ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) / ဘန္ေကာက္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ရထားစီးခရီးသည်များအားလုံး နှာခေါင်းစည်း ဝတ်ဆင်ရန် အမိန့်ထုတ်
ဘန်ကောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ ယနေ့ မတ် ၂၅ ရက်မှ စတင်၍ မိုးပျံရထား နှင့် မြေအောက်ရထားများ အပါအဝင် ရထားစီးနင်းသူ ခရီးသည်အားလုံးအနေဖြင့် နှာခေါင်းစည်း(Masks)များ ဝတ်ဆင်ရန် လိုအပ်ကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန website မှ သိရသည်။
နှာခေါင်းစည်း လိုအပ်သူများအတွက် ရထားဘူတာရုံ ဝင်ပေါက်များ၌ ဝယ်ယူရရှိနိုင်ကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအစီအမံသည် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ COVID-19 ရောဂါ ကူးစက်မှု ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လိုက်နာခြင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနကဆိုသည်။
သို့သော် ရထားစီးခရီးသည်များအနေဖြင့် ရထားပေါ်တွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ မနေကြရန် နှင့် ဘူတာရုံ ဝင်ပေါက်များတွင် ကိုယ်ပူချိန်တိုင်းတာမှုကို ခံယူကြရန် လိုအပ်ကြောင်းသိရသည်။ ယင်းအစီအမံသည် ထိုင်းနိုင်ငံအတွင်းရှိ ရထားပို့ဆောင်ရေးဝန်ဆောင်မှုအားလုံးနှင့်အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြု ဖြစ်ပွားသူ လူနာသစ် ၁၀၇ ဦး ရှိပြီး ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၃၄ ဦး အထိ ရှိလာခဲ့ကြောင် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။
လက်ရှိတွင် COVID-19 ရောဂါ ဆေးကုသမှုခံယူနေသူ လူနာပေါင်း ၈၆၀ ဦးရှိပြီး ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၀ ဦး နှင့် သေဆုံးသူ လေးဦးရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)
-----------------------------------------
(Zawgyi Version)
ထိုင္းႏိုင္ငံ၌ COVID-19 ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ရထားစီးခရီးသည္မ်ားအားလုံး ႏွာေခါင္းစည္း ဝတ္ဆင္ရန္ အမိန႔္ထုတ္
ဘန္ေကာက္ ၊ မတ္ ၂၅ ရက္(ဆင္ဟြာ)
ထိုင္းႏိုင္ငံ၌ ယေန႔ မတ္ ၂၅ ရက္မွ စတင္၍ မိုးပ်ံရထား ႏွင့္ ေျမေအာက္ရထားမ်ား အပါအဝင္ ရထားစီးနင္းသူ ခရီးသည္အားလုံးအေနျဖင့္ ႏွာေခါင္းစည္း(Masks)မ်ား ဝတ္ဆင္ရန္ လိုအပ္ေၾကာင္း ထိုင္းသယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာန website မွ သိရသည္။
ႏွာေခါင္းစည္း လိုအပ္သူမ်ားအတြက္ ရထားဘူတာ႐ုံ ဝင္ေပါက္မ်ား၌ ဝယ္ယူရရွိႏိုင္ေၾကာင္းလည္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ယင္းအစီအမံသည္ ျပည္သူ႔က်န္းမာေရး ဝန္ႀကီးဌာန၏ COVID-19 ေရာဂါ ကူးစက္မႈ ကာကြယ္တားဆီးေရး လမ္းၫႊန္ခ်က္ႏွင့္အညီ လိုက္နာျခင္းေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးဝန္ႀကီးဌာနကဆိုသည္။
သို႔ေသာ္ ရထားစီးခရီးသည္မ်ားအေနျဖင့္ ရထားေပၚတြင္ တစ္ဦးႏွင့္တစ္ဦး နီးကပ္စြာ မေနၾကရန္ ႏွင့္ ဘူတာ႐ုံ ဝင္ေပါက္မ်ားတြင္ ကိုယ္ပူခ်ိန္တိုင္းတာမႈကို ခံယူၾကရန္ လိုအပ္ေၾကာင္းသိရသည္။ ယင္းအစီအမံသည္ ထိုင္းႏိုင္ငံအတြင္းရွိ ရထားပို႔ေဆာင္ေရးဝန္ေဆာင္မႈအားလုံးႏွင့္အက်ဳံးဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံ၌ COVID-19 ေရာဂါ အတည္ျပဳ ျဖစ္ပြားသူ လူနာသစ္ ၁၀၇ ဦး ရွိၿပီး ေရာဂါ ျဖစ္ပြားသူ စုစုေပါင္း ၉၃၄ ဦး အထိ ရွိလာခဲ့ေၾကာင္ ျပည္သူ႔က်န္းမာေရး ဝန္ႀကီးဌာနက မတ္ ၂၅ ရက္တြင္ ေၾကညာခဲ့သည္။
လက္ရွိတြင္ COVID-19 ေရာဂါ ေဆးကုသမႈခံယူေနသူ လူနာေပါင္း ၈၆၀ ဦးရွိၿပီး ေရာဂါ သက္သာေပ်ာက္ကင္း၍ ေဆး႐ုံမွ ဆင္းခြင့္ရသူ ၇၀ ဦး ႏွင့္ ေသဆုံးသူ ေလးဦးရွိေၾကာင္း ဝန္ႀကီးဌာနထံမွ သိရသည္။(Xinhua)

No comments:

Post a Comment