ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Saturday, March 28, 2020

အယ်လ်ဂျီးယားစ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) / အယ္လ္ဂ်ီးယားစ္၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)

တရုတ်နိုင်ငံက အယ်လ်ဂျီးရီးယားနိုင်ငံအား COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့
အယ်လ်ဂျီးယားစ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
အယ်လ်ဂျီးရီးယားနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာအကူအညီများ တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် မတ် ၂၇ ရက်က အယ်လ်ဂျီးယားစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ရှိသော ဆေးဘက်အထောက်အကူပြုပစ္စည်းများအား တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယားရင်းကော်ပိုရေးရှင်း (CSCEC) မှ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
လေဆိပ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ လှူဒါန်းခြင်းအခမ်းအနားသို့ အယ်လ်ဂျီးရီးယားနိုင်ငံ အဆင့်မြင့်အရာရှိကြီးများ၊ အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် လီလျန်ဟဲနှင့် အယ်လ်ဂျီးရီးယားနိုင်ငံရှိ CSCEC ရုံးခွဲမန်နေဂျာ ကျိုးဆန်းတို့ တက်ရောက်ခဲ့ကြသည်။
ပထမအသုတ်အဖြစ် ရောက်ရှိလာသည့် လှူဒါန်းမှုတွင် နှာခေါင်းစည်း အခုရေ ၅၀၀,၀၀၀ ၊ N95 နှာခေါင်းစည်း အခုရေ ၅၀,၀၀၀ နှင့် အထူးကြပ်မတ်ကုသဆောင်အတွက် ကျန်းမာရေးအကာအကွယ်ဝတ်စုံနှင့် မျက်နှာဖုံးများ ပါဝင်သော အသက်ရှူစက်များ အစုံ ၂,၀၀၀ အပြင် အသက်ရှူစက်များလည်း ပါရှိကြောင်း သိရသည်။
“တရုတ်နိုင်ငံ အစိုးရ၊ ပြည်သူလူထုနဲ့ ပုဂ္ဂလိကအလှူရှင်ဖောင်ဒေးရှင်းများ၊ အယ်လ်ဂျီးရီးယားနဲ့ တရုတ် နှစ်နိုင်ငံအခြေစိုက် တရုတ်ကုမ္ပဏီများနဲ့ အယ်လ်ဂျီးရီးယားမှာနေတဲ့ တရုတ်နိုင်ငံသားတွေက အယ်လ်ဂျီးရီးယားမှာ COVID-19 ပျံ့နှံ့မှုတိုက်ဖျက်ရန် အားထုတ်မှုတွေမှာ ပါဝင်ကူညီဖို့ အသင့်ရှိနေကြပါတယ်” ဟု အယ်လ်ဂျီးရီယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက ပြောခဲ့သည်။
အယ်လ်ဂျီးရီးယားနိုင်ငံတွင် မတ် ၂၇ ရက်အထိ COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာ ၄၀၉ ဦးရှိကြောင်းနှင့် သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ကြေညာခဲ့သည်။ (Xinhua)
……………………………
(Zawgyi Version)
တ႐ုတ္ႏိုင္ငံက အယ္လ္ဂ်ီးရီးယားႏိုင္ငံအား COVID-19 တိုက္ဖ်က္ေရးအတြက္ ကူညီရန္ ေဆးဘက္ဆိုင္ရာ အကူအညီမ်ား ေပးပို႔
အယ္လ္ဂ်ီးယားစ္၊ မတ္ ၂၈ ရက္ (ဆင္ဟြာ)
အယ္လ္ဂ်ီးရီးယားႏိုင္ငံတြင္ ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ပ်ံ႕ႏွံ႔မႈ တိုက္ဖ်က္ေရးအတြက္ တ႐ုတ္ႏိုင္ငံ၏ ကူညီမႈတစ္စိတ္တစ္ပိုင္းအျဖစ္ ေဆးဘက္ဆိုင္ရာအကူအညီမ်ား တင္ေဆာင္လာသည့္ ေလယာဥ္တစ္စင္းသည္ မတ္ ၂၇ ရက္က အယ္လ္ဂ်ီးယားစ္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၄၅၀,၀၀၀ ရွိေသာ ေဆးဘက္အေထာက္အကူျပဳပစၥည္းမ်ားအား တ႐ုတ္ႏိုင္ငံ ေဆာက္လုပ္ေရး အင္ဂ်င္နီယားရင္းေကာ္ပိုေရးရွင္း (CSCEC) မွ လႉဒါန္းခဲ့ျခင္း ျဖစ္သည္။
ေလဆိပ္တြင္ ျပဳလုပ္ခဲ့သည့္ အဆိုပါ လႉဒါန္းျခင္းအခမ္းအနားသို႔ အယ္လ္ဂ်ီးရီးယားႏိုင္ငံ အဆင့္ျမင့္အရာရွိႀကီးမ်ား၊ အယ္လ္ဂ်ီးရီးယားႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ လီလ်န္ဟဲႏွင့္ အယ္လ္ဂ်ီးရီးယားႏိုင္ငံရွိ CSCEC ႐ုံးခြဲမန္ေနဂ်ာ က်ိဳးဆန္းတို႔ တက္ေရာက္ခဲ့ၾကသည္။
ပထမအသုတ္အျဖစ္ ေရာက္ရွိလာသည့္ လႉဒါန္းမႈတြင္ ႏွာေခါင္းစည္း အခုေရ ၅၀၀,၀၀၀ ၊ N95 ႏွာေခါင္းစည္း အခုေရ ၅၀,၀၀၀ ႏွင့္ အထူးၾကပ္မတ္ကုသေဆာင္အတြက္ က်န္းမာေရးအကာအကြယ္ဝတ္စုံႏွင့္ မ်က္ႏွာဖုံးမ်ား ပါဝင္ေသာ အသက္ရႉစက္မ်ား အစုံ ၂,၀၀၀ အျပင္ အသက္ရႉစက္မ်ားလည္း ပါရွိေၾကာင္း သိရသည္။
“တ႐ုတ္ႏိုင္ငံ အစိုးရ၊ ျပည္သူလူထုနဲ႔ ပုဂၢလိကအလႉရွင္ေဖာင္ေဒးရွင္းမ်ား၊ အယ္လ္ဂ်ီးရီးယားနဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံအေျခစိုက္ တ႐ုတ္ကုမၸဏီမ်ားနဲ႔ အယ္လ္ဂ်ီးရီးယားမွာေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြက အယ္လ္ဂ်ီးရီးယားမွာ COVID-19 ပ်ံ႕ႏွံ႔မႈတိုက္ဖ်က္ရန္ အားထုတ္မႈေတြမွာ ပါဝင္ကူညီဖို႔ အသင့္ရွိေနၾကပါတယ္” ဟု အယ္လ္ဂ်ီးရီယားႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီးက ေျပာခဲ့သည္။
အယ္လ္ဂ်ီးရီးယားႏိုင္ငံတြင္ မတ္ ၂၇ ရက္အထိ COVID-19 ျဖစ္ပြားေၾကာင္း အတည္ျပဳလူနာ ၄၀၉ ဦးရွိေၾကာင္းႏွင့္ ေသဆုံးသူ ၂၆ ဦးရွိေၾကာင္း က်န္းမာေရးအာဏာပိုင္မ်ားက ေၾကညာခဲ့သည္။ (Xinhua)

No comments:

Post a Comment