ကြ်န္ေတာ့္ BLOG အားလာေရာက္ လည္ပါတ္သူမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါသည္။ AJ Phone 2 ဖုန္းဆိုင္ Sales & Service Center { တကူ - ျပည္ေအး ရပ္ကြက္ }

Wednesday, March 25, 2020

ဝူဟန့်၊ မတ် ၂၅ ရက် (ဆင်ဟွာ) / ဝူဟန႔္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)

ကပ်ရောဂါဆိုးကြီးကိုကျော်ဖြတ်ပြီးနောက် ဝူဟန့်မြို့တွင် လုပ်ငန်းများပုံမှန် အတိုင်း ပြန်လည် လည်ပတ်
ဝူဟန့်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် COVID-19 ကပ်ရောဂါဆိုးကြီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ကုမ္ပဏီ လုပ်ငန်းများအားလုံး ပုံမှန်အတိုင်းပြန်လည် စတင် လည်ပတ်နေပြီဖြစ်သည်။ မောင်းနှင်သူ နှင့် လိုက်ပါစီးနင်းသူများကို ကျန်းမာရေးစစ်ဆေးမှု ခဏတာပြုလုပ်ပြီးနောက်တွင် မော်တော်ယာဉ်များအား ဝူဟန့်မြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုခဲ့သည်။ ဘတ်စ်ကားစီးနင်းသူများ အနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်း အစိမ်းရောင် ကတ်ပြားကိုင်ဆောင်ကာ စီးနင်းနိုင်ပြီး နေ့စဉ် မော်တော်ယာဉ် အစင်းရေ ၃,၀၀၀ ခန့် အထိ မြို့အဝင်အထွက် ပြန်လည်ပြုလုပ်နေကြပြီဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ကြောင်း အစိမ်းရောင်ကတ် ကိုင်ဆောင်ထားသူတိုင်း မြို့အတွင်း ဝင်ထွက်သွားလာခွင့်ပြုထားသလို ပုံမှန်လုပ်ငန်းများလည်း ပြန်လည် လည်ပတ်နေကြပြီဖြစ်ကြောင်းသိရသည်။ (Xinhua)
-------------------------
(Zawgyi Version)
ကပ္ေရာဂါဆိုးႀကီးကိုေက်ာ္ျဖတ္ၿပီးေနာက္ ဝူဟန႔္ၿမိဳ႕တြင္ လုပ္ငန္းမ်ားပုံမွန္ အတိုင္း ျပန္လည္ လည္ပတ္
ဝူဟန႔္၊ မတ္ ၂၅ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံ ဝူဟန႔္ၿမိဳ႕တြင္ COVID-19 ကပ္ေရာဂါဆိုးႀကီးကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ ကုမၸဏီ လုပ္ငန္းမ်ားအားလုံး ပုံမွန္အတိုင္းျပန္လည္ စတင္ လည္ပတ္ေနၿပီျဖစ္သည္။ ေမာင္းႏွင္သူ ႏွင့္ လိုက္ပါစီးနင္းသူမ်ားကို က်န္းမာေရးစစ္ေဆးမႈ ခဏတာျပဳလုပ္ၿပီးေနာက္တြင္ ေမာ္ေတာ္ယာဥ္မ်ားအား ဝူဟန႔္ၿမိဳ႕အတြင္း ဝင္ထြက္သြားလာခြင့္ျပဳခဲ့သည္။ ဘတ္စ္ကားစီးနင္းသူမ်ား အေနျဖင့္ က်န္းမာေရးေကာင္းမြန္ေၾကာင္း အစိမ္းေရာင္ ကတ္ျပားကိုင္ေဆာင္ကာ စီးနင္းႏိုင္ၿပီး ေန႔စဥ္ ေမာ္ေတာ္ယာဥ္ အစင္းေရ ၃,၀၀၀ ခန္႔ အထိ ၿမိဳ႕အဝင္အထြက္ ျပန္လည္ျပဳလုပ္ေနၾကၿပီျဖစ္သည္။ က်န္းမာေရးေကာင္းမြန္ေၾကာင္း အစိမ္းေရာင္ကတ္ ကိုင္ေဆာင္ထားသူတိုင္း ၿမိဳ႕အတြင္း ဝင္ထြက္သြားလာခြင့္ျပဳထားသလို ပုံမွန္လုပ္ငန္းမ်ားလည္း ျပန္လည္ လည္ပတ္ေနၾကၿပီျဖစ္ေၾကာင္းသိရသည္။ (Xinhua)

No comments:

Post a Comment