ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Saturday, March 28, 2020

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)

YBS ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ COVID-19 ရောဂါကူးစက်မှုမရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ COVID-19 ရောဂါကူးစက်မှုမရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကို မတ် ၂၈ ရက်တွင်ပြောသည်။
ဒေါက်တာမောင်အောင်က “ကျန်းမာရေးဝန်ကြီးဌာန ကပေးတဲ့ညွှန်ကြားချက် တွေ ကိုYRTA အနေနဲ့ ဖြန့်ဝေပေးတယ်။ YBS ယာဉ်လိုင်းတွေ ကိုသန့်ရှင်းရေးလုပ်ဖို့ ညွှန်ကြားထားတယ်။ YBS ယာဉ်လိုင်းတွေ က သူ့ဘာသာ သန့်ရှင်းရေးလုပ်နေပါတယ်။ လက်သန့်ဆေးရည် တွေ ထားပေးတယ်။ YCDC နဲ့ ပေါင်း ပြီး မှတ်တိုင်တွေ မှာ ဆေးဖျန်းဖို့လည်း ညှိနှိုင်းနေပါတယ်။ လက်ဆေး ဘေစင်တွေ ကို ဘတ်စ်ကားမှတ်တိုင်အများစုမှာ ထားပေးထားတယ်’’ ဟုပြောသည်။
YBS ယာဉ်လိုင်းကုမ္ပဏီများ အနေဖြင့်လည်း မော်တော်ယာဉ် တစ်စီး ထွက်ခွာမည်ဆိုပါက ခရီးစဉ် မှတ်တမ်းရေးသွင်းခြင်းစသည့် နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပုံမှန်အတိုင်း YRTA သို့ သတင်းပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ YRTA အနေဖြင့် COVID-19 ရောဂါကို တားဆီး ကာကွယ် နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊YBS ယာဉ်လိုင်းကုမ္ပဏီများရှိ မော်တော်ယာဉ်များမှာလည်း နေ့စဉ် ယာဉ်စီးရေစဉ်ဆက်မပြတ်စေရန် ပြေးဆွဲလျက်ရှိကြောင်း သိရ သည်။
YBS ၅၈ ယာဉ်လိုင်းမှ တာဝန်ရှိသူ ဦးလှဌေးက “YRTA က အဆင်မပြေတာ တွေ တင်ပြဆိုလို့ တင်ပြထားတာတွေ ရှိပါတယ်။ လက်ရှိကတော့ ကားတွေပေါ်မှာ ကျွန်တော်တို့ အနေနဲ့ ရုံးအပိုင်း၊ YBS အပိုင်း အပိုင်း ၂ ပိုင်း နဲ့ ဆောင်ရွက်နေပါတယ်။ Hand Gel တွေ ဖြန့်ဝေပေးတာ၊ လက်ဆေးဆပ်ပြာတွေပေးတာအပြင် အခုတိုးမြှင့်ပြီး ကားပေါ်မှာ အရက်ပျံဖျန်းတာတို့၊ ထိုင်ခုံတွေ မှာ ဒက်တောဖျန်းပေးတာတွေ လုပ်ပေးတယ်။ ရုံးပိုင်းမှာ ပိုက်ဆံရေတွက်တဲ့ ငွေပိုင်း လုပ်ပေးနေတယ်။ ပြည်သူတွေ ကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာ တွေ ဆောင်ရွက်နေပါတယ်။ ၂၃ ရက် လောက်ကစပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
COVID-19 ဖြစ်ပွားပြီးနောက် ခရီးသည် အရေအတွက် ၅၀ ရာခိုင်နှုန်းလျော့ကျသွားကြောင်း ဦးလှဌေးကဆိုသည်။
YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို မတ် ၂၇ ရက်မှ စ၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော်ကြာ ကင်းလွတ် ခွင့်ပြုထားကြောင်းလည်း ဒေါက်တာမောင်အောင် ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
--------------------------
(Zawgyi Version)
YBS ယာဥ္လိုင္းမ်ားအေနျဖင့္ ခရီးသည္မ်ား COVID-19 ေရာဂါကူးစက္မႈမရွိေစရန္ နည္းလမ္းေပါင္းစုံျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိ
ရန္ကုန္၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)
ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခရီးသည္တင္ ေျပးဆြဲ ေနသည့္ YBS ယာဥ္လိုင္းမ်ားအေနျဖင့္ ခရီးသည္မ်ား COVID-19 ေရာဂါကူးစက္မႈမရွိေစရန္ နည္းလမ္းေပါင္းစုံျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕(YRTA) အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္က ဆင္ဟြာကို မတ္ ၂၈ ရက္တြင္ေျပာသည္။
ေဒါက္တာေမာင္ေအာင္က “က်န္းမာေရးဝန္ႀကီးဌာန ကေပးတဲ့ၫႊန္ၾကားခ်က္ ေတြ ကိုYRTA အေနနဲ႔ ျဖန႔္ေဝေပးတယ္။ YBS ယာဥ္လိုင္းေတြ ကိုသန႔္ရွင္းေရးလုပ္ဖို႔ ၫႊန္ၾကားထားတယ္။ YBS ယာဥ္လိုင္းေတြ က သူ႔ဘာသာ သန႔္ရွင္းေရးလုပ္ေနပါတယ္။ လက္သန႔္ေဆးရည္ ေတြ ထားေပးတယ္။ YCDC နဲ႔ ေပါင္း ၿပီး မွတ္တိုင္ေတြ မွာ ေဆးဖ်န္းဖို႔လည္း ညႇိႏႈိင္းေနပါတယ္။ လက္ေဆး ေဘစင္ေတြ ကို ဘတ္စ္ကားမွတ္တိုင္အမ်ားစုမွာ ထားေပးထားတယ္’’ ဟုေျပာသည္။
YBS ယာဥ္လိုင္းကုမၸဏီမ်ား အေနျဖင့္လည္း ေမာ္ေတာ္ယာဥ္ တစ္စီး ထြက္ခြာမည္ဆိုပါက ခရီးစဥ္ မွတ္တမ္းေရးသြင္းျခင္းစသည့္ ေန႔စဥ္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားကို ပုံမွန္အတိုင္း YRTA သို႔ သတင္းေပးပို႔ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ YRTA အေနျဖင့္ COVID-19 ေရာဂါကို တားဆီး ကာကြယ္ ႏိုင္ရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္ ခ်က္ႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊YBS ယာဥ္လိုင္းကုမၸဏီမ်ားရွိ ေမာ္ေတာ္ယာဥ္မ်ားမွာလည္း ေန႔စဥ္ ယာဥ္စီးေရစဥ္ဆက္မျပတ္ေစရန္ ေျပးဆြဲလ်က္ရွိေၾကာင္း သိရ သည္။
YBS ၅၈ ယာဥ္လိုင္းမွ တာဝန္ရွိသူ ဦးလွေဌးက “YRTA က အဆင္မေျပတာ ေတြ တင္ျပဆိုလို႔ တင္ျပထားတာေတြ ရွိပါတယ္။ လက္ရွိကေတာ့ ကားေတြေပၚမွာ ကြၽန္ေတာ္တို႔ အေနနဲ႔ ႐ုံးအပိုင္း၊ YBS အပိုင္း အပိုင္း ၂ ပိုင္း နဲ႔ ေဆာင္႐ြက္ေနပါတယ္။ Hand Gel ေတြ ျဖန႔္ေဝေပးတာ၊ လက္ေဆးဆပ္ျပာေတြေပးတာအျပင္ အခုတိုးျမႇင့္ၿပီး ကားေပၚမွာ အရက္ပ်ံဖ်န္းတာတို႔၊ ထိုင္ခုံေတြ မွာ ဒက္ေတာဖ်န္းေပးတာေတြ လုပ္ေပးတယ္။ ႐ုံးပိုင္းမွာ ပိုက္ဆံေရတြက္တဲ့ ေငြပိုင္း လုပ္ေပးေနတယ္။ ျပည္သူေတြ ကို လက္ကမ္းစာေစာင္ေတြ ျဖန႔္ေဝေပးတာ ေတြ ေဆာင္႐ြက္ေနပါတယ္။ ၂၃ ရက္ ေလာက္ကစၿပီး ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ေနပါတယ္’’ ဟုဆင္ဟြာကိုေျပာသည္။
COVID-19 ျဖစ္ပြားၿပီးေနာက္ ခရီးသည္ အေရအတြက္ ၅၀ ရာခိုင္ႏႈန္းေလ်ာ့က်သြားေၾကာင္း ဦးလွေဌးကဆိုသည္။
YBS ယာဥ္လိုင္းကုမၸဏီမ်ားမွ YRTA ထံ ေပးသြင္းရသည့္ စီမံခန႔္ခြဲမႈရန္ပုံေငြကို မတ္ ၂၇ ရက္မွ စ၍ ဧၿပီ ၃၀ ရက္အထိ တစ္လေက်ာ္ၾကာ ကင္းလြတ္ ခြင့္ျပဳထားေၾကာင္းလည္း ေဒါက္တာေမာင္ေအာင္ ၏ ေျပာၾကားခ်က္အရ သိရသည္။ (Xinhua)

No comments:

Post a Comment