ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ဂျီနီဗာ၊ မတ် ၂၉ ရက်(ဆင်ဟွာ) / ဂ်ီနီဗာ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)

တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၄၈၉,၄၄၈ ဦးရှိပြီဖြစ်ကြောင်း WHO ပြောကြား
ဂျီနီဗာ၊ မတ် ၂၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၄၈၉,၄၄၈ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၂၈ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါဖြစ်ပွားမှု နေ့စဉ် အစီရင်ခံချက်များအရ မတ် ၂၈ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) နံနက် ၁၀ နာရီအထိ တရုတ်နိုင်ငံ ပြင်ပ၌ COVID-19 ရောဂါ အတည်ပြုလူနာသည် ပြီးခဲ့သောရက်ကထက် ၆၂,၃၆၂ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၄၈၉,၄၄၈ဦး ရှိပြီဖြစ်ကြောင်း နှင့်ထပ်ထိုးသေဆုံးသူ ၃,၁၅၆ ဦး ရှိရာ စုစုပေါင်း သေဆုံးသူ ၂၃,၁၉၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားသူသည် ပြီးခဲ့သောရက်ကထက် ၆၂,၅၁၄ ဦး ထပ်တိုးလာရာ စုစုပေါင်း အတည်ပြုလူနာ ၅၇၁,၆၇၈ ဦး ရှိကြောင်းနှင့် ထပ်တိုးသေဆုံးသူ ၃,၁၅၉ ဦးရှိရာ စုစုပေါင်း သေဆုံးသူ ၂၆,၄၉၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)
--------------------------------------
(Zawgyi Version)
တ႐ုတ္ႏိုင္ငံ ျပင္ပ၌ COVID-19 ေရာဂါ အတည္ျပဳလူနာ ၄၈၉,၄၄၈ ဦးရွိၿပီျဖစ္ေၾကာင္း WHO ေျပာၾကား
ဂ်ီနီဗာ၊ မတ္ ၂၉ ရက္(ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ျပင္ပတြင္ COVID-19 ေရာဂါ အတည္ျပဳလူနာ ၄၈၉,၄၄၈ ဦး ရွိၿပီျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)၏ မတ္ ၂၈ ရက္က ထုတ္ျပန္သည့္ ေနာက္ဆုံး ကိန္းဂဏန္းမ်ားအရ သိရသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေရာဂါျဖစ္ပြားမႈ ေန႔စဥ္ အစီရင္ခံခ်က္မ်ားအရ မတ္ ၂၈ ရက္ ဗဟိုဥေရာပ စံေတာ္ခ်ိန္(CET) နံနက္ ၁၀ နာရီအထိ တ႐ုတ္ႏိုင္ငံ ျပင္ပ၌ COVID-19 ေရာဂါ အတည္ျပဳလူနာသည္ ၿပီးခဲ့ေသာရက္ကထက္ ၆၂,၃၆၂ ဦး ထပ္တိုးခဲ့ရာ စုစုေပါင္းအတည္ျပဳလူနာ ၄၈၉,၄၄၈ဦး ရွိၿပီျဖစ္ေၾကာင္း ႏွင့္ထပ္ထိုးေသဆုံးသူ ၃,၁၅၆ ဦး ရွိရာ စုစုေပါင္း ေသဆုံးသူ ၂၃,၁၉၃ ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။
တစ္ကမာၻလုံးအတိုင္းအတာအရ COVID-19 ေရာဂါျဖစ္ပြားသူသည္ ၿပီးခဲ့ေသာရက္ကထက္ ၆၂,၅၁၄ ဦး ထပ္တိုးလာရာ စုစုေပါင္း အတည္ျပဳလူနာ ၅၇၁,၆၇၈ ဦး ရွိေၾကာင္းႏွင့္ ထပ္တိုးေသဆုံးသူ ၃,၁၅၉ ဦးရွိရာ စုစုေပါင္း ေသဆုံးသူ ၂၆,၄၉၄ ဦး ရွိေၾကာင္း သိရသည္။ (Xinhua)

No comments:

Post a Comment