏွင့္ တစ္ခါသုံးႏွာေခါင္းစည္း ၂ သိန္းတို႔ပါဝင္ၿပီး စုစုေပါင္း တန္ခ်ိန္ ၂.၄၅ တန္ရွိေၾကာင္း ႏွင့္ ယခုအႀကိမ္မတိုင္မီ တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ COVID-19 ဗိုင္းရပ္စ္ပိုးဓာတ္ခြဲစစ္ေဆးေရးကိရိယာ ၂၀၀၀ ေက်ာ္ႏွင့္ ႏွာေခါင္းစည္း စသည့္ေဆးပစၥည္း ကိရိယာမ်ား ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။
က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန ေဆးသုေတသန ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡေဒါက္တာေဇာ္သန္းထြန္းက "ဒီလိုအလြန္အေရးႀကီးတဲ့ အခ်ိန္မွာ ဆရာတို႔ တိုင္းျပည္အတြက္ ၊ ျပည္သူျပည္သားေတြ အတြက္ ၊ ေရွ႕တန္းကေန တိုက္ပြဲဝင္ေနၾကတဲ့ က်န္းမာေရး ဝန္ထမ္းမ်ား အားလုံး အတြက္ကို လုံၿခဳံဖို႔ အတြက္ ကာကြယ္တဲ့ စက္ပစၥည္း ၊ ကာကြယ္တဲ့ ႏွာေခါင္းစည္း ၊ ေခါင္းစြပ္ေတြ ၊ Mask ေတြ ၊ ဝတ္႐ုံေတြ ၊ လက္အိတ္ေတြ ဒါေတြ အားလုံးကို လႉၿပီးေတာ့ ေရာဂါကို ရွာတဲ့အခါမွာ အလြန္ အေရးႀကီးတဲ့ Test Kit ေတြ ဒါေတြ အားလုံး လႉေနတာေၾကာင့္ ဆရာတို႔ တိုင္းျပည္ အတြက္ အလြန္အေရးႀကီးတဲ့ အခ်ိန္မွာ အခုလို အိမ္နီးခ်င္းေကာင္း ပီသစြာ တ႐ုတ္ႏိုင္ငံက အခုလိုမ်ိဳး လႉေပးတဲ့ အတြက္ အလြန္ပဲ ေက်းဇူးတင္တယ္ ဆိုတာကို ေျပာၾကားခ်င္ပါတယ္။”ဟု ေျပာၾကားခဲ့သည္။
တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံ၏ လက္ေတြ႕အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ားကို ေပါင္းစပ္သုံးသပ္၍ ျမန္မာႏိုင္ငံသို႔ အပူခ်ိန္တိုင္းကိရိယာ စသည့္ေဆးပစၥည္းကိရိယာမ်ား ပို႔ေဆာင္သြားရန္ စီစဥ္လ်က္ရွိၿပီး မၾကာမီတြင္ လႊဲေျပာင္း ေပးအပ္မည္ ျဖစ္ေၾကာင္း သိရသည္။ (Xinhua)

No comments:
Post a Comment