ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Tuesday, March 31, 2020

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)

ဟိုက်ဒရောက်စီကလိုရိုကွင်းဆေးပြား နှင့် အက်ဇစ်သရိုမိုင်စင်ဆေးပြား တို့ ကို ဆရာဝန်လက်မှတ်ပါမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ သောက်သုံးခြင်းများ ပြုလုပ်ကြရန်ကြေညာချက်ထုတ်ပြန်
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
COVID-19 ကြောင့် ဈေးကွက်အတွင်းတွင် Hydroxychloroquine Tablet (ဟိုက်ဒရောက်စီကလိုရိုကွင်းဆေးပြား) နှင့် Azithromycin Tablet (အက်ဇစ်သရိုမိုင်စင်ဆေးပြား) တို့ ကို ဆရာဝန်လက်မှတ်ပါမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ သောက်သုံးခြင်းများ ပြုလုပ်ကြရန် မြန်မာနိုင်ငံ စားအသောက် နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ က မတ် ၂၉ ရက် တွင် အသိပေးကြေညာချက်ထုတ်ပြန်သည်။
WHO အနဖြင့် COVID-19 ကုသဖို့ စမ်းသပ် ဆေးများ စဉ်းစားရာတွင် အဓိက ထားစဉ်းစားသည့် ဆေး ၄မျိုးရှိကြောင်း၊ ၎င်းတို့မှာ ၁. Remdesevir- ရမ်ဒီဆာဘီယာ ဆေး၊၂. ငှက်ဖျားကုသရာတွင် အသုံးပြုသည့် chloroquine and hydroxychloroquine- ကလိုရိုကွင်း နဲ့ ဟိုက်ဒရောက်စီကလိုရိုကွင်း၊၃. HIV ကုသရေးတွင်ပါသည့် lopinavir and ritonavir၂မျိုးပေါင်းထားသည့် ဆေးနှင့် ၄. နံပတ် ၃ နဲ့ အတူပေါင်းစပ်ထားသည့် interferon-beta ဟုခေါ်သည့် immune system messenger- ခုခံအားတက်ရန် သုံးသည့် နေရာတွင် သုံးသည့် ဆေး များဖြစ်ကြောင်း သိရသည်။
ထို့ပြင် မည်သည့်ဆေးမဆို ဆရာဝန်ညွှန်ကြားချက်မရှိပဲ မသောက်သင့်ကြောင်း၊ ဆေးတိုင်းသည် သူ့ course နှင့်သူ သောက်ရခြင်းဖြစ်သည့်အတွက် မမှန်မကန်သောက်သုံးပါက ဆေးယဉ်တတ်ကြောင်း၊ ဆေးတိုင်းသည် side effect (ဘေးထွက်ဆိုးကျိုး)များရှိကြောင်း ဒေါက်တာစိုးကျော်က ဆိုသည်။
“တကယ်လို့ သာ WHO စမ်းသပ်ဆေးတွေ အောင်မြင်ခဲ့လို့ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ်သဘောနဲ့ ကိုယ် သောက်သုံးထားမိတဲ့ အတွက် ဆေးယဉ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့် ဆရာညွှန်ကြားချက်မရှိပဲ လုံးဝ မသောက်သင့်ပါဘူး။ တကယ်ထိရောက်ပြီလို့ ကြေညာတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ ကိုယ့်သဘောနဲ့ ကိုယ် သောက်ခဲ့လို့ ဆေးယဉ် ပါး သွားမှာ စိုးရိမ်လို့ ကိုယ်သဘောနဲ့ ကိုယ် ဘယ်သူမှ မသောက်ကြပါနဲ့ လို့ သတိပေးချင်ပါတယ်” ဟု ဒေါက်တာစိုးကျော် က သတိပေးစကားပြောကြားခဲ့သည်။
အဆိုပါ ဆေး ၂မျိုး အား ပြည်သူလူထုမှ မလိုလားအပ်ဘဲ ဝယ်ယူ သောက်သုံးခြင်း ပြုလုပ်နေကြသည့် အတွက် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ကြောင်း အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)
----------------------------------------
(Zawgyi Version)
ဟိုက္ဒေရာက္စီကလို႐ိုကြင္းေဆးျပား ႏွင့္ အက္ဇစ္သ႐ိုမိုင္စင္ေဆးျပား တို႔ ကို ဆရာဝန္လက္မွတ္ပါမွ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ေသာက္သုံးျခင္းမ်ား ျပဳလုပ္ၾကရန္ေၾကညာခ်က္ထုတ္ျပန္
ရန္ကုန္၊ မတ္ ၂၉ ရက္ (ဆင္ဟြာ)
COVID-19 ေၾကာင့္ ေဈးကြက္အတြင္းတြင္ Hydroxychloroquine Tablet (ဟိုက္ဒေရာက္စီကလို႐ိုကြင္းေဆးျပား) ႏွင့္ Azithromycin Tablet (အက္ဇစ္သ႐ိုမိုင္စင္ေဆးျပား) တို႔ ကို ဆရာဝန္လက္မွတ္ပါမွ ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္း၊ ေသာက္သုံးျခင္းမ်ား ျပဳလုပ္ၾကရန္ ျမန္မာႏိုင္ငံ စားအေသာက္ ႏွင့္ ေဆးဝါးအာဏာပိုင္အဖြဲ႕ က မတ္ ၂၉ ရက္ တြင္ အသိေပးေၾကညာခ်က္ထုတ္ျပန္သည္။
WHO အနျဖင့္ COVID-19 ကုသဖို႔ စမ္းသပ္ ေဆးမ်ား စဥ္းစားရာတြင္ အဓိက ထားစဥ္းစားသည့္ ေဆး ၄မ်ိဳးရွိေၾကာင္း၊ ၎တို႔မွာ ၁. Remdesevir- ရမ္ဒီဆာဘီယာ ေဆး၊၂. ငွက္ဖ်ားကုသရာတြင္ အသုံးျပဳသည့္ chloroquine and hydroxychloroquine- ကလို႐ိုကြင္း နဲ႔ ဟိုက္ဒေရာက္စီကလို႐ိုကြင္း၊၃. HIV ကုသေရးတြင္ပါသည့္ lopinavir and ritonavir၂မ်ိဳးေပါင္းထားသည့္ ေဆးႏွင့္ ၄. နံပတ္ ၃ နဲ႔ အတူေပါင္းစပ္ထားသည့္ interferon-beta ဟုေခၚသည့္ immune system messenger- ခုခံအားတက္ရန္ သုံးသည့္ ေနရာတြင္ သုံးသည့္ ေဆး မ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ မည္သည့္ေဆးမဆို ဆရာဝန္ၫႊန္ၾကားခ်က္မရွိပဲ မေသာက္သင့္ေၾကာင္း၊ ေဆးတိုင္းသည္ သူ႔ course ႏွင့္သူ ေသာက္ရျခင္းျဖစ္သည့္အတြက္ မမွန္မကန္ေသာက္သုံးပါက ေဆးယဥ္တတ္ေၾကာင္း၊ ေဆးတိုင္းသည္ side effect (ေဘးထြက္ဆိုးက်ိဳး)မ်ားရွိေၾကာင္း ေဒါက္တာစိုးေက်ာ္က ဆိုသည္။
“တကယ္လို႔ သာ WHO စမ္းသပ္ေဆးေတြ ေအာင္ျမင္ခဲ့လို႔ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ကိုယ္သေဘာနဲ႔ ကိုယ္ ေသာက္သုံးထားမိတဲ့ အတြက္ ေဆးယဥ္ေနခဲ့ရင္ ဘယ္လိုလုပ္မလဲ။ ဒါေၾကာင့္ ဆရာၫႊန္ၾကားခ်က္မရွိပဲ လုံးဝ မေသာက္သင့္ပါဘူး။ တကယ္ထိေရာက္ၿပီလို႔ ေၾကညာတဲ့ အခ်ိန္မွာ ျမန္မာႏိုင္ငံမွာ ကိုယ့္သေဘာနဲ႔ ကိုယ္ ေသာက္ခဲ့လို႔ ေဆးယဥ္ ပါး သြားမွာ စိုးရိမ္လို႔ ကိုယ္သေဘာနဲ႔ ကိုယ္ ဘယ္သူမွ မေသာက္ၾကပါနဲ႔ လို႔ သတိေပးခ်င္ပါတယ္” ဟု ေဒါက္တာစိုးေက်ာ္ က သတိေပးစကားေျပာၾကားခဲ့သည္။
အဆိုပါ ေဆး ၂မ်ိဳး အား ျပည္သူလူထုမွ မလိုလားအပ္ဘဲ ဝယ္ယူ ေသာက္သုံးျခင္း ျပဳလုပ္ေနၾကသည့္ အတြက္ ေဘးထြက္ဆိုးက်ိဳးမ်ားစြာရွိႏိုင္ေၾကာင္း အသိေပးေၾကညာခ်က္ထဲတြင္ပါရွိသည္။ (Xinhua)

No comments:

Post a Comment